ဆော့ဖ်ဝဲ အပ်ဒိတ်တစ်ခုတွင် ပါဝင်နိုင်သည်မှာ၊ သို့သော် ၎င်းတို့ဖြင့် မကန့်သတ်ပါ
သင့်ကိရိယာမှ အကောင်းဆုံးအရာများကို ရယူရန် သင့် ကိရိယာ ကို နောက်ဆုံးထုတ် အဆင့်သို့ မြှင့်ထားပြီး ဆော့ဖ်ဝဲ အပ်ဒိတ်များကို ပုံမှန် စစ်ဆေးပါ။
Galaxy A31 ( SM-A315F )
တည်ဆောက်နံပါတ် : A315FXXS5DXB1
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2024-02-22
လုံခြုံရေးကုစားမှု အဆင့် : 2024-02-01
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : A315FXXS4DWH1
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2023-08-21
လုံခြုံရေးကုစားမှု အဆင့် : 2023-08-01
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : A315FXXU2DWB3
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2023-03-08
လုံခြုံရေးကုစားမှု အဆင့် : 2023-02-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
ကိရိယာ အပြုအမူကို တိုးမြှင့်ထားပါသည်။
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : A315FXXS2DWA2
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2023-01-18
လုံခြုံရေးကုစားမှု အဆင့် : 2023-01-01
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : A315FXXU1DVG8
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2022-08-08
လုံခြုံရေးကုစားမှု အဆင့် : 2022-07-01
• သင့်ကိရိယာ၏ အလုံးစုံ တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1DVF1
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2022-07-04
လုံခြုံရေးကုစားမှု အဆင့် : 2022-04-01
• သင့်ကိရိယာ၏ အလုံးစုံ တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1DVD8
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2022-07-01
လုံခြုံရေးကုစားမှု အဆင့် : 2022-04-01
One UI 4.1 အဆင့်မြှင့်ခြင်း (အန်းဒရွိုက် 12)
One UI 4.1 သည် သင်၏ Galaxy ကိရိယာများအတွက် အင်္ဂါရပ်အသစ်များနှင့် မြှင့်တင်မှုများကို များပြားသော အခင်းအကျင်းအမျိုးမျိုးဖြင့် သင့်ထံယူဆောင်လာပါသည်။ ယခင်ကထက် အလိုလိုပိုသိတတ်လာသည်၊ ပိုပျော်စရာကောင်းလာသည်၊ ပိုမိုလုံ့ခြုံမှုရှိလာပြီး၊ သုံးရပိုလွယ်ကူလာသည်။
အရောင်စပ်အကွက်
သင့်နောက်ခံပုံရိပ်ပေါ် မူတည်၍ သီးသန့် အရောင်များဖြင့် သင့်ဖုန်းကို စိတ်ကြိုက်ပြုလုပ်ပါ။
ကိုယ်ရေးလုံခြုံမှု
ကြည့်ရမည့် ခွင့်ပြုချက်အချက်အလက်
အက်ပ်တစ်ခုစီက ခွင့်ပြုချက် အသုံးပြုမှုတွင် တည်နေရာ၊ ကင်မရာ သို့မဟုတ် မိုက်ခရိုဖုန်းကဲ့သို့ ထိခိုက်လွယ်သော ခွင့်ပြုချက်များကို သုံးစွဲချိန်ကို ကြည့်လိုက်ပါ။
ကင်မရာနှင့် မိုက်ခရိုဖုန်း အချက်ပြမီးများ
မည်သည့်အက်ပ်မဆို ကင်မရာ သို့မဟုတ် မိုက်ခရိုဖုန်းကို အသုံးပြုသောအခါ အသုံးပြုချိန်တွင် စခရင်၏ အပေါ်ညာဘက်ထောင့်၌ တွင် အစိမ်းရောင်အစက်လေး ပေါ်လာလိမ့်မည်။
ဆမ်ဆောင်း ကီးဘုတ်
GIF များ၊ အီမိုဂျီများနှင့် စတစ်ကာများသို့  စတစ်ကာများကို အမြန် ဝင်ရောက်သုံးစွဲခွင့်
သင့်အီမိုဂျီများ၊ GIF များနှင့် စတစ်ကာများကို ခလုတ်တစ်ခုတည်းဖြင့် ကီးဘုတ်မှ တိုက်ရိုက် ရယူပါ။
သရုပ်ဖော်ထားသော အီမိုဂျီ အတွဲများ
အီမိုဂျီနှစ်ခုကို အတူတကွ ပေါင်းစပ်ထားပါ၊ ထို့နောက် သင့်ခံစားချက်များကို အမှန်တကယ် ရရှိဖို့ သရုပ်ဖော်မှုကို ထည့်ပါ။
စာရေး အကူ
Grammarly (အင်္ဂလိပ်ဘာသာလိုသာ) မှက ပံ့ပိုးကူညီအားဖြည့်ထားသည့် စာရေး အကူ အသစ်ဖြင့် သင်၏ သဒ္ဒါနှင့် စာလုံးပေါင်းကို ပြီးပြည့်စုံစေလိုက်ပါ။
ပင်မ ဖန်သားပြင်
ဝဒ်ဂျက် ဒီဇိုင်း အသစ်
တစ်ချက်လေးကြည့်ရုံဖြင့် မြင်နိုင်သည့် အချက်အလက်နှင့် ပို၍ တစ်သတ်မတ်တည်းရှိသည့် စတိုင်ဖြင့် ဝဒ်ဂျက်ကို ယခင်ကထက် ပိုကြည့်ကောင်းလာပါသည်။
ပိုလွယ်ကူသော ဝဒ်ဂျက် ရွေးချယ်မှု
