ဆော့ဖ်ဝဲ အပ်ဒိတ်တစ်ခုတွင် ပါဝင်နိုင်သည်မှာ၊ သို့သော် ၎င်းတို့ဖြင့် မကန့်သတ်ပါ
သင့်ကိရိယာမှ အကောင်းဆုံးအရာများကို ရယူရန် သင့် ကိရိယာ ကို နောက်ဆုံးထုတ် အဆင့်သို့ မြှင့်ထားပြီး ဆော့ဖ်ဝဲ အပ်ဒိတ်များကို ပုံမှန် စစ်ဆေးပါ။

Galaxy On7 Refresh (SM-G611F)


တည်ဆောက်နံပါတ် : G611FXXS3CTL1
အန်ဒရွိုက်ဒ်ပုံစံ : Pie(Android 9)
ထုတ်သည့် နေ့စွဲ : 2020-12-25
လုံခြုံရေးကုစားမှု အဆင့် : 2019-09-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။

တည်ဆောက်နံပါတ် : G611FXXS1CSI1
အန်ဒရွိုက်ဒ်ပုံစံ : Pie(Android 9)
ထုတ်သည့် နေ့စွဲ : 2019-09-27
လုံခြုံရေးကုစားမှု အဆင့် : 2019-09-01
· သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။

တည်ဆောက်နံပါတ် : G611FXXU1CSE2
အန်ဒရွိုက်ဒ်ပုံစံ : Pie(Android 9)
ထုတ်သည့် နေ့စွဲ : 2019-07-01
လုံခြုံရေးကုစားမှု အဆင့် : 2019-05-01
One UI ကို Android Pie ဖြင့် အဆင့်မြှင့်တင်ထားသည်

One UI က စိတ်လှုပ်ရှားဖွယ် သင်ကဲ့သို့ သုံးစွဲသူများထံမှ တုံ့ပြန်ချက်ပေါ် မူတည်၍ ဆမ်ဆောင်းနှင့် Google မှ စိတ်လှုပ်ရှားဖွယ် အင်္ဂါရပ်အသစ်များနှင့် လုံးဝအသစ်ဖြစ်သော ပုံစံသွင်ပြင်နှင့် သုံးစွဲမှု ခံစားချက်တို့ ထည့်သွင်းထားသည့် Android Pie ကို သင့်ထံ ဆောင်ကြဉ်းပေးသည်။
သင်၏ အရေးကြီးဒေတာကို အဆင့်မမြှင့်တင်မီ လုံခြုံမှုရှိနေစေရန်အတွက် ၎င်းကို အရန်သိမ်းထားရန် အကြံပြုပါသည်။
သင့် OS ကို အပ်ဒိတ်လုပ်ပြီးနောက် ဂဏန်းပေါင်းစက်၊ Samsung Internet၊ Samsung Health၊ Samsung Notes၊ Samsung Members နှင့် Samsung Pay အပါအဝင် အချို့အက်ပ်များကို တစ်ခုချင်းစီ အပ်ဒိတ်လုပ်ထားရန် လိုသည်။
Android Pie ကိရိယာရှိ Find My Mobile တွင် ရီမုတ်သော့ဖွင့်လုပ်ဆောင်ချက်ကို အသုံးပြုရန်၊ ဖန်သားပြင်သော့ စကားဝှက် (သို့မဟုတ် PIN/မျဉ်းဆွဲပုံစံ) ဘက်အပ်လုပ်ငန်းစဉ်ကို လိုအပ်ပါသည်။ ထို့ကြောင့် အပ်ဒိတ်လုပ်ငန်းစဉ် မစတင်မီ ဖန်သားပြင်သော့ စကားဝှက် (သို့မဟုတ် PIN/မျဉ်းဆွဲပုံစံ) ကို သင် မှတ်မိကြောင်း သေချာပါစေ။ စကားဝှက် (သို့မဟုတ် PIN/မျဉ်းဆွဲပုံစံ) ကို မေ့နေလျှင်၊ ၎င်းတို့ကို အပ်ဒိတ်လုပ်ငန်းစဉ် မစတင်မီ ပြန်သတ်မှတ်ပါ။

