ဆော့ဖ်ဝဲ အပ်ဒိတ်တစ်ခုတွင် ပါဝင်နိုင်သည်မှာ၊ သို့သော် ၎င်းတို့ဖြင့် မကန့်သတ်ပါ
သင့်ကိရိယာမှ အကောင်းဆုံးအရာများကို ရယူရန် သင့် ကိရိယာ ကို နောက်ဆုံးထုတ် အဆင့်သို့ မြှင့်ထားပြီး ဆော့ဖ်ဝဲ အပ်ဒိတ်များကို ပုံမှန် စစ်ဆေးပါ။
Galaxy Watch4 Classic (SM-R890)
တည်ဆောက်နံပါတ် : R890XXU2JZC2
အန်ဒရွိုက်ဒ်ပုံစံ : B(AndroidWear 6.0)
ထုတ်သည့် နေ့စွဲ : 2026-03-26
လုံခြုံရေးကုစားမှု အဆင့် : 2026-02-05
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
ကိရိယာ အပြုအမူကို တိုးမြှင့်ထားပါသည်။
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
ဤအပြောင်းအလဲများသည် မော်ဒယ်လ်၊ နိုင်ငံ သို့မဟုတ် ဖောက်သည် ပတ်ဝန်းကျင်ရှိ ကွန်ရက် အော်ပရေတာအလိုက် ပြောင်းလဲနိုင်သည်။
တည်ဆောက်နံပါတ် : R890XXU1JYL6
အန်ဒရွိုက်ဒ်ပုံစံ : B(AndroidWear 6.0)
ထုတ်သည့် နေ့စွဲ : 2026-01-27
လုံခြုံရေးကုစားမှု အဆင့် : 2026-01-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
ကိရိယာ အပြုအမူကို တိုးမြှင့်ထားပါသည်။
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
ဤအပြောင်းအလဲများသည် မော်ဒယ်လ်၊ နိုင်ငံ သို့မဟုတ် ဖောက်သည် ပတ်ဝန်းကျင်ရှိ ကွန်ရက် အော်ပရေတာအလိုက် ပြောင်းလဲနိုင်သည်။
တည်ဆောက်နံပါတ် : R890XXU1JYK4
အန်ဒရွိုက်ဒ်ပုံစံ : B(AndroidWear 6.0)
ထုတ်သည့် နေ့စွဲ : 2025-12-22
လုံခြုံရေးကုစားမှု အဆင့် : 2025-10-01
One UI 8 Watch အဆင့်မြှင့်ခြင်း
အရာတိုင်းကို ပြီးအောင်လုပ်ပါ
Now bar ဖြင့် အရေးကြီး အလုပ်များကို ထိပ်ဆုံးမှာ ရှိနေပါစေ
သင်ယခု လိုအပ်နေသည့် အချက်အလက်ကို စစ်ဆေး၍ သင်၏ နာရီ မျက်နှာပြင်မှ မဖြစ်မနေ လိုအပ်သည့် အင်္ဂါရပ်များကို ချက်ခြင်း စတင်ပါ။ သင်၏ နာရီ အောက်ခြေရှိ Now bar တွင် လုပ်ဆောင်နေဆဲ အလုပ်များ ပေါ်လာမည်ဖြစ်သည့်အတွက် အဓိက အချက်အလက်များကို အမြန် စစ်နိုင်သည်။
နှစ်ချက်ရိုက်ချက်ဖြင့် ပို၍လုပ်ဆောင်ခြင်း
အသိပေးချက်များကို လျှောက်ကြည့်ရန် သင့်လက်မနှင့် လက်ညှိုးကို အတူ နှစ်ကြိမ် ရိုက်လိုက်ပြီး သီချင်းများ ထိန်းချုပ်ပါ၊ ဓာတ်ပုံများ ရိုက်၍ နောက်ထပ်အရာများ လုပ်ဆောင်ပါ။ နာရီမျက်နှာပြင်၊ တေးဂီတထိန်းချုပ်ကိရိယာအပြင် နှိုးစက်၊ ပြက္ခဒိန်နှင့် သတိပေးချက် သတိပေးချက်များကို နှစ်ဆဆွဲသည့်အခါတွင် ဖြစ်ပျက်သည့်အရာကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ အခြေအနေတစ်ခုစီတွင် သင်အလိုအပ်ဆုံး လုပ်ဆောင်ချက်များကို ရွေးချယ်ပါ။
သတိပေးချက်များကို အရေးကြီးကြောင်း အမှတ်အသားပြုပါ
ကြယ်ပွင့် အိုင်ကွန်ကို နှိပ်ခြင်းဖြင့် သတိပေးချက်များကို အရေးကြီးကြောင်း အမှတ်အသားပြုပါ။ သင်မှ ၎င်းတို့အား သတိရကြောင်း သေချာစေရန် စာရင်းထိပ်ဆုံးရှိ အရေးကြီး အသိပေးချက်များ ပင်ထိုးထားရန် ရွေးချယ်ထားနိုင်သည်။
ပြောင်းလဲထားသည့် ပြုလုပ်ချက် အသစ်များ