အက်ပ်တစ်ခုစီမှ ရနိုင်သည့် အရာများကို မြင်တွေ့ရန် ဝဒ်ဂျက် စာရင်းမှတဆင့် လှိမ့်ဆွဲနိုင်ပါသည်။ စမ်းကြည့်ရန် အသုံးဝင်သော ဝဒ်ဂျက်များအတွက်လည်း အကြံပြုချက်များ ရရှိပါမည်။
သော့ပိတ် ဖန်သားပြင်
သင်အလိုရှိသည့်နေရာကို နားထောင်ပါ
သော့ပိတ် ဖန်သားပြင်မှနေ၍ ထွက်ပေါ်လာသော အသံများကို နားကြပ်များမှ သင့်ဖုန်းစပီကာများသို့ ကူးပြောင်းပါ။
အသံဖမ်းခြင်း
သင့်ဖုန်းကို သော့ဖွင့်စရာမလိုဘဲ အသံမီမိုကို မှတ်တမ်းတင်ပါ။
ပြက္ခဒိန်နှင့် ချက်ချင်း လုပ်ငန်းအစီအစဉ်
သော့ပိတ် ဖန်သားပြင်ပေါ်ရှိ ကျန်ရှိလအတွက် သင့်ပြက္ခဒိန်နှင့်အတူ ယနေ့ လုပ်ငန်းအစီအစဉ်ကို စစ်ဆေးပါ။
ကင်မရာ
ပိုမိုကြည်လင်သော ဓာတ်ပုံ အနေအထား
အလင်းနည်းပါက သို့မဟုတ် စာရွက်စာတမ်းကို သင်စကန်ဖတ်နေပါက ရှုခင်း ချိန်ညှိမှု ခလုတ်က ဓာတ်ပုံ အနေအထားတွင်သာ ပေါ်လာပါသည်။
ပိုမိုကြည့်လင်သော ချုံ့ချဲ့ ပမာဏများ
မှန်ဘီလူး သင်္ကေတသည် ပုံကြီးချဲ့ပမာဏကို ပြသသောကြောင့် သင်ဘယ်လောက် ဇူးမ်ချဲ့ထားသလဲကို သင်မြင်နိုင်ပါသည်။
ဗီဒီယိုအမြန် ရိုက်ကူးမှု
ဓာတ်ပုံ အနေအထားတွင်၊ ဗီဒီယိုအမြန် ရိုက်ကူးမှုကို စတင်ရန် ရှတ္တာ ခလုတ်ကို ထိနှိပ်ထားနိုင်ပါသည်၊ ထို့နောက် ရှတ္တာကို ထိနှိပ်ထားစရာမလိုဘဲ ဆက်လက် ရိုက်ကူးရန် သော့ သင်္ကေတဆီသို့ သင့်လက်ချောင်းကို ဆွဲသွားနိုင်ပါသည်။
ပရို ဓာတ်ပုံ
ပရို အနေအထားတွင် ပိုရှင်းလင်းသော သွင်ပြင်က ရိုက်ချက်အပေါ် အာရုံစိုက်နိုင်စေရန် ကူညီပေးပြီး အဆင့်အသစ် အချက်ပြမီးများသည် ရိုက်ချက်များကို ဟန်ချက်ညီစေရန် ကူညီပေးပါသည်။
ပြခန်း
တိုးမြှင့်ထားသော ဇာတ်ကြောင်းများ
အလိုအလျောက်ဖန်တီးထားသော ဟိုက်လိုက် ဗီဒီယိုများကို အကြောင်းအရာ တစ်ခုချင်းစီထိပ်တွင် ပြကွက်ကို နှိပ်ရုံဖြင့် ကြည့်နိုင်သည်။ သင့်ဇာတ်ကြောင်းများတွင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည့်နေရာကို မြေပုံအသစ် ပြသမှုတွင်လည်း သင်လေ့လာကြည့်ရှုနိုင်ပါသည်။
ပိုလွယ်ကူသော အယ်လ်ဘမ်များ
အယ်လ်ဘမ်များကို ၎င်းတို့ ပုံနှင့် ဗီဒီယိုမည်မျှပါသည်အလိုက် စဉ်ပါ။ သင် အယ်လ်ဘမ်တစ်ခုကို ကြည့်သောအခါ စခရင်ထိပ်တွင် ကာဗာ ရုပ်ပုံလည်း ပေါ်နေမည်ဖြစ်သည်။
အချက်အလက်များအပေါ် ပိုများသော ထိန်းချုပ်မှု
သင့်ရုပ်ပုံများ၏ ရက်စွဲ၊ အချိန်နှင့် တည်နေရာကို အမှန်ပြင်ရန် ၎င်းတို့ကို ပြောင်းလဲပါ သို့မဟုတ် ဖယ်ရှားပါ သို့မဟုတ် သီးသန့် သိမ်းထားပါ။
ဓါတ်ပုံနှင့် ဗီဒီယို တည်းဖြတ်
အီမိုဂျီများနှင့် စတစ်ကာများ
ရှက်တတ်သော သူငယ်ချင်း၏ မျက်နှာကို ဖုံးအုပ်ရန် အီမိုဂျီတစ်ခုကို သုံးပါ သို့မဟုတ် ပျော်စရာ ဓါတ်ပုံများနှင့် ဗီဒီယိုများ ဖန်တီးရန် စတစ်ကာများ ထည့်ပါ။
အလင်းထိန်းချုပ်မှု
အလင်းချိန်ညှိခြင်း အင်္ဂါရပ်အသစ်က အမိုက်စား သွင်ပြင်ဖြစ်စေရန် အသေးစိတ်အားလုံးကို ဆွဲထုတ်ယူနိုင်အောင် ကူညီပေးပါသည်။
မူရင်းကို ဘယ်တော့မှ မဆုံးရှုံးတော့ပါ
သင့်ရုပ်ပုံများနှင့် ဗီဒီယိုများကို သိမ်းဆည်းပြီးနောက် ၎င်းတို့၏ မူလဗားရှင်းများသို့ ယခု ပြန်ပြောင်းနိုင်ပါသည် သို့မဟုတ် မူရင်းနှင့် တည်းဖြတ်ထားသော ဗားရှင်းနှစ်ခုလုံးကို သိမ်းဆည်းရန် ၎င်းတို့ကို မိတ္တူများအဖြစ် သိမ်းဆည်းနိုင်ပါသည်။
AR ရုပ်ပြောင်ပုံ
သင့်ပရိုဖိုင်ကို တန်ဆာဆင်ပေးပါ
AR ရုပ်ပြောင်ပုံကို သင့်ပရိုဖိုင်ပုံအဖြစ် အဆက်အသွယ်များနှင့် Samsung account တွင် အသုံးပြုပါ။
မျက်နှာ စတစ်ကာများ
သင့်အီမိုဂျီ မျက်နှာ၏ စတစ်ကာအသစ်များဖြင့် သင့်အီမိုဂျီဖြစ်အောင် ဟန်ဆောင်လိုက်ပါ။
တစ်ညလုံးကနေလိုက်ပါ
သင်၏ အီမိုဂျီကို အမျိုးအစား ၁၀ခုမှ လှုပ်ရှားမှုများဖြင့် ကနေအောင်လုပ်လိုက်ပါ # ပျော်စရာ #ချစ်စရာ နှင့် #ပါတီ အပါအဝင်။
သင့်ကိုယ်ပိုင် အဝတ်များကို ဒီဇိုင်းထွင်ပါ
သင့် AR ရုပ်ပြောင်ပုံများအတွက် တစ်မူထူးခြားသော အဝတ်များကို ဖန်တီးရန် သင့်ကိုယ်ပိုင် ရေးဆွဲချက်များကို အသုံးပြုပါ။
မျှဝေခြင်း
နောက်ထပ် စိတ်ကြိုက်ပြုလုပ်ခြင်း
ရှုပ်ပွနေခြင်း မဖြစ်စေရန်နှင့် သင်ပုံမှန်အသုံးပြုသည့် အက်ပ်များပေါ်သာ အာရုံစိုက်နိုင်စေရန် ပါဝင်သည့်အရာကို သင်မျှဝေသောအခါ ပေါ်လာသည့် အက်ပ်များ၏ စာရင်းကို သင်စိတ်ကြိုက်လုပ်ပါ။