ဤအရာတို့မှာ အသစ် ပါဝင်သည့်အရာများဖြစ်သည်။

One UI
- လက်ရှိဆောင်ရွက်နေသော လုပ်ဆောင်ချက်အပေါ် အာရုံစိုက်ထားနိုင်ရန် အကြောင်းအရာ၊ သတ်မှတ်ချက်များနှင့် အခြားအချက်အလက်များကို စနစ်တကျပြန်စီထားသည်။
- တုံ့ပြန်နိုင်သော အစိတ်အပိုင်းများ အမြဲတမ်း လက်လှမ်းမီနေစေရန် ဖန်သားပြင် အောက်ခြေသို့ ရွှေ့ထားသည်။
- ညဘက် အနေအထားကဲ့သို့ ပုံစံအသစ်များနှင့် အင်္ဂါရပ်အသစ်များသည် သင့်မျက်လုံးများကို သက်တောင့်သက်သာရှိအောင် ကူညီပေးပါသည်။

အသိပေးချက်များ
- သင်သည် အသိပေးချက် မျက်နှာပြင်တွင် မက်ဆေ့ခ်ျများကို တိုက်ရိုက် စာပြန်နိုင်ပါသည်။
- မက်ဆေ့ခ်ျ အသိပေးချက်များတွင် ပုံကြမ်းများ ပါဝင်သည်။
- အက်ပ်တစ်ခု၏ အသိပေးချက် သတ်မှတ်ချက်များတွင် အမျိုးအစားတစ်ခုရှိ အသိပေးချက်အားလုံးကို ဖွင့်ရန် (သို့) ပိတ်ရန် တစ်ကြိမ်နှိပ်ပါ။

ဆမ်ဆောင်း ကီးဘုတ်
- Unicode 11.0 ရုပ်ပြောင်ပုံအသစ်များ ရရှိနိုင်ပါသည်။
- လိုက်လျောညီထွေ ပြုပြင်နိုင်သော ပုံစံအသစ်က ဘေးပတ်ဝန်းကျင်ရှိ အက်ပ်၏ အရောင်များပေါ် မူတည်၍ သင့်ကီးဘုတ်ပုံစံကို ပြောင်းပေးသည်။
- လွင့်မျော ကီးဘုတ်ကို အက်ပ်အားလုံးတွင် အသုံးပြုနိုင်ပြီး ၎င်းတွင် အရွယ်အစားနှင့် ကြည်လင်မှု သတ်မှတ်ချက်အသစ်များ ရှိသည်။
- သင်သည် စိတ်ကြိုက် ဖိ၍ နှိပ်ရန် ကြာချိန်ကို သတ်မှတ်နိုင်ပါသည်။

ကိရိယာ စောင့်ရှောက်မှု (ယခင်က ကိရိယာ ပြုပြင်ထိန်းသိမ်းမှု)
- စွမ်းဆောင်ရည် အနေအထားများကို ပို၍ရိုးရှင်းထိရောက်အောင် ပြုလုပ်ထားပြီး ပါဝါချွေတာရေး အနေအထားများထဲသို့ ပေါင်းစပ်ထားသည်။
- ကိရိယာ ပြုပြင်ထိန်းသိမ်းမှု Edge မျက်နှာပြင်ကို မလုပ်ဆောင်တော့ပါ။

သတ်မှတ်ချက်များ
- သတ်မှတ်ချက်များကို ပို၍လွယ်ကူစွာ ရှာတွေ့နိုင်စေရန် မီနူးများကို စနစ်တကျ ပြန်စီစဉ်ထားသည်။

Bixby
- Bixby သည် ပိုကောင်းအောင်လုပ်ထားသည့် ပုံစံအမျိုးမျိုးနှင့် အစီအစဉ်သစ်များဖြင့် အလုံးစုံအသစ် ဖြစ်သည်။
- နောက်ဆုံးထွက် အစီအစဉ်များနှင့် ပံ့ပိုးပေးသည့် အက်ပ်များကို စူးစမ်းကြည့်ရန် ပင်မ Bixby ဖန်သားပြင်မှ ဘယ်ဘက်သို့ ပွတ်ဆွဲပါ။
- နှိပ်သည့်အခါ (သို့) နှစ်ချက်နှိပ်သည့်အခါ ဖြစ်ပေါ်လာမည့်အရာကို ဆုံးဖြတ်ရန် Bixby ခလုတ်ကို သတ်မှတ်ချက်များတွင် ထိန်းချုပ်နိုင်သည်။

ဖုန်း
- အဝင်နှင့် အထွက် ဖုန်းခေါ်ဆိုမှုများအလိုက် သင့်ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ယခု မျိုးတူစုနိုင်ပါသည်။
- သင့်ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွင် (၅၀၀ မှ တိုးမြှင့်ထားသည့်) ထည့်သွင်းမှု ၂၀၀၀ အထိ ထည့်သွင်းနိုင်ပါသည်။

အဆက်အသွယ်များ
- အံဆွဲအသစ်သည် အမျိုးမျိုးသော အကောင့်များမှ အဆက်အသွယ်များကို ပို၍လွယ်ကူစွာ စီမံခန့်ခွဲနိုင်အောင် ပြုလုပ်ပေးပါသည်။