သင့်နာရီအား အားသွင်းနေချိန်တွင် စခရင် ပုံစံ အသစ်နှင့် သက်ဝင်လှုပ်ရှားမှုများသည် လက်ရှိ ဘက်ထရီ အားနှင့် လက်ကျန် အားသွင်းချိန်ကို အလွယ် စစ်ဆေးနိုင်သည်။
ဆက်လက် ချိတ်ဆက်ထားသည်
အသိပေးချက်များနှင့် သတိပေးမှုများကို အလွယ် တုံ့ပြန်ခြင်း
အသိပေးချက်များနှင့် သတိပေးချက်များ အမြန် တုံ့ပြန်ရန် လက်ဟန်များ သုံးပါ။ အသိပေးချက်များ ပေါ်လာသည့်အခါ အသေးစိတ် ကြည့်ရန် သို့မဟုတ် စာပြန်ရန် နှစ်ချက် ရိုက်နိုင်သည်။ နာရီမျက်နှာသို့ ပြန်သွားရန် သင့်လက်ကောက်ဝတ်ကိုလည်း လှုပ်နိုင်သည်။
ပိုမိုကောင်းမွန်သော အသိပေးချက် မြင်ကွင်း
သင့်နာရီရှိ အသိပေးချက်များကို ယခုအခါ ပို၍ ဆွဲဆောင်မှုရှိသည့် ဒီဇိုင်းဖြင့် အသုံးပြုနိုင်ပါပြီ။ တူညီသည့် အက်ပ်မှ အသိပေးချက်များအား ဒေါင်လိုက် ထပ်ထားမည်ဖြစ်ပြီး သင့်အတွက် ပွတ်ချက်အနည်းငယ်ဖြင့် အသိပေးချက်များကို ကြည့်ရှူနိုင်ခွင့် ပေးထားပါသည်။
ပို၍ စမတ်ကျသော အသိပေးချက်များ သတ်မှတ်ချက်များ
သင့်နာရီတွင် သင့်ဖုန်းထံမှ အသိပေးချက်များ မည်သည့် လက်ခံမည်ကို ဆုံးဖြတ်ရာတွင် ပိုမို လွယ်ကူလာပါသည်။ သင်သည် စမတ်စက် ရွေးချယ်မှုကို ရွေးချယ်လျှင် သင်အသုံးပြုနေမှသာ သင်၏ ဖုန်းတွင် အသိပေးချက်များ ပေါ်လာမည်ဖြစ်ပြီး သင့်ဖုန်းတွင် မသုံးထားလျှင် သင်၏ နာရီတွင် ပေါ်လာပါမည်။ နှစ်ခုစလုံးတွင် အမြဲပြသပါ ပါ ရွေးချယ်ထားလျှင် အသိပေးချက်များသည် သင့်ဖုန်းနှင့် နာရီ နှစ်ခုစလုံးတွင် အမြဲတမ်း ပေါ်လာပါမည်။
သင့်ကျန်းမာရေးကို မြှင့်တင်ခြင်း
အိပ်ရာဝင်ချိန် လမ်းညွှန်မှု
အချိန်မှန် အိပ်ယာဝင်မှသာလျှင် လန်းလန်းဆန်းဆန်း နိုးထလာပါမည်။ အိပ်ရာဝင်ချိန် လမ်းညွှန်မှု အင်္ဂါရပ်အသစ်သည် သင်၏ အိပ်စက်မှု ဒေတာကို စိစစ်၍ တစ်ညချင်းစီအတွက် သင့်အတွက် အကောင်းဆုံး အိပ်ရာဝင်ချိန်ကို အကြံပြုပေးသည်။
စိတ်အာရုံတည်မှု
Samsung Health ရှိ စိတ်အာရုံတည်မှု အင်္ဂါရပ်အသစ်ဖြင့် သင့်နေ့စဉ် ဘဝရှိ စိတ်ဖိစီးမှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့အား စီမံပါ။ သင်၏ စိတ်များနှင့် စိတ်ခံစားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ စိတ်ဖိစီးမှု လျှော့ချနိုင်ရန် အသက်ရှူသည့် လေ့ကျင့်ခန်းကို လေ့ကျင့်ပါ။
သင့်အတွက် အံဝင်ခွင်ကျ လုပ်ဆောင်ထားသည်
ပြီးပြည့်စုံသည့် နာရီ ရှာဖွေခြင်း
သင့်အတွက် မှန်ကန်သည့် နာရီ မျက်နှာပြင်တစ်ခု ရှာဖွေရန် ယခု ပိုလွယ်ကူပါပြီ။ သင်ဆန္ဒရှိသည့် စတိုင်၊ အရောင်နှင့် အချက်အလက်ကဲ့သို့ ပြသရန် သော့ချက် စကားလုံး အနည်းငယ်ကို ရွေးချယ်ပါ။ ကျွန်ုပ်တို့၏ နာရီ မျက်နှာပြင် 300 ကျော် စုစည်းမှုမှ အကောင်းဆုံးကိုက်ညီမှုများကို အကြံပြုသွားပါမည်။
အကြံပြုထားသည့် နာရီ မျက်နှာပြင်များ
သင်ကြိုက်နှစ်သက်နိုင်သည့် နာရီမျက်နှာပြင် အသစ်များကို ရှာဖွေစူးစမ်းပါ။ သင့်လက်ရှိ နာရီနှင့် အလားတူ အရောင်များ၊ စတိုင်များ သို့မဟုတ် အချက်အလက်များနှင့် နာရီ မျက်နှာပြင်များကို နာရီ ရွေးချယ်ရေး စခရင်တွင် အကြံပြုသွားပါမည်။