ပိုလွယ်ကူသော ခရီးလမ်းညွှန်
သင်မျှဝေသောအခါ အက်ပ်များနှင့် အဆက်အသွယ်များမှတဆင့် ဆွဲရွှေ့ရန် ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။
ဓာတ်ပုံ မျှဝေခြင်း
ဓာတ်ပုံကို သင်မျှဝေသောအခါ၊ ဆုံချက်မမှန်တာဖြစ်စေ ဒါမှမဟုတ် ဘောင်မဝင်တာဖြစ်စေ၊ သင့်ကို အသိပေးပြီး ပြင်ဆင်ရန် အကြံပြုချက်များ ပေးပါမည်။
ပြက္ခဒိန်
အမြန်ထည့် အထူးအခါသမယများ
သင့်ပြက္ခဒိန်တွင်းသို့ တစ်စုံတစ်ခုကို အမြန် ထည့်သွင်းရန် လိုအပ်ပါသလား။ ခေါင်းစဉ်တစ်ခု ထည့်ပြီးနောက် သင်ပြီးသွားပါပြီ။
ဖျက်ပစ်ထားသော အထူးအခါသမယများကို ပြန်လည်ရယူပါ
သင်ဖျက်ပစ်လိုက်သော အထူးအခါသမယများသည် အမှိုက်တွင် ရက် ၃၀ ရှိနေမည်ဖြစ်သည်။
အခြားအရာများဖြင့် မျှဝေပါ
သင့်ပြက္ခဒိန်များကို အခြား Galaxy အသုံးပြုသူများနှင့် မျှဝေရန် ယခု ပိုလွယ်ကူလာပါသည်။
Samsung Internet
ပင်မ ဖန်သားပြင်မှ ရှာဖွေပါ
ရှာဖွေမှု ဝဒ်ဂျက် အသစ်က ပင်မ ဖန်သားပြင်မှနေ၍ သင်ရှာဖွေနေသည့်အရာများကို ရှာဖွေနိုင်စေရန် ကူညီပေးပါသည်။
လျှို့ဝှက် အနေအထားဖြင့် စတင်ပါ
သင်၏ နောက်ဆုံး ဝင်ရောက်ရှာဖွေမှု အပိုင်းအတွင်း လျှို့ဝှက် အနေအထားကို သင်အသုံးပြုနေခဲ့ပါက Samsung Internet သည် လျှို့ဝှက် အနေအထားတွင် အလိုအလျောက် စတင်ပါမည်။
ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု
ဘက်ထရီနှင့် လုံခြုံရေးကို တစ်ချက်ကြည့်လိုက်ပါ
ဘက်ထရီနှင့် လုံခြုံရေး ကိစ္စရပ်များသည် ပင်မစခရင်ပေါ်တွင် ပေါ်လာမည်ဖြစ်၍ ပြဿနာများကို သင်မြန်ဆန်စွာ ဖြေရှင်းနိုင်ပါသည်။
သင့်ဖုန်း၏ အလုံးစုံ အခြေအနေကို နားလည်ပါ
သင့်ဖုန်း၏ အလုံးစုံ အခြေအနေကို အီမိုဂျီအဖြစ် ပြသပေးသောကြောင့်၊ သင်ချက်ချင်း သင်နားလည်နိုင်ပါသည်။
ချွတ်ယွင်းချက်ရှာခြင်း စစ်ဆေးမှုများ
Samsung Members ချွတ်ယွင်းချက် ရှာခြင်းကို ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှုမှဝင်ရောက်ပါ။ သင့်ဖုန်းတွင် ပြဿနာတစ်ခုခု ရှိနေသည်ဟု သိရန် ချွတ်ယွင်းချက်ရှာဖွေရေး စစ်ဆေးမှုများ ပြုလုပ်ကြည့်ပြီး ဖြေရှင်းရန်အတွက် အကြံပြုချက်များ ရယူပါ။
Samsung Health
လုံးဝ ဒီဇိုင်းအသစ်
စခရင်၏ အောက်ခြေတွင် တဘ်လေးခုရှိသောကြောင့် သင်လိုအပ်သည့်အရာတိုင်းကို အလွယ်တကူ ရနိုင်ပါသည်။
ကျွန်ုပ်၏ စာမျက်နှာ
သင်၏ ကျန်းမာရေး အခြေအနေ၊ အောင်မြင်မှုများ၊ ကိုယ်ပိုင် အကောင်းဆုံးများနှင့် တိုးတက်မှုအဆင့်ဆင့်၏ အကျဉ်းချုပ်ကို ကျွန်ုပ်၏ စာမျက်နှာ တဘ်တွင် ရယူပါ။
သင့်သူငယ်ချင်းများကို စိန်ခေါ်ပါ
စိန်ခေါ်ချက်ကို အတူတကွ စတင်ခြင်းက ယခင်ကထက် ပိုလွယ်ကူပါသည်။ လင့်ခ်တစ်ခုပေးပို့ခြင်းဖြင့် သူငယ်ချင်းများကို ဖိတ်ပါ။
သုံးခွင့်ရမှု
သင်လိုအပ်ချိန်တွင် အမြဲတမ်း အသင့်ရှိနေပါသည်
အမြဲတမ်း ရှိနေသည့် လွင့်မျောခလုတ်ဖြင့် သုံးခွင့်ရမှု အင်္ဂါရပ်များကို ပို၍ လျင်မြန်စွာ အသုံးပြုပါ။
မောက်စ် လက်ဟန်ခြေဟန်များ
စခရင်၏ ထောင့် 4 ဘက်မှ တစ်ဖက်သို့ သင့်မောက်စ် ပွိုင်တာကို ရွှေ့ခြင်းဖြင့် လုပ်ဆောင်ချက်များကို ပို၍ လျင်မြန်စွာ ပြုလုပ်ပါ။
သင့်စခရင်ကို ချက်ချင်း ချိန်ညှိပါ
စိတ်ကြိုက် ပြသချက် မုဒ် (ပိုပြတ်သားသော သို့မဟုတ် ပိုကြီးမားသော ပြသချက်) ဖြင့် တစ်ချိန်တည်းတွင် မြင်သာမှုနှင့် အရွယ်အစားကို ချိန်ညှိပါ။
မျက်လုံးသက်သာမှု
သင့်မျက်လုံး သက်သာစေရန် ပြတ်သားစွာမြင်နိုင်မှုကိုလျော့ချခြင်း သို့မဟုတ် ဝါးခြင်းပြုလုပ်နိုင်သည်။
နောက်ထပ် အင်္ဂါရပ်များနှင့် တိုးမြှင့်မှုများ
ပိုကောင်းသော Always On Display
ကြေညာအသိပေးချက် တစ်ခု ရရှိချိန်တိုင်းတွင် Always On Display ကို ဖွင့်ရန် သတ်မှတ်နိုင်ပါသည်။
တိုးမြှင့်ထားသော အမှောင်မုဒ်
အမှောင်မုဒ်သည် ယခု နောက်ခံပုံရိပ်များနှင့် သင်္ကေတများကို အလိုအလျောက် မှိန်စေသည်။ Samsung apps တွင် ဖော်ပြချက်များသည် ယခုအခါ အမှောင်မုဒ်ဗားရှင်းဖြင့် ပိုမှောင်သောအရောင်များရှိသည်။