ကင်မရာ
- ထည့်သွင်းထားသည့် မြင်ကွင်း အကောင်းဆုံး ချိန်ညှိကိရိယာသည် မြင်ကွင်းနှင့် လိုက်ဖက်စေရန် ကင်မရာ၏ အရောင် သတ်မှတ်ချက်များကို အလိုအလျောက် တိုးမြှင့်ပေးသည်။

ပြခန်း
- အက်ပ်မှ မထွက်ဘဲ သင့်တည်းဖြတ်မှုများနှင့် မွမ်းမံပြင်ဆင်မှုအားလုံးကို ပြုလုပ်နိုင်စေရန် Photo Editor PRO ၏ တည်းဖြတ်ကိရိယာများကို ပြခန်းသို့ ထည့်ထားပေးသည်။

ကျွန်ုပ်၏ ဖိုင်များ
- သင့်သိုလှောင်ခန်းသုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးပြီး နေရာလွတ် ချွေတာရန် သိုလှောင်ခန်း စိစစ်မှု ကိရိယာအသစ်ကို ထည့်ထားပေးသည်။
- သင်သည် ကျွန်ုပ်၏ ဖိုင်များ ပင်မဖန်သားပြင်တွင် အိုင်တမ်များကို ယခု ပြနိုင် (သို့) ဖျောက်နိုင်ပါသည်။

Samsung Health
- သင်၏ နေ့စဉ် ခြေလှမ်းအရေအတွက်ကို အသိပေးချက် မျက်နှာပြင်တွင် ပြသထားပါမည်။- သင်၏ နေ့စဉ် ခြေလှမ်းအရေအတွက်ကို အသိပေးချက် မျက်နှာပြင်တွင် ပြသထားပါမည်။

အခြား တိုးတက်ကောင်းမွန်မှုများနှင့် ပြောင်းလဲမှုများ
- နှိုးရန် မ ယူသည့် အင်္ဂါရပ်ကို အသုံးပြု၍ သင့်ဖုန်းကို ကောက်ယူလိုက်သည့် အချိန်တိုင်း ဖန်သားပြင်ကို အလိုအလျောက် ဖွင့်ပါ။
- အမြန် ထိန်းညှိပန်နယ်ရှိ Kids Home ကို ဝင်ရောက်သုံးစွဲပါ။
- ဖုန်းခေါ်ဆိုမှု စတစ်ကာများကို မလုပ်ဆောင်တော့ပါ။
- HEIF ရုပ်ပုံများကို ယခု ပံ့ပိုးပေးပါသည်။

တည်ဆောက်နံပါတ် : G611FXXU1BRI6
အန်ဒရွိုက်ဒ်ပုံစံ : Oreo(Android 8.0.0)
ထုတ်သည့် နေ့စွဲ : 2018-11-30
လုံခြုံရေးကုစားမှု အဆင့် : 2018-10-01
Android Oreo ဖြင့် Samsung Experience 9.5 အဆင့်မြှင့်တင်ခြင်း

Samsung Experience 9.5 တွင် သင်ကဲ့သို့ အသုံးပြုသူများထံက တုံ့ပြန်အကြံပြုချက်ကို အခြေခံပြီး တီထွင်ထားသော ဆမ်ဆောင်း နှင့် Google မှ စိတ်လှုပ်ရှားဖွယ် အစီအစဉ်သစ်များဖြင့်၊ Android Oreo ပါရှိသည်။

သင်၏ အရေးကြီးဒေတာကို အဆင့်မြှင့်တင်ချိန်အတွင်းမှာ လုံခြုံမှုဆက်ရှိစေဖို့ အရန်သိမ်းထားရန် အကြံပြုပါသည်။
Samsung Pay၊ Samsung Internet၊ Samsung Notes နှင့်၊ အီးမေးလ်တို့ အပါအဝင်၊ အက်အချို့ကို သင့် OS အား အပ်ဒိတ်မလုပ်မီ တစ်ခုချင်း အပ်ဒိတ်လုပ်သင့်သည်။