သင့်ကိုယ်ပိုင် အကွက်များ ဖန်တီးခြင်း
သင်လိုအပ်သည့် အချက်အလက်များကို ပြသရန် ကိုယ်ပိုင် စိတ်ကြိုက် အကွက်များကို ဖန်တီးပါ။ မတူကွဲပြားသည့် အက်ပ်များကို အကွက်တစ်ခုထဲတွင် ပေါင်းစပ်ခြင်းဖြင့် အချက်အလက်များကို ပေါင်းစပ်နိုင်သည်။ မိုးလေဝသ အချက်အလက်၊ ပြက္ခဒိန် ပွဲများ၊ အသိပေးချက်များနှင့် နောက်ထပ်အရာများကို ထည့်နိုင်သည်။
စိတ်ကြိုက်လုပ်ထားသည့် အက်ပ်ဖန်သားပြင်
သင်အလိုအပ်ဆုံး အက်ပ်များကို အမြန် ဝင်ရောက်အသုံးပြုခွင့် ပေးရန် သင်၏ အက်ပ်ဖန်သားပြင်၏ ထိပ်ဆုံးရှိ လုပ်ဆောင်ထားသည့် အက်ပ်များ ပေါ်လာမည်။ သင်၎င်းတို့အား သင်မည်မျှ အသုံးပြုသည်နှင့် အခြား အသုံးပြုမှု ပုံစံများကို အခြေံ၍ အက်ပ်များကို လုပ်ဆောင်ထားပါသည်။ အိုင်ကွန်များမှအပ အမည်များနှင့် စာရင်းတစ်ခုအဖြစ် သင်၏ အက်ပ်များကိုလည်း ကြည့်နိုင်ပါသည်။
သင်၏ နာရီတွင် ပြသရန် ပြက္ခဒိန်များကို ရွေးချယ်ခြင်း
သင်၏ နာရီရှိ ပြက္ခဒိန် အက်ပ်ရှိ ပြသရန် မည်သည့် ပြက္ခဒိန်များကို ယခု ရွေးချယ်နိုင်ပါသည်။ သင့်ဖုန်းရှိ တူညီသည့် ပြက္ခဒိန်များအားလုံးကို ပြသနိုင်သည် သို့မဟုတ် သင်လိုအပ်သည့် ပြက္ခဒိန်များကိုသာ ပြသရန် စိတ်ကြိုက်လုပ်ပါ။
တည်ဆောက်နံပါတ် : R890XXU1IYI1
အန်ဒရွိုက်ဒ်ပုံစံ : U(AndroidWear 6)
ထုတ်သည့် နေ့စွဲ : 2025-10-28
လုံခြုံရေးကုစားမှု အဆင့် : 2025-08-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
ကိရိယာ အပြုအမူကို တိုးမြှင့်ထားပါသည်။
ဤအပြောင်းအလဲများသည် မော်ဒယ်လ်၊ နိုင်ငံ သို့မဟုတ် ဖောက်သည် ပတ်ဝန်းကျင်ရှိ ကွန်ရက် အော်ပရေတာအလိုက် ပြောင်းလဲနိုင်သည်။
တည်ဆောက်နံပါတ် : R890XXU1IYCD
အန်ဒရွိုက်ဒ်ပုံစံ : U(AndroidWear 6)
ထုတ်သည့် နေ့စွဲ : 2025-05-22
လုံခြုံရေးကုစားမှု အဆင့် : 2025-03-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : R890XXU1IXK1
အန်ဒရွိုက်ဒ်ပုံစံ : U(AndroidWear 6)
ထုတ်သည့် နေ့စွဲ : 2024-12-11
လုံခြုံရေးကုစားမှု အဆင့် : 2024-10-01
One UI 6 နာရီ အဆင့်မြှင့်တင်ခြင်း
သင့်နာရီအတွက် အသွင်အပြင် အသစ်တစ်ခု
နာရီမျက်နှာပြင်ပုံစံ အသစ်များကို ရှာဖွေပါ
သင်၏ကိုယ်ပိုင် တစ်ဦးချင်းစီစတိုင်ကို ဤကောင်းမွန်သည့် နာရီမျက်နှာပြင်ပုံစံအသစ်များဖြင့် ဖော်ပြပါ။ အာကာသဒီဇိုင်း နံပါတ်သည် ကြီးမားထင်ရှားသောဂဏန်းများ၏ထိပ်တွင် အန်နာလော့ဂ်နာရီပုံစံကို ပံ့ပိုးပေးပါသည်။ Simple Digital သည် ရိုးရှင်းသော ဒီဇိုင်းပုံစံကို ပို၍နှစ်သက်သူများအတွက် ဖြစ်ပါသည်။ အထူး အချက်အလက်ပြ ဘုတ်ပြားသည် သင်၏ လေ့ကျင့်ခန်းဆိုင်ရာ သတင်းအချက်အလက်များကို လျင်မြန်စွာ စစ်ဆေးနိုင်စေပါသည်။ သင်သည် ဤနာရီမျက်နှာပြင်များကို Galaxy Wearable အက်ပ်၏ နာရီမျက်နှာပြင်များ အသားပေးဖော်ပြထားသည့် ကဏ္ဍအသစ်တွင် တွေ့ရှိနိုင်ပါသည်။ သင်သည် အရောင်များ၊ စတိုင်များနှင့် ပုံစံများ အပါအဝင် အဓိကသော့ချက်စာလုံးများဖြင့်လည်း နာရီမျက်နှာပြင်များကို ရှာဖွေနိုင်ပါသည်။