ဘေးကင်းစိတ်ချရမှုနှင့် အရေးပေါ် မီနူး
သတ်မှတ်ချက်များရှိ ဘေးကင်းစိတ်ချရမှုနှင့် အရေးပေါ် မီနူးအသစ်သည် သင်၏ အရေးပေါ် အဆက်အသွယ်များနှင့် ဘေးကင်းစိတ်ချရမှု အချက်အလက်အားလုံးကို တစ်နေရာတည်းတွင် စီမံခန့်ခွဲနိုင်စေပါသည်။
သင့်မျက်လုံးများကို လမ်းပေါ်တွင်ထားပါ
သင်၏ ဒစ်ဂျစ်တယ် သုံးမှုကျန်းမာရေးရှိ ယာဉ်မောင်းခြင်း စောင့်ကြည့်စနစ် အသစ်က ယာဉ်မောင်းနေစဉ် သင့်ဖုန်းကို သင်အသုံးပြုသောအခါ ခြေရာခံနိုင်စေပါသည်။
တစ်ကြိမ်တည်းဖြင့် သတိပေးချက်တစ်ခုကို ကျော်ရန်
အဖြစ်အပျက်တစ်ကြိမ်တည်းအတွက် သတိပေးချက်ကို ယခု သင်ပိတ်နိုင်ပါသည်။ ၎င်းကိုကျော်ပြီးသည်နှင့် အလိုအလျောက် ပြန်ပွင့်လာပါလိမ့်မည်။
စာသားများမှ ဖုန်းခေါ်ဆိုမှုများသို့ ပြောင်းပါ
လူအများ၏ အချက်အလက် အသေးစိတ်ကို ကြည့်ရန် သို့မဟုတ် အသံ သို့မဟုတ် ဗီဒီယို ခေါ်ဆိုမှုကို စတင်ရန် စကားစမြည်၏ အပေါ်ဆုံးရှိ လူတစ်ဦး၏ အမည်ကို တို့ပါ။
အချို့ အက်ပ်များသည် One UI 4.1 အဆင့်မြှင့်ပြီးမှ သီးခြား အပ်ဒိတ် ပြုလုပ်ရန်လိုအပ်ပါမည်။
တည်ဆောက်နံပါတ် : A315FXXS1CVD2
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2022-04-19
လုံခြုံရေးကုစားမှု အဆင့် : 2022-04-01
· ကိရိယာ တည်ငြိမ်မှုအတွက် တိုးတက်အောင်လုပ်ဆောင်ခြင်းများ၊ ချွတ်ယွင်းချက် ပြင်ဆင်မှုများ။
· အသစ် (သို့) အဆင့်မြှင့်ထားသော အင်္ဂါရပ်များ။
· စွမ်းဆောင်ရည်ပိုမိုကောင်းစေရန် တိုးတက်အောင်လုပ်ဆောင်ထားခြင်းများ။
တည်ဆောက်နံပါတ် : A315FXXU1CVA1
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2022-02-08
လုံခြုံရေးကုစားမှု အဆင့် : 2022-01-01
· ကိရိယာ တည်ငြိမ်မှုအတွက် တိုးတက်အောင်လုပ်ဆောင်ခြင်းများ၊ ချွတ်ယွင်းချက် ပြင်ဆင်မှုများ။
· အသစ် (သို့) အဆင့်မြှင့်ထားသော အင်္ဂါရပ်များ။
· စွမ်းဆောင်ရည်ပိုမိုကောင်းစေရန် တိုးတက်အောင်လုပ်ဆောင်ထားခြင်းများ။
တည်ဆောက်နံပါတ် : A315FXXU1CUK4
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-12-11
လုံခြုံရေးကုစားမှု အဆင့် : 2021-11-01
· ကိရိယာ တည်ငြိမ်မှုအတွက် တိုးတက်အောင်လုပ်ဆောင်ခြင်းများ၊ ချွတ်ယွင်းချက် ပြင်ဆင်မှုများ။
· အသစ် (သို့) အဆင့်မြှင့်ထားသော အင်္ဂါရပ်များ။
· စွမ်းဆောင်ရည်ပိုမိုကောင်းစေရန် တိုးတက်အောင်လုပ်ဆောင်ထားခြင်းများ။
တည်ဆောက်နံပါတ် : A315FXXS1CUK2
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-11-23
လုံခြုံရေးကုစားမှု အဆင့် : 2021-11-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1CUH3
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-10-09
လုံခြုံရေးကုစားမှု အဆင့် : 2021-08-01
· ကိရိယာ တည်ငြိမ်မှုအတွက် တိုးတက်အောင်လုပ်ဆောင်ခြင်းများ၊ ချွတ်ယွင်းချက် ပြင်ဆင်မှုများ။
· အသစ် (သို့) အဆင့်မြှင့်ထားသော အင်္ဂါရပ်များ။
· စွမ်းဆောင်ရည်ပိုမိုကောင်းစေရန် တိုးတက်အောင်လုပ်ဆောင်ထားခြင်းများ။
တည်ဆောက်နံပါတ် : A315FXXS1CUG1
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-08-02
လုံခြုံရေးကုစားမှု အဆင့် : 2021-07-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1CUF2
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-06-22
လုံခြုံရေးကုစားမှု အဆင့် : 2021-05-01
• အဆင့်မြှင့်ထားသော အမြန် မျှဝေမှု
- အမြန် မျှဝေမှု အသုံးပြု၍ Galaxy ကိရိယာများကြား ဖိုင်မျှဝေခြင်းကို တိုးမြှင့်ပါ
• Wi-Fi ဆက်သွယ်နိုင်မှုနှင့်တည်ငြိမ်မှု တိုးမြှင့်ထားသည်။
• လုပ်ဆောင်ချက်များ၏ စုစုပေါင်း တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1CUD4
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-05-05
လုံခြုံရေးကုစားမှု အဆင့် : 2021-04-01
One UI 3 အဆင့်မြင့်တင်မှု (အန်းဒရွိုက် 11)