အသစ် ပါဝင်သည်များမှာ။

ဇီဝရုပ်လက္ခဏာများ
သင့်လုံခြုံရေးကို တိုးမြှင့်ရန် ဇီဝရုပ်လက္ခဏာများ (လက်ဗွေများ) သုံးသည့် အင်္ဂါရပ်များကို စိတ်ချရသည့် ဖန်သားပြင် သော့အမျိုးအစား (ပုံစံ၊ PIN သို့မဟုတ် စကားဝှက်) ကို သုံးသည့်အခါတွင်သာ အသုံးပြုနိုင်ပါသည်။ စိတ်မချရသော ဖန်သားပြင် သော့အမျိုးအစား (ပွတ်ဆွဲခြင်း သို့မဟုတ် တစ်ခုမှမဟုတ်) သို့ ပြောင်းသည့်အခါ သော့ဖွင့်ခြင်းနှင့် စိစစ်အတည်ပြုခြင်းအတွက် Samsung Pay နှင့် Samsung Pass ကဲ့သို့ အက်ပ်များထဲတွင် ဇီဝရုပ်လက္ခဏာသုံး၍ စိစစ်ခြင်းကို ခဏ ပိတ်ထားပါမည်။ စိတ်ချရသည့် ဖန်သားပြင် သော့အမျိုးအစားမသုံးဘဲ ဇီဝရုပ်လက္ခဏာာများကို ယခု သုံးနေပါက အဆင့်မြှင့်ပြီးနောက် ဆက်လက် သုံးစွဲနိုင်ပါမည်၊ သို့သော် စိတ်ချရသည့် ဖန်သားပြင် သော့အမျိုးအစားသို့ ပြောင်းရန် အကြံပြုပါသည်။

အမြန်ပန်နယ်
- အသိပေးချက်အမျိုးအစားများများ ပါသော အက်ပ်တစ်ခုစီအတွက်ဆိုလျှင် အသိပေးချက်များကို စီစဉ်ပါ (ပံ့ပိုးသော အက်ပ်များအတွက်သာ)။
- လက်ရှိမမြင်ရသော အသိပေးချက်များအတွက် အိုင်ကွန်များကို အသိပေးချက်ပန်နယ်၏ အောက်ခြေ၌ ပြထားပါမည်။

ပင်မ ဖန်သားပြင်
- အက်ပ်အတွင်းရှိ ပုံမှန် (သို့) အကြံပြုစမ်းသပ်မှုများ၏ ရှော့ကတ်ကို ပြသရန်အတွက် အက်ပ်ကို ဖိ၍နှိပ်ထားပါ (ပေးထားသည့်အက်ပ်များကိုသာလျှင်)။
- အက်ပ်အိုင်ကွန်များပေါ်ရှိ အသိပေးချက် အမှတ်သင်္ကေတများကို အသိပေးချက်ပန်နယ်နှင့် ချိတ်ဆက်ထားသည်။ အသိပေးချက်တစ်ခုကို နေရာတစ်ခုထဲတွင်သာ ရှင်းပစ်ရုံဖြင့် ၎င်းကို အခြားနေရာ၌လည်း ရှင်းပစ်ပေးသည်။

Samsung ကီးဘုတ်
- တူးလ်ဘားတွင် အသုံးဝင်လုပ်ဆောင်ချက်များအတွက် အမြန်ဝင်သုံးနည်း ပေးထားသည်။
- GIF ကီးဘုတ်တွင် GIFများကို ပို့ရန် ခွင့်ပေးထားသည်။
- နောက်ထပ် အဆင့်မြင့်-ယှဉ်သုံး ကီးဘုတ်များကို ရှိနေပါသည်။

စနစ်စွမ်းဆောင်ရည်
- နောက်ခံဝန်ဆောင်မှုများကို စွမ်းဆောင်ရည်နှင့် ဘက်ထရီသက်တမ်း ပိုကောင်းလာရန်အတွက် ကန့်သတ်ထားသည်။
- လက်ရှိ အလုပ်လုပ်နေသည့် အက်ပ်များကို အသိပေးချက်ပန်နယ်ထဲ၌ အမြဲ ပြသပါမည်။

သော့ပိတ် ဖန်သားပြင်နှင့် Always On Display
- သော့ပိတ်ဖန်သားပြင်နှင့် Always On Display အတွက် နာရီစတိုင်သစ်များ။
- သင်လိုချင်သော ကြည့်မြင်ကွင်း ရယူရန်အတွက် ထိုးထွင်းမြင် အသိပေးချက်များကို ချိန်ညှိပါ။

Smart View
- အခြားဖန်သားပြင်ဖြင့် နေရာပြောင်းသုံးသောအခါ သင့်ဖုန်းဖန်သားပြင် မှောင်သွားပါစေ။

Samsung account
- အက်ပ်များစွာအတွက် အကောင့်သတ်မှတ်ချက်များနှင့် ပရိုဖိုင်အချက်အလက်တို့ကို ထိန်းချုပ်ပါ။
- သင့်ပရိုဖိုင်အချက်အလက်နှင့် အကောင့်သတ်မှတ်ချက်များထဲ ဝင်သုံးရန် အဓိက သတ်မှတ်ချက်စာမျက်နှာပေါ်ရှိ သင့်ပရိုဖိုင်ပုံကို နှိပ်ပါ။