One UI အမြင်အာရုံဆိုင်ရာ မြှင့်တင်မှုများ
သင့် Galaxy ဖုန်းရှိ One UI အစိတ်အပိုင်းများနှင့် ပိုမို၍ ကိုက်ညီမှုရှိစေရန်အတွက် ခလုတ်များနှင့် လက်ပတ်များကဲ့သို့သော နာရီအစိတ်အပိုင်းများကို ပြန်လည်၍ဒီဇိုင်းပြုလုပ်ထားပါသည်။ သင်သည် ပို၍ စတိုင်ကျကာ ခေတ်မီမှုကို ခံစားရစေသည့် မူရင်းပါပုံစံ ဖောင့်အသစ်ကိုလည်း ရရှိမည် ဖြစ်ပါသည်။ သတ်မှတ်ချက်များတွင် မူရင်းပါပုံစံ ဖောင့်ကို ရွေးထားပါက ဖောင့်အသစ်ကို တွေ့ရပါလိမ့်မည်။ သင်က မတူညီသောဖောင့်ကို အသုံးပြုနေပါက၊ သင်သည် One UI 6 Watch သို့ အဆင့်မြှင့်လိုက်ပြီးနောက်တွင် ထိုဖောင့်ကို မြင်တွေ့နေရဆဲ ဖြစ်ပါလိမ့်မည်။
အဆင့်မြှင့်တင်ထားသည့် ဂရပ်ဖစ်အကွက်များ
အကွက်တစ်ခုစီ၏ မူလစခရင်ကို ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းများနှင့် ပိုမိုကိုက်ညီမှုရှိသော ခံစားမှုဖြင့် ပြန်လည်၍ဒီဇိုင်းပြုလုပ်ထားပါသည်။
သင့်ကိုယ်သင် ပိုမို၍ကျန်းမာစေရန် ပြုလုပ်ပါ
သင်၏ စွမ်းအင်အခြေအနေအဆင့်ကို Galaxy AI ဖြင့် စောင့်ကြည့်စစ်ဆေးပါ
Samsung Health ၏ AI-အသုံးပြုထားသည့် စွမ်းအင်ဆိုင်ရာအမှတ်အသစ်သည် သင်၏အိပ်စက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုအပေါ်အခြေခံ၍ သင်၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဖော်ပြပါသည်။ အကယ်၍ သင်၏ စွမ်းအင်ဆိုင်ရာရမှတ်သည် နည်းပါက အနားယူခြင်းသည် အကောင်းဆုံး ဖြစ်နိုင်ပါသည်။ အကယ်၍ သင်၏ စွမ်းအင်ဆိုင်ရာရမှတ်သည် မြင့်မားပါက၊ သင်နှစ်သက်သည့် လေ့ကျင့်ခန်းတွင် သင်၏အကောင်းဆုံးကိုယ်ပိုင်အချိန်ကို သတ်မှတ်နိုင်ပါသည်။ Galaxy AI သည် သင့်အား လမ်းကြောင်းမှန်ပေါ်တွင်ရှိနေစေရန် သီးခြားပြုလုပ်ထားသည့် အတွေးအမြင်များနှင့် လှုံ့ဆော်မှုကို ပံ့ပိုးပေးပါသည်။
ပိုမို၍ အသေးစိတ်သည့် အိပ်စက်ခြင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုကို ရယူပါ
အိပ်စက်ခြင်းဆိုင်ရာ အတွေးအမြင်အသစ်များသည် သင်၏အိပ်စက်မှုဆိုင်ရာအရည်အသွေးကို ပိုမိုအသေးစိတ်၍ တိကျသော ခွဲခြမ်းစိတ်ဖြာလေ့လာမှုကို ပေးပါသည်။ ယခုအခါ သင်၏ ပြည့်စုံသော အိပ်စက်ခြင်းဆိုင်ရာ အစီရင်ခံစာတွင် သင်၏နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် သင်အိပ်ယာပေါ်တွင်လှဲပြီးနောက် သင်အိပ်ပျော်သွားရန် ကြာသည့်အချိန်တို့ ပါဝင်ပါသည်။ အိပ်စက်ခြင်းဆိုင်ရာ သတင်းအချက်အလက်အသစ်ကို ရရှိရန် ညဘက်တွင် သင့်နာရီကို ဝတ်ဆင်ပါ။
သင်၏ ကိုယ်ပိုင် ပုံမှန်လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်များကို ပြုလုပ်ပါ