ပိုအရေးပါသည့် အရာများကို သင်က အာရုံစိုက်နိုင်ရန် One UI 3 ကို ဖန်တီးထားသည်။ အာရုံလွှဲမှု လျော့နည်းစေရန်၊ အရေးကြီးအချက်အလက်များကို မြင်သာစေရန်နှင့် သင့်အတွေ့အကြုံကို ပို၍ ကိုက်ညီမှုရှိစေရန် ပင်မ ဖန်သားပြင်နှင့် အမြန် ပန်နယ်ကဲ့သို့နေရာများကဲ့သို့ သင်အကြည့်များသော နေရာများတွင် ကျွန်ုပ်တို့၏ အမြင်ပိုင်းဆိုင်ရာ ဖန်တီးမှုကို ပိုမိုတိုးမြင့်ထားသည်။ လုပ်ဆောင်ချက် တိုးတက်မှုများသည် အက်ပ်များကို ပိုမိုမြန်ဆန်စွာ အလုပ်လုပ်စေနိုင်ပြီး ဘက်ထရီစားနှုန်း သက်သာစေသည်။ ထို့အပြင် One UI 3 သည် သင့်လက်ထဲသို့ လုံခြုံရေးထိန်းချုပ်မှု အသစ်ကို ထည့်ပေးပြီး၊ တစ်ကြိမ်ပေး ခွင့်ပြုချက်များနှင့် ဒစ်ဂျစ်တယ် ကျန်းမာရေးကိုလည်း မြှင့်တင်ထားသည်။
ပြောင်းလဲမှု စာရင်းအပြည့်အစုံအတွက် အောက်သို့ဆွဲချပါ။
အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်း
ကျွန်ုပ်တို့သည် One UI 3 ၏ အမြင်နှင့် ခံစားမှုကို နည်းလမ်းများစွာဖြင့် ပြန်လည်ပြုလုပ်ထားပြီး၊ အကြီးနှင့် အသေး၊ အမြန် ပန်နယ်နှင့် အသိပေးချက်များ၏ အသစ်နှင့် မပြောင်းလဲသော ပုံစံငယ်များမှ ပိုပြီး ပုံစံကျသော အဖွဲ့အစည်းပုံစံသို့ ပြောင်းလဲထားသည်။ လှုပ်ရှားမှုသည် ပိုချောမွေ့ပြီး အရင်ထက် ပိုသဘာဝကျလာကာ သရုပ်ဖော်ခြင်းနှင့် အဖြစ်များလုပ်ဆောင်ချက်များအတွက် တုန့်ပြန်ချက်များကို တိုးမြှင့်ထားသည်။ ဖုန်း၊ ခေါက်ဖုန်း သို့မဟုတ် တက်ဘလက်ပင်ဖြစ်စေ မည်သည့်ကိရိယာတွင်မဆို အကောင်းဆုံးအတွေ့အကြုံပေးနိုင်ရန် အင်တာဖေ့စ်သည် စခရင်အရွယ်အစား အမျိုးမျိုးကို တုန့်ပြန်မှုရှိပါသည်။
မြှင့်တင်ထားသော လုပ်ဆောင်ချက်
ကျွန်ုပ်တို့သည် One UI 3 ကို မြှင့်တင်ထားသော ပြောင်းလဲနေသည့် မန်မိုရီနေရာချထားမှုဖြင့် ဆောင်ရွက်ထား၍ အက်ပ်များပိုမို မြန်ဆန်ပြီး ကောင်းမွန်စွာအလုပ်လုပ်စေပါသည်။ ကျွန်ုပ်တို့သည် နောက်ခံလှုပ်ရှားမှုများကို ပိုကောင်းသော လုပ်ဆောင်ချက်နှင့် စွမ်းအင်အသုံးပြုမှုအတွက် ကန့်သတ်ထားသည်။
ပိုကောင်းသော လိုသလို အထူးပြုလုပ်နိုင်မှု
• ပုံရိပ် အတန်းအစားအသစ်များကို ရွေ့လျားသော့ပိတ် ဖန်သားပြင်တွင် ပေါင်းထည့်ထားပြီး တစ်ကြိမ်တည်း ၅ ခုအထိ သင်ရွေးချယ်နိုင်ပြီဖြစ်သည်။
• သော့ပိတ် ဖန်သားပြင်တွင် သင့်အသုံးပြုချိန်ကို စစ်ဆေးရန် ဝဒ်ဂျက်ထည့်သွင်းနိုင်သည်။
• နောက်ခံပုံရိပ်ထားရှိချိန်တွင် ကြိုတင်ကြည့်ပုံရိပ်ကို ရယူပါ။
• Always On Display နှင့် သော့ပိတ် ဖန်သားပြင်ကို ချိန်ညှိခြင်းမှာ ပိုမိုလွယ်ကူလာသည်။
• ရုပ်ပုံသို့မဟုတ် ဗီဒီယိုကို သင်ဖုန်းခေါ်ဆို သို့မဟုတ် လက်ခံသည့်အခါ ခေါ်ဆိုမှု နောက်ခံထည့်ပါ။
• Samsung အင်တာနက်တွင် သင် သော့ခလုတ်များ ပြန်လည်စီနိုင်သည်။
• Bixby Routines တွင် သင့်ဘဝကို ကူညီအသက်သွင်းရန် ထိန်းချုပ်မှုများ ပိုမိုပါဝင်လာသည်။
• သင်္ကေတအသစ်များနှင့် သော့ပိတ် ဖန်သားပြင် ဝစ်ဂျစ်များသည် သင့်နေ့စဉ်လုပ်ဆောင်မှုများ ရှာဖွေထိန်းချုပ်ရန် ပိုမိုလွယ်ကူစေသည်။
• ကိုယ်ရေးသီးသန့်နှင့် အလုပ် ပရိုဖိုင်ကို ခွဲခြားထားသည့် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အသုံးပြုပါ။
တိုးမြှင့်ထားသည့် အင်္ဂါရပ်များ
ပင်မ ဖန်သားပြင်နှင့် သော့ပိတ် ဖန်သားပြင်
• ပင်မ ဖန်သားပြင်ကို ထိပြီး အက်ပ်တစ်ခုကို ဖိကာ ဝဒ်ဂျက်ထည့်သွင်းပါ။
• ပင်မ သို့မဟုတ် သော့ပိတ် ဖန်သားပြင်တွင် နေရာလွတ်ကို နှစ်ကြိမ်ထိပြီး စခရင်ကို ပိတ်ပါ။ (သတ်မှတ်ချက်များ > အဆင့်မြင့် လုပ်ဆောင်ချက်များ > လှုပ်ရှားမှုများနှင့် လက်ဟန်များတွင် စီမံသတ်မှတ်ပါ။)
သော့ပိတ် ဖန်သားပြင်တွင် နာရီနေရာကိုထိပြီး ပြက္ခဒိန်၊ မိုးလေဝသနှင့် ဂီတကဲ့သို့ ဝစ်ဂျစ်များကိုကြည့်ပါ။
ခေါ်ဆိုမှုများနှင့် ချတ်များ
• စကားစမြည်များကို အသိပေးချက် ပန်နယ်တွင် သီးခြားကြည့်ပါ။ မက်ဆေ့ခ်ျများနှင့် သင့်နှစ်သက်ရာ ချတ် အက်ပ်များကို လုပ်ဆောင်ပါ။