Samsung Cloud
- Samsung Cloud ထဲ၌သာ သိုလှောင်ထားသည့် ဓာတ်ပုံများနှင့် မှတ်စုများကို ကြည့်ပြီး စီစဉ်ပါ။
- အမည့်ဖိုင်မဆို Samsung Cloud ဒရိုက်ထဲမှာ သိုလှောင်ပါ။
- သင်၏ အရန်သိမ်းဖိုင်များမှ ဖျက်ပစ်မည့် (သို့) ပြန်လည် သိုလှောင်မည့် အိုင်တမ်အချို့ကို ရွေးပါ။
- အရန်သိမ်းဖိုင် တစ်ခုချင်းစီ၏ အရွယ်အစားနှင့် ၎င်းတွင် ပါဝင်သည့် ဖိုင်အရေအတွက်ကို ကြည့်ပါ။

Samsung မက်ဆင်ဂျာနှစ်ခုတွဲ
- မက်ဆေ့ခ်ျပို့အက်ပ်၏ ဒုတိယကော်ပီတစ်ခုကို တပ်ဆင်ခြင်းဖြင့် အကောင့်နှစ်ခုကို တစ်ချိန်တည်းမှာ သုံးနိုင်ပါမည်။ ဖုန်းနံပါတ်များသုံး၍ အကောင့်ကို စိစစ်ထားသည့် အက်ပ်များဆိုလျှင်၊ အကောင့်တစ်ခုစီအတွက် မတူသော ဖုန်းနံပါတ်တစ်ခု လိုအပ်ပါမည်။
- ဒုတိယအကောင့် ထည့်သွင်းရန် (သို့) သတ်မှတ်ချက်များ - အဆင့်မြင့်အစီအစဉ်များ - မက်ဆင်ဂျာနှစ်ခုတွဲသို့ သွားရန် ပင်မ (သို့) အက်ပ်ဖန်သားပြင်ပေါ်ရှိ မက်ဆေ့ခ်ျပို့အက်ပ်ကို ဖိ၍နှိပ်ထားပါ။

Find My Mobile
- သင့်ဖုန်း ပျောက်သောအခါ Samsung Cloud ထဲမှာ စိတ်ချရသည့်ဖိုင်တွဲကို အဝေးကနေ အရန်သိမ်းပါ။
- Find My Mobile သုံး၍ Samsung Pass ကို သော့ခတ်ပါ။

အခြား ပိုကောင်းအောင်လုပ်ထားသည်များ
- ဘလူးတုသ်တွင် AAC နှင့် Sony LDAC တို့အပါအဝင် အရည်အသွေးမြင့် အော်ဒီယိုကုဒ်ဒီများကို ယခု ပံ့ပိုးပေးပါသည်။
- ဗီဒီယိုစလေရာတွင် အော်တိုပြန်ကျော့ခြင်းနှင့် မြန်နှုန်း 2x ရွေးပိုင်ခွင့်တို့ ပါဝင်ပါသည်။
- ဗီဒီယိုရီကော်တာတွင် အသံသွင်းနေစဉ် ခေါ်ဖုန်းများကို အဆင်ပြေစွာ ပိတ်ဆို့ရန် စမတ်အကြံပေးချက်များကို စီစဉ်ပေးထားသည်။
- Microsoft Exchange ActiveSync အီးမေးလ်များကို အီးမေးလ်ဖြင့် အလံပြနိုင်ပါသည်။
- Samsung Health ၏ ကပ်တွယ်အသိပေးချက်အသစ်ဖြင့် သင်၏ ခြေလှမ်းအရေအတွက်ကို ချက်ချင်း ကြည့်နိုင်ပါသည်။
- နာရီတွင် အလျားလိုက်အနေအထားနှင့် အချိန်မှတ်စက်အတွက် အသံ ရွေးချယ်စရာများ ယခု ပါဝင်ပါသည်။
- ဒစ်ဂျစ်တယ် နာရီဝစ်ဂျစ်ကို သင် နှိပ်လိုက်ပါက နာရီ အက်ပ်ထဲသို့ တိုက်ရိုက် ရောက်သွားပါသည်။
- Samsung Pass တွင် ပြင်ပ အက်ပ်များတွင် အသုံးပြုသူအမည်များနှင့် စကားဝှက်များကို စီမံနိုင်စွမ်းကို ထပ်ထည့်ထားပါသည်။