စိတ်ကြိုက်ပြုလုပ်ထားသည့် ပုံမှန်လေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်တစ်ခုအတွက် မတူညီသောလေ့ကျင့်ခန်းများကို ပေါင်းစပ်ပါ။ သင်သည် သတ်မှတ်ချက်များ၊ အကျော့အရေအတွက်များ၊ ကြာချိန်နှင့် အခြားအရာများအတွက် ရည်မှန်းချက်များကို သတ်မှတ်နိုင်ပါသည်။ သင်၏လုပ်ရိုးလုပ်စဉ်လေ့ကျင့်ခန်းကို စတင်ပြီးနောက်၊ သင်သည် သင့်ရည်မှန်းချက်ကို ပြည့်မီသည့်အခါ သင့်နာရီသည် နောက်လေ့ကျင့်ခန်းသို့ အလိုအလျောက် ပြောင်းလဲနိုင်ပါသည်။ သင်သည် လေ့ကျင့်ခန်းများကြားတွင် အနားယူချိန်များကို စိတ်ကြိုက်ရွေးချယ်သတ်မှတ်နိုင်ပါသည်။ သင်၏လုပ်ရိုးလုပ်စဉ်လေ့ကျင့်ခန်းကို ပြီးသွားသည့်အခါတွင် သင်သည် သင်၏ လုပ်ရိုးလုပ်စဉ်လေ့ကျင့်ခန်းတစ်ခုလုံးအတွက် သင့်ရလဒ်များကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်ပါသည်။
သင့်နာရီကို ကျွမ်းကျင်ပညာရှင်တစ်ဦးကဲ့သို့ ထိန်းချုပ်ပါ
နှစ်ခါဖိညှပ်ခြင်းဖြင့် ပိုမို၍ လုပ်ဆောင်ပါ
စခရင်ကို မထိတွေ့ဘဲ သင့်လက်မနှင့် လက်ညိုးကို နှစ်ခါဖိညှပ်ခြင်းဖြင့် လုပ်ဆောင်မှုကို အမြန်လုပ်ဆောင်ပါ။ သင်သည် ဖုန်းခေါ်ဆိုမှုများကို ပြန်ဖြေခြင်း၊ နှိုးစက်ပိတ်ခြင်း၊ သတိပေးချက်များကို ရွှေ့ကြည့်ခြင်း၊ တေးဂီတကို ထိန်းချုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် အခြားအရာများကို လက်တစ်ဖက်တည်းဖြင့် ပြုလုပ်နိုင်ပါသည်။ နေရာရရှိနိုင်သည့်အခါတွင်၊ လက်ချောင်းပုံစံအိုင်ကွန်တစ်ခုသည် နှစ်ချက်ဖိညှပ်ခြင်းဖြင့် ထိန်းချုပ်နိုင်သော ခလုတ်များပေါ်တွင် ပေါ်လာပါလိမ့်မည်။
သတိပေးချက်များနှင့် အကွက်များကို အမြန်ရွှေ့ကြည့်ပါ
သတိပေးချက်များစွာ သို့မဟုတ် အကွက်များကို တစ်ပြိုင်နက်တည်း ရွှေ့ကြည့်ရန် နာရီမျက်နှာပြင်မှ စခရင်ကို ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ အမြန်ပွတ်ဆွဲကြည့်ပါ။ သင်၏ ပွတ်ဆွဲကြည့်မှုနှုန်းသည် သင်ရွှေ့ကြည့်သည့် သတိပေးချက် သို့မဟုတ် အကွက် မည်မျှရှိသည်ကို ဆုံးဖြတ်ပေးပါသည်။
လက်ရှိလုပ်ဆောင်နေသည့် လုပ်ဆောင်မှုအားလုံးကို တစ်ပြိုင်နက်တည်း ကြည့်ရှုပါ
ဖုန်းခေါ်ဆိုမှုများ၊ လေ့ကျင့်ခန်းများ သို့မဟုတ် တေးဂီတဖွင့်ခြင်းကဲ့သို့သော လက်ရှိလုပ်ဆောင်မှုများစာရင်းကို ကြည့်ရှုရန် သင့်နာရီမျက်နှာပြင်၏အောက်ခြေကို တို့ထိပါ။ ၎င်းတို့ကြားတွင် အလွယ်တကူပြောင်းလဲနိုင်ရန် စာရင်းရှိ အရာတစ်ခုကို တို့ထိပါ။
အများအသုံးပြုသည့် အမူအရာများဖြင့် အဆင်ပြေလွယ်ကူသည့် လက်တစ်ဖက်တည်းဖြင့် အသုံးပြုခြင်း
ယခုအခါတွင် အများအသုံးပြုသည့် အမူအရာများသည် စခရင်ကို မထိတွေ့ဘဲ သင့်နာရီကို အသုံးပြုရာတွင် ပို၍လွယ်ကူစေရန် ပြုလုပ်ပေးပါသည်။ လက်ဟန်အမူအရာအသစ်သည် ယခင်စခရင်သို့ အလွယ်တကူ ပြန်သွားနိုင်စေရန် သင့်အား ကူညီပေးပြီး သင့်တွင် အဝင်ဖုန်းခေါ်ဆိုမှု ရှိသည့်အခါ သို့မဟုတ် နှိုးစက်မြည်သည့်အခါတွင် သင်သည် နောက်ထပ်လုပ်ဆောင်မှုများမလိုအပ်ဘဲ အများအသုံးပြုသည့် အမူအရာများကို ချက်ချင်းအသုံးပြုနိုင်ပါသည်။
သင့်လက်ကောက်ဝတ်ဖြင့် ထိတွေ့နေပါစေ
AI ဖြင့် ပိုမိုစမတ်ကျစွာ အကြောင်းပြန်ဆိုပါ