• အဆက်အသွယ်များတွင် တူညီသောအကောင့်တွင် သိမ်းဆည်းထားသော ပုံတူပွား အဆက်အသွယ်များကို လွယ်ကူစွာ ဖယ်ရှားပါ။ ဖျက်ထားသော အဆက်အသွယ်များအတွက် သိုလှောင်ခန်းကာလမှ ၁၅ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ထားသည်။
• စခရင်တစ်ခုထံမှ မျိုးစုံသော ချိတ်ဆက်ထားသည့် အဆက်အသွယ်များကို ပြင်ဆင်နိုင်စွမ်းကို ထပ်ထည့်ထားသည်။
• မက်ဆေ့ခ်ျများတွင် အမှိုက်ကို ထည့်ပေါင်းထားပြီး ဖျက်ပစ်ထားသော မက်ဆေ့ခ်ျများကို ရက် ၃၀ အထိ သိမ်းဆည်းထားမည် ဖြစ်သည်။
ရုပ်ပုံများနှင့် ဗီဒီယိုများ
• မြင့်တင်ထားသာ အော်တိုဖိုးကပ်စ်နှင့် အော်တို မီးရေလေဒဏ်ခံရမှုဖြင့် ပုံများကို ပိုမြန်စွာရိုက်ယူနိုင်သည်။
• ပြခန်းမှ ရုပ်ပုံများနှင့် ဗီဒီယိုများကို ပိုမိုလွယ်ကူစွာ ကြည့်ရှု ပြင်ဆင်ပြီး မျှဝေနိုင်သည်။
• ရုပ်ပုံများနှင့် ဗီဒီယိုများကို ရှာဖွေမှုလုပ်ဆောင်ချက်အသစ်နှင့် ပြခန်းမှ အတန်းအစားများတွင် ပိုမိုမြန်ဆန်စွာ ရှာဖွေနိုင်သည်။
• တည်းဖြတ်ထားသော ရုပ်ပုံများကို မူရင်းပုံစံ အချိန်မရွေးပြန်ပြောင်းနိုင်ပြီး သိမ်းဆည်းပြီးလျှင်ပင် သင်ပျောက်ဆုံးသွားမည်မဟုတ်ပါ။
သတ်မှတ်ချက်များ
• သတ်မှတ်ချက်များသည် ပိုရိုးရှင်းပြီး ခံစားမှုပိုကောင်းလာသည်။ သင့် Samsung account ကို အပေါ်တွင် ပြသနေပြီး ပင်မ ဖန်သားပြင်သည် ပိုမိုလွယ်ကူစွာ ဝင်ရောက်လာနိုင်သည်။
• ရှာဖွေမှု ပုံစံသစ်များဖြင့် သင်ပိုမိုလိုအပ်သော သတ်မှတ်ချက်များကို ရှာပါ။ သံတူကြောင်းကွဲများနှင့် ဖြစ်များသော စာလုံးပေါင်းမှားယွင်းမှုများအတွက် ပိုမိုကောင်းမွန်သော အဖြေများရရှိမည်ဖြစ်ပြီး တဂ်များတွင် သက်ဆိုင်ရာ သတ်မှတ်ချက်များအုပ်စုများကို ကြည့်ရန် ထိနိုင်သည်။
• အမြန် သတ်မှတ်ချက်များခလုတ်များကို အသုံးများဆုံး လုပ်ဆောင်ချက်များအတွက်သာ ပံ့ပိုးရန် လျှော့ချထားသည်။ သင့်ကိုယ်ပိုင် လိုသလို အထူးပြုလုပ်သည့် အမြန် ပန်နယ်ကို ဖန်တီးရန် ခလုတ်များ ထည့်သွင်းနိုင်သည်။
Samsung ကီးဘုတ်
• ထည့်သွင်း ဘာသာစကားကို ၃၇၀ အထိ တိုးမြှင့်ထားသည်။
• ကူးထားသော ပုံများကို ပုံတူပွားရန်နှင့် သီးခြားကုတ်များ စာတို မက်ဆေ့ခ်ျများမှ ကူးယူခြင်း လွယ်ကူစေသည်။
• စာသားအခြေခံ ခံစားချက်ပြသင်္ကေတတစ်ခုကို သင်ဝင်သည့်အခါ အီမိုဂျီနှင့် စတစ်ကာအကြံပြုချက်များကို ထည့်သွင်းထားသည်။
• ကီးဘုတ် အပြင်အဆင်ကို ဝက်ဘ်ဆိုက်များ အီးမေးလ်လိပ်စာများထည့်သွင်းသည့်အခါ ပိုမိုကြီးမားသော စပေ့ဘား ပံ့ပိုးပေးရန် တိုးမြှင့်ထားသည်။
• ကီးဘုတ် သတ်မှတ်ချက်များကို ပြန်လည်စီစဉ်ထားခြင်းမှာ အသုံးများ သတ်မှတ်ချက်များကို ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်ရန်ဖြစ်သည်။
လုပ်ဆောင်နိုင်စွမ်း
အလုပ်နှင့် ဘဝညီမျှမှုကို ကျန်းမာစွာထိန်းသိမ်းရန် ထပ်ဖန်တလဲဖြစ်ပြီးရှုပ်ထွေးသော လုပ်ငန်းများကို လျော့ချကာ ထိရောက်စွာကိုင်တွယ်ပေးပါသည်။
• လုပ်ရိုးလုပ်စဉ်အသစ်မားကို သင့်နေ့စဉ်ဘဝနှင့် အသုံးပြုမှုပုံစံပေါ်မူတည့်၍ အကြံပြုမည်ဖြစ်သည်။
• Bixby Routines သည် လုပ်ရိုးလုပ်စဉ်များမစတင်မီ အားလုံးသို့ ပြန်သွားသော သတ်မှတ်ချက်တစ်ခု ပံ့ပိုးပေးထားသည်။
• အင်တာနက်တွင် သင်သည် အခြေအနေနှင့် လမ်းကြောင်းပြဘားကို ပိုကောင်းမွန်ပြီး ဝက်ဘ်ပေ့များ ဘာသာပြန်မှုပိုမြန်ရန် ဝှက်ထားနိုင်သည်။
• သင့်အား ရုတ်တရက်တက်လာမှုများ သို့မဟုတ် အသိပေးချက်များစွာပေးပို့သည် ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ရန် အသိပေးမည်ဖြစ်သည်။
• ကျွန်ုပ်၏ဖိုင်များရှိ ဖိုင်ရွေးချယ်မှု စခရင်မှ ကလောက်ဒရိုက် ဖိုင်များကို ကြည့်ရှု ရွေးချယ်နိုင်သည်။
• သိုလှောင်ခန်းနေရာများပိုမိုရရှိရန် ကျွန်ုပ်၏ဖိုင်များတွင် ယာယီမှတ်ဉာဏ်ဖိုင်များကို ဖျက်နိုင်ပြီဖြစ်သည်။
• စတင်ချိန်တူသော အထူးအခါသမယများကို ဒီလအတွက် အတူတူဖော်ပြပြီး ပြက္ခဒိန်တွင် စာရင်းမြင်ကွင်းဖြင့် ပြသသည်။
• အရာအားလုံး ဘယ်မှာရှိနေလဲ သိနိုင်ဖို့ Samsung DeX တွင် သင့်ဖုန်း သို့မဟုတ် တက်ဘလက် အက်ပ် အိုင်ကွန် သွင်ပြင်ကို သုံးပါ။
• သင့်ဖုန်း သို့မဟုတ် တက်ဘလက်ပေါ်ရှိ နေရာညွှန်ဘားမှ ထိနှိပ်ပြားကို ဖွင့်ပါ။
လွယ်ကူသော မီဒီယာနှင့် ကိရိယာထိန်းချုပ်မှု
မီဒီယာနှင့် ကိရိယာထိန်းချုပ်မှုသည် အသိပေးချက်များတွင် ပိုမိုတိုးတက်သော မီဒီယာပန်နယ်တွင် ပိုမိုလွယ်ကူလာသည်။ လတ်တလောသုံးထားသော မီဒီယာအက်ပ်များကို ကြည့်နိုင်ပြီး ပြန်ဖွင့်သော ကိရိယာများကို မြန်ဆန်စွာပြောင်းလဲနိုင်သည်။ သင်သည် သတ်မှတ်ချက်များရှိ အဆင့်မြင့် လုပ်ဆောင်ချက်များ မီနူးတွင် အန်းဒရွိုက် အော်တိုကိုလည်း စစ်ဆေးနိုင်ပါသည်။
သင့် ဒီဂျစ်တယ် အမူအကျင့်များကို အသိမှတ်ပြု တိုးမြှင့်နိုင်သည်။
ဒစ်ဂျစ်တယ် ကျန်းမာရေးလုပ်ဆောင်ချက်များကို တိုးမြှင့်ပြီး သင့်ဖုန်းသို့မဟုတ် တက်ဘလက်ကို မည်သို့ အသုံးပြုနေသည်ကို စစ်ဆေးရန် လွယ်ကူစေကာ ကောင်းမွန်သော ဒစ်ဂျစ်တယ် ကျန်းမာရေးကို ဖန်တီးရန်ကူညီပေးသည်။ မြှင့်တင်ထားသော အပတ်စဉ် မှတ်တမ်းများမှတဆင့် ကြည့်ရုံဖြင့် ကားမောင်းစဉ် သင့်အသုံးပြုမှုကို စစ်ဆေးနိုင်ပြီး သင်စခရင်အသုံးပြုချိန်ကို အပတ်စဉ်ပြောင်းလဲမှုများကို ကြည့်နိုင်ပါသည်။
လူတိုင်းအတွက် သုံးခွင့်ရမှု
One UI 3 သည် သင့်အသုံးပြုမှုပေါ်မူတည်ပြီး အသုံးဝင်သော သုံးခွင့်ရမှုလုပ်ဆောင်ချက်ကို အကြံပြုထားသည်။ မြှင့်တင်ထားသော သုံးခွင့်ရမှု အမြန်သွားသင်္ကေတသည် သုံးခွင့်ရမှုလုပ်ဆောင်ချက်များကို ပိုမိုလွယ်ကူစွာ စတင်ပြီး အသုံးပြုလာနိုင်သည်။ ကီးဘုတ်ထည့်သွင်းမှုကို ကျယ်လောင်စွာ ပြောပါ လုပ်ဆောင်ချက်ကို TalkBack ပိတ်ထားလျှင်ပင် အသံတုန့်ပြန်မှု ရရန် အသုံးပြုနိုင်ပါသည်။
ပိုမိုအားကောင်းသော ကိုယ်ရေးအချက်အလက် ကာကွယ်မှု
သင်သည် ယခု သင့်မိုက်ကရိုဖုန်း၊ ကင်မရာ သို့မဟုတ် တည်နေရာကို အက်ပ်တစ်ခုကို တစ်ကြိမ်သာ ဝင်ရောက်ခွင့်ပြုနိုင်ပါသည်။ အသုံးမပြုတာကြာပြီးဖြစ်သော အက်ပ်တစ်ခုမှ မည်သည့်ခွင့်ပြုချက်မဆို အလိုအလျောက်ပျက်ပြယ်မည် ဖြစ်သည်။ သင့်တည်နေရာကို ပုံမှန်ခွင့်ပြုချက်နေရာတွင် အက်ပ်များကို ခွင့်ပြုချက်ပေးရန်မမြင်ရတော့ပါ။ အက်ပ်များကို အသုံးမပြုချိန် သင့်တည်နေရာဝင်ရောက်ခွင့်ပြုရန် အက်ပ်အတွက် သတ်မှတ်ချက်များတွင် တည်နေရာခွင့်ပြုချက် စာမျက်နှာကို သွားရောက်ရန် လိုအပ်ပါသည်။
အပိုဆောင်း တိုးမြင့်မှုများ
• နာရီတွင် သင်သည် အချိန်နှင့် ကြိုတင်သတ်မှတ်ချက်ပြုထားသော သတိပေးချက်ကို သတိပေးချက်မြည်ချိန်တွင် ကျယ်လောင်စွာဖတ်မည်ဖြစ်သည်။
အချို့ အက်ပ်များကို One UI 3 အပ်ဒိတ်ပြီးမှ သီးခြားအပ်ဒိတ်ပြုလုပ်ရန်လိုအပ်ပါမည်။
Dual messenger ကိုအသုံးပြု၍ ပြုလုပ်ထားသော အက်ပ်ကူးယူမှုများသည် SD ကတ်ဖိုင်များထံ တိုက်ရိုက် ဝင်ရောက်ခွင့် မရနိုင်တော့ပါ။ အက်ပ်ကူးယူမှုတွင် SD ကတ် ဖိုင်များကို မျှဝေရန်၊ ပြခန်း သို့မဟုတ် ကျွန်ုပ်၏ဖိုင်များရှိ ဖိုင်များကို ရွေးကာ မျှဝေပါကို နှိပ်ပြီးနောက် အက်ပ် ကူးပါကို ရွေးချယ်ပါ။
သင်သည် အခြားကိရိယာများထံ ဖိုင်များကိုပေးပို့ရန် Wi-Fi Direct ကို အသုံးပြု၍မရနိုင်တော့ပါ။ ၎င်းအစား သင်သည် အနီးအနားရှိ မျှဝေမှုကို သုံးနိုင်ပါသည်။ သင်သည် Wi-Fi Direct ကို အသုံးပြု၍ ဖိုင်များကို လက်ခံရယူနိုင်ဆဲဖြစ်ပါသည်။
သင်သည် Smart View ကိုသုံး၍ Chromecast နှင့် ချိတ်ဆက်၍ မရနိုင်တော့ပါ။ ၎င်းအစား သင်သည် Google Home ကို သုံးနိုင်ပါသည်။
တည်ဆောက်နံပါတ် : A315FXXU1BUA1
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2021-02-11
လုံခြုံရေးကုစားမှု အဆင့် : 2021-02-01
• ထိဖန်သားပြင် ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1BTK3
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-12-07
လုံခြုံရေးကုစားမှု အဆင့် : 2020-11-01
Wi-Fi
- အနီးနားမှ Wi-Fi လွှင့်စက်များတွင် အရည်အသွေး အချက်အလက်ကို တိုင်းတာနိုင်ပါက ဤအချက်အလက်သည် အလွန်မြန်၊ အမြန်၊ ပုံမှန် သို့ဟုတ် နှေးနေသည်ဟု ဖော်ပြနေမည်ဖြစ်သည်။