သင်ရရှိသည့် မက်ဆေ့ခ်ျနှင့် အံဝင်ခွင်ကျဖြစ်စေသော AI ဖြင့်ပြုလုပ်ထားသည့် ပြန်စာများဖြင့် မက်ဆေ့ခ်ျများကို လျင်မြန်စွာ တုံ့ပြန်ဖြေကြားပါ။ သင်သည် မက်ဆေ့ဂ်ျ အသိပေးချက်တစ်ခုကို ကြည့်ရှုသည့်အခါ အကြံပြုထားသည့် အကြောင်းပြန်စာများသည် ပေါ်လာပါလိမ့်မည်။ အကြောင်းပြန်စာများကို သင့်ဖုန်းတွင်သာ ထုတ်ပေးခြင်းဖြစ်သောကြောင့် သင့်မက်ဆေ့ဂ်ျများသည် လုံခြုံစွာရှိနေမည် ဖြစ်ပါသည်။ AI မှအကြံပြုထားသည့် အကြောင်းပြန်စာများကို ပံ့ပိုးပေးသော One UI 6.1.1 နှင့် အထက်ရှိသော ဖုန်းများနှင့် အတူ ချိတ်ဆက်အသုံးပြုပါ။
သင့်စိတ်ကြိုက် အီမိုဂျီရုပ်ပုံများဖြင့် အမြန်စာပြန်ပါ
သင်အများဆုံးအသုံးပြုသည့် အီမိုဂျီရုပ်ပုံများကို သင့်နှစ်သက်သည့် ရုပ်ပုံများအဖြစ် သတ်မှတ်နိုင်သောကြောင့် ၎င်းတို့ကို အမြန်ပေးပို့မှုအဖြစ် ပေးပို့ရန် အမြဲတမ်းရရှိနိုင်မည်ဖြစ်ပါသည်။
သင်၏ နာရီကို စိတ်ကြိုက်ပြင်ဆင်ပါ
သင့်အတွက် အရေးကြီးသည့် မိုးလေဝသ သတင်းအချက်အလက်များကို ပြသပါ
သင်အရေးစိုက်ဆုံးဖြစ်သည့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်ကို ပြသရန် သင်သည် သင်၏ မိုးလေဝသဆိုင်ရာအကွက်ကို ယခု တည်းဖြတ်နိုင်ပါပြီ။ နေ့စဉ်အလိုက်ကြိုတင်ခန့်မှန်းချက်၊ နာရီအလိုက်ကြိုတင်ခန့်မှန်းချက်၊ မိုးရွာသွန်းမှု၊ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ရာသီဥတုဆိုင်ရာ သိကောင်းစရာများနှင့် အခြားအရာများမှ ရွေးချယ်ပါ။
ဒေသ 2 ခုမှ နာရီများကို တစ်ချိန်တည်းတွင် ပြသပါ
သင်သည် မတူညီသောမြို့ 2 မြို့၏ အချိန်များကို တစ်ပြိုင်နက်တည်းပြသရန် သင်၏ ကမ္ဘာ့နာရီအကွက်ကို စိတ်ကြိုက်ပြင်ဆင်ပြီး အချိန်ကွာခြားမှုကို လျင်မြန်စွာစစ်ဆေးကြည့်ရှုနိုင်ပါသည်။
သင်၏ဖုန်းကို မဖွင့်ဘဲ အသိပေးချက်များကို ကြည့်ရှုထိန်းချုပ်လိုက်ပါ
သင့်ဖုန်းရှိ Galaxy Wearable အက်ပ်အား ဖွင့်ရန်မလိုအပ်ဘဲ အသိပေးချက်များကို သင့်နာရီတွင် တိုက်ရိုက်ပေးပို့နိုင်သည့် နာရီအက်ပ်များကို ရွေးချယ်ပါ။
မုဒ်များဖြင့် သင့်နာရီကို အလိုအလျောက်ပြုလုပ်ပါ
ယခုအခါ အိပ်စက်ခြင်းမုဒ်၊ လေ့ကျင့်ခန်းမုဒ် သို့မဟုတ် ရုပ်ရှင်မုဒ်ကဲ့သို့သော သင့်ဖုန်းတွင် သင်သတ်မှတ်ထားသည့် မုဒ်များသည် သင်ပြုလုပ်သည့်အရာ သို့မဟုတ် သင်ရောက်နေသည့် နေရာအပေါ်အခြေခံ၍ သင့်နာရီ၏ သတ်မှတ်ချက်အများစုကို အလိုအလျောက်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါသည်။ နာရီမျက်နှာပြင်များနှင့် မနှောင့်ယှက်ရမုဒ်အပြင်၊ မုဒ်များသည် ယခုအခါ အမြဲတမ်းပြသခြင်း၊ ပွင့်ရန် လက်ကောက်ဝတ်ကိုမြှောက်ခြင်း၊ ပွင့်ရန် စခရင်ကို ထိခြင်း၊ ပွင့်ရန် ဘေးဘောင်ကို ထိခြင်း၊ အသံမုဒ်နှင့် ချိတ်ဆက်မှုပြတ်တောက်ခြင်းဆိုင်ရာ သတိပေးချက်များကိုလည်း ထိန်းချုပ်နိုင်ပြီ ဖြစ်ပါသည်။ One UI 6.1.1 နှင့် အထက်ရှိသော ဖုန်းများနှင့် အတူ ချိတ်ဆက်အသုံးပြုပါ။
ပို၍ပင် များပြားသော တိုးတက်မှုများ
ပြက္ခဒိန်မှ လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်များကို သင့်နာရီမှ တိုက်ရိုက်စီမံဆောင်ရွက်ပါ
သင်သည် သင့်ဖုန်းကိုအသုံးပြုရန်မလိုအပ်ဘဲ သင့်လက်ကောက်ဝတ်ဖြင့် လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်များကို အမြန်ထည့်သွင်း သို့မဟုတ် တည်းဖြတ်နိုင်ပါသည်။ သင့်တစ်နေ့တာအတွက် အစီအစဉ်မည်မျှရှိသည်ကိုပြသရန် အပတ်စဉ်ပြက္ခဒိန်ကြည့်ရှုမှုမြင်ကွင်းကိုလည်း အပ်ဒိတ်ပြုလုပ်ထားပါသည်။
သင့်ဘက်ထရီကို ပို၍ကြာရှည်ခံအောင် ပြုလုပ်ပါ
စွမ်းအင်ချွေတာမှုမုဒ်ကို ဖွင့်ထားသည့်အခါတွင်၊ သင်သည် ယခင်ကထက် သင့်ဘက်ထရီကို ပိုမိုကြာရှည်ခံနိုင်စေရန် အလိုအလျောက် လေ့ကျင့်ခန်းကို ရှာဖွေသိရှိခြင်းနှင့် နောက်ကွယ်တွင် နှလုံးခုန်နှုန်းကို တိုင်းတာခြင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အင်္ဂါရပ်များအား ကန့်သတ်ရန်ကိုလည်း ရွေးချယ်နိုင်ပါသည်။
အားသွင်းနေစဉ်တွင် သင်၏နာရီကို အလိုအလျောက်ဖွင့်ပါ
အားသွင်းပြီးသည့်အခါတွင် သင့်နာရီကို ဖွင့်ရန်မလိုအပ်ဘဲ ချက်ချင်းအသုံးပြုပါ။ ဤအင်္ဂါရပ်ကိုအသုံးပြုရန် သတ်မှတ်ချက်များတွင် အလိုအလျောက်ပါဝါဖွင့်ခြင်းကို ဖွင့်ထားရန် လိုအပ်ပါသည်။
ဘလူးတုသ် အသံဆိုင်ရာ ကိရိယာများကို အလိုအလျောက် ချိတ်ဆက်ပါ
သင့်နာရီတွင် သီချင်းစဖွင့်သည့်အခါ၊ သင့်ဘလူးတုသ်နားကြပ် သို့မဟုတ် စပီကာများသည် သင့်နာရီ သို့မဟုတ် ဖုန်းနှင့် တွဲဆက်ထားပါက ၎င်းတို့သည် သီချင်းဖွင့်ရန် အလိုအလျောက်ချိတ်ဆက်သွားမည် ဖြစ်ပါသည်။ အကယ်၍ ချိတ်ဆက်ရန်အတွက် တွဲဆက်ထားသည့် ဘလူးတုသ် အသံဆိုင်ရာ ကိရိယာများ မရှိလျှင်၊ သင့်တေးဂီတအက်ပ်သည် ၎င်းကို ပံ့ပိုးနိုင်ပါက သီချင်းကို သင့်နာရီ၏ စပီကာမှတစ်ဆင့် ဖွင့်ပေးမည် ဖြစ်ပါသည်။
တည်ဆောက်နံပါတ် : R890XXU1HXB7
အန်ဒရွိုက်ဒ်ပုံစံ : T(AndroidWear 5)
ထုတ်သည့် နေ့စွဲ : 2024-03-21
လုံခြုံရေးကုစားမှု အဆင့် : 2024-03-01
• Workout Tracker ပံ့ပိုးမှု
သင်၏ Galaxy Watch ကို သင်၏ Samsung TV နှင့် ချိတ်ဆက်ခြင်းဖြင့် သင်သည် သင်၏ နာရီမှ ကာယလေ့ကျင့်ခန်း ဒေတာများကို သင်၏ TV စခရင်တွင် ကြည့်နိုင်ပါသည်။
※ ပံ့ပိုးထားသည့် ထုတ်ကုန်များနှင့် ချိတ်ဆက်မှု လိုအပ်ချက်များ
. 2024 မှ အသစ် ဖြန့်ချိထားသည့် Samsung TV/Smart Monitor/Projector/Life Style ထုတ်ကုန်များကို ပံ့ပိုးသည်။ သို့သော် ၎င်းသည် Samsung မူဝါဒပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
. ၎င်းကို Samsung TV တွင်ရော Galaxy Watch တွင်ပါ တူညီသော Samsung account ကို စာရင်းသွင်းထားရမည်ဆိုသည့် သတ်မှတ်ချက်ဖြင့် ပံ့ပိုးပါသည်။
. နောက်ထပ် အချက်အလက်များအတွက် 2024 တွင် ဖြန့်ချိသည့် TV ထုတ်ကုန်များ၏ Samsung Daily+ ပင်မစာမျက်နှာသို့ ဝင်ကြည့်ပါ။
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
တည်ဆောက်နံပါတ် : R890XXU1HWL1
အန်ဒရွိုက်ဒ်ပုံစံ : T(AndroidWear 5)
ထုတ်သည့် နေ့စွဲ : 2023-12-26
လုံခြုံရေးကုစားမှု အဆင့် : 2023-12-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
တည်ဆောက်နံပါတ် : R890XXU1HWH3
အန်ဒရွိုက်ဒ်ပုံစံ : T(AndroidWear 5)
ထုတ်သည့် နေ့စွဲ : 2023-09-11
လုံခြုံရေးကုစားမှု အဆင့် : 2023-07-01
One UI 5 နာရီ အဆင့်မြှင့်ခြင်း
နာရီ ဒိုင်ခွက်များ နှင့် ပြကွက်များ
• နာရီ ဒိုင်ခွက်များ နှင့် ပြကွက်များကို နောက်ထပ် အလွယ်တကူ ထည့်ပါ
ထောင်လိုက် အပြင်အဆင် အသစ်သည် သင့်အတွက် မှန်ကန်သော နာရီ ဒိုင်ခွက်များ နှင့် ပြကွက်များကို ရှာဖွေရလွယ်ကူစေပါသည်။
• သင့်ကိရိယာအားလုံး၏ ဘက်ထရီပမာဏကို စစ်ဆေးပါ
ဘက်ထရီ ပြကွက်အသစ်သည် သင့်နာရီ၊ ဖုန်းနှင့် Galaxy Buds ၏ ဘက်ထရီပမာဏကို လျင်မြန်စွာ စစ်ဆေးနိုင်စေပါသည်။
• ပိုမိုကောင်းမွန်သော နားကြပ် ထိန်းချုပ်ကိရိယာ ပြကွက်
သင့်နားကြပ်သည် 360 အော်ဒီယိုကို ထောက်ပံ့ပါက ယခုအခါ 360 အော်ဒီယိုကို နားကြပ် ထိန်းချုပ်ကိရိယာ အကွက်မှ အဖွင့်၊ အပိတ် လုပ်နိုင်ပါသည်။
• ကြာချိန်မှတ်စက်သို့ အမြန်ဝင်ခွင့်
သင်သည် ကြာချိန်မှတ်စက် အက်ပ်ကို မဖွင့်ဘဲ ကြာချိန်မှတ်စက်ပြကွက်အသစ်မှ ကြာချိန်မှတ်စက်များကို စတင်နိုင်ပါသည်။
• အယ်လ်ဘမ် သို့မဟုတ် အကြောင်းအရာ တစ်ခုကို သင်၏ နာရီ ဒိုင်ခွက် အဖြစ် သတ်မှတ်ပါ
ရုပ်ပုံ တစ်ခုတည်းအစား သင်ရွေးချယ်သည့် အယ်လ်ဘမ် သို့မဟုတ် အကြောင်းအရာတစ်ခုရှိ ရုပ်ပုံများကြား၌ နာရီ ဒိုင်ခွက် စက်ဝန်းကို ယခု သင်ပြုလုပ်နိုင်ပါသည်။ နာရီ ဒိုင်ခွက်သည် နာရီ စခရင်ကို သင်ဖွင့်လိုက်ချိန်တိုင်းတွင် မတူကွဲပြားသော ရုပ်ပုံ တစ်ခုသို့ ပြောင်းသွားပါမည်။
Samsung Health
• တိုးမြှင့်ထားသော အိပ်စက်မှု နည်းလမ်းပြသခြင်း
ဒီဇိုင်းပြန်ဆွဲထားသော ရလဒ်များ စခရင်သည် ညအချိန် သင်မည်မျှကောင်းစွာ အိပ်ပျော်ပုံကို နားလည်ရန် ပိုလွယ်ကူစေပြီး ယခုအခါ သင်သည် သင်၏ အလေ့အကျင့်များနှင့် အကြံပြုချက်များကို သင့်ါဖုန်းသို့ သွားကြည့်စရာမလိုဘဲ သင့်နာရီတွင်ပင် တိုက်ရိုက် စစ်ကြည့်နိုင်ပါသည်။
• စက်ဘီးစီးခြင်း ကာယလေ့ကျင့်ခန်းများကို အလိုအလျောက် မှတ်တမ်းတင်ပါ
Samsung Health သည် ယခုအခါတွင် သင်စက်ဘီးစီးခြင်းကို စတင်သည့်အချိန်ကို သိရှိနိုင်ပြီး သင်၏ကာယလေ့ကျင့်မှုကို အလိုအလျောက် မှတ်တမ်းတင်နိုင်ပါသည်။ သင်၏ စက်ဘီးစီးခြင်း လမ်းကြောင်းများကို အလိုအလျောက်မြေပုံတွဲရန်၊ မတွဲရန်လည်း သင်သတ်မှတ်နိုင်သည်။
• ပြေးလွှားခြင်း ကာယလှုပ်ရှားမှုများအတွင်း နှလုံး ခုန်နှုန်း လမ်းညွှန်ချက်ကို ရယူပါ
သင့်နာရီသည် သင့်လေ့ကျင့်ခန်း ပြင်းအားကို သင်စီမံခန့်ခွဲနိုင်စေရန် သင်ပြေးနေစဉ် ကိုယ်တိုင်စိတ်ကြိုက်လုပ်ထားသော နှလုံးခုန်နှုန်း ဇုန်များကို ပံ့ပိုးပေးနိုင်သည်။
• ပြေးလမ်းတွင် ပြေးလွှားမှုများအတွက် ပို၍ တိကျသော ရလဒ်များ
ပုံမှန် မီတာ 400 ပြေးလမ်းတွင် သင်စတင်ပြေးနေပါက သင့်နာရီသည် အကျော့များနှင့် အကွာအဝေးများအတွက် ပို၍တိကျသော ရလဒ်များ ပေးရန် သင်ပြေးနေသည့် လမ်းကြောကို ခွဲခြားသိရှိနိုင်ပါသည်။
• သင့်ကိုယ်ပိုင် လေ့ကျင့်ခန်းကို ဖန်တီးပါ
ရွေးချယ်စရာများ စာရင်းတွင် သင့်လေ့ကျင့်ခန်းကို ရှာမတွေ့နိုင်ဘူးလား။ သင်၏ အကွာအဝေး၊ မြန်နှုန်း၊