* ဤလုပ်ဆောင်ချက်ကို “ကွန်ယက် အရည်အသွေး အချက်အလက် ပြကွက်” သတ်မှတ်ချက်များတွင် အဖွင့် သို့မဟုတ် အပိတ် ပြုလုပ်နိုင်သည်။
- စကားဝှက်တစ်ခုရှိထားသည့် Wi-Fi လွှင့်စက်တစ်ခုသို့ ဝင်ရောက်ရန် ကြိုးစားသည့်အခါ၊ အသစ်ဖြည့်စွက်လိုက်သည့် ဝန်ဆောင်မှုသည် ယခုအခါ ထိုလွှင့်စက်သို့ ချိတ်ဆက်ပြီးသား ၎င်း၏ အဆက်အသွယ်စာရင်းရှိ သိမ်းထားသည့် အနီးအနားမှ တစ်ဦးဦးထံမှ Wi-Fi လွှင့်စက်၏ စကားဝှက်ကို တောင်းဆိုရန် အသုံးပြုသူကို ခွင့်ပြုပေးထားသည်။
* သင်မှ စကားဝှက်တစ်ခု တောင်းဆိုသည့်အခါ Wi-Fi စကားဝှက် ထည့်သွင်းရသည့် စခရင်ပေါ်တွင် "စကားဝှက် တောင်းဆိုပါ" ဟူသည့် ခလုတ် ပေါ်လာမည်။
Always On Display
- Bitmoji စတစ်ကာများကို Always On Display တွင် ထောက်ပံ့ပေးထားသည်။ (နာရီပုံစံ)
Samsung keyboard
- အသုံးပြုသူကို YouTube ရှာဖွေခွင့်ပြုသည့် ကီးဘုတ် ရှာဖွေမှု လုပ်ဆောင်ချက်အသစ်ကို ထည့်ပေးထားသည်။
- အလျားလိုက် အနေအထားတွင် ကီးဘုတ်ခွဲထုတ်ရန်ကို ပံ့ပိုးထားသည်။
- ကီးဘုတ် သတ်မှတ်ချက်များ စာမျက်နှာရှိ "ထည့်သွင်းဘာသာစကားများကို စီမံပါ" စခရင်၏ ရှာဖွေမှု လုပ်ဆောင်ချက်ကို အသုံးပြုသူဆန္ဒရှိသလို ထည့်ရန် သို့မဟုတ် ဖျက်ရန် လုပ်ဆောင်နိုင်သည့် ကီးဘုတ် ထည့်သွင်းသည့် ဘာသာစကားများကို အလွယ်တကူ ရှာဖွေနိုင်ရန် အသစ်အဖြစ် အပ်ဒိတ်လုပ်ထားသည်။
ကင်မရာ
- ကင်မရာ လုပ်ဆောင်မှု မွမ်းမံထားသည်
မက်ဆေ့ခ်ျများ
- အသုံးပြုသူမှ ကြိုတင် သီးသန့်စီစဉ်ထားရှိသည့် SOS မက်ဆေ့ခ်ျ အဆက်အသွယ်အဖြစ် သိမ်းဆည်းထားသည့်သူကို ခေါ်ဆိုရန်ခွင့်ပြုသည် လုပ်ဆောင်ချက်ကို ထပ်ထည့်ထားသည်။
- အသုံးပြုသူမှ ၂၄ နာရီအတွင်း မိနစ် ၃၀ တိုင်း SOS တည်နေရာ-မျှဝေခြင်း မက်ဆေ့ခ်ျများ ပို့ခွင့်ပြုသည့် လုပ်ဆောင်ချက်ကို ထပ်ထည့်ထားသည်။
သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXS1ATJ1
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-10-20
လုံခြုံရေးကုစားမှု အဆင့် : 2020-10-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1ATH3
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-09-01
လုံခြုံရေးကုစားမှု အဆင့် : 2020-07-01
• ကင်မရာ ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
တည်ဆောက်နံပါတ် : A315FXXU1ATH2
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-08-12
လုံခြုံရေးကုစားမှု အဆင့် : 2020-07-01
• ထိဖန်သားပြင် ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• လက်ဗွေအာရုံခံ ဆင်ဆာ ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• ကင်မရာ ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1ATG1
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-07-14
လုံခြုံရေးကုစားမှု အဆင့် : 2020-07-01
• လက်ဗွေအာရုံခံ ဆင်ဆာ ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• မက်ဆေ့ခ်ျ ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• အောက်က လုပ်ဆောင်ချက်များကို ဖျက်ပစ်ခဲ့ပြီးပြီ : MirrorLink။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1ATE4
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-06-09
လုံခြုံရေးကုစားမှု အဆင့် : 2020-06-01
• အင်္ဂါရပ်အသစ် ထည့်ထားသည်။ - Music Share
• Edge အကန့် ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• ထိဖန်သားပြင် ၏ တည်ငြိမ်မှုကို ကောင်းမွန်အောင် မွမ်းမံပြီးပြီး။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1ATD4
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-04-29
လုံခြုံရေးကုစားမှု အဆင့် : 2020-03-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : A315FXXU1ATCD
အန်ဒရွိုက်ဒ်ပုံစံ : Q(Android 10)
ထုတ်သည့် နေ့စွဲ : 2020-04-14
လုံခြုံရေးကုစားမှု အဆင့် : 2020-03-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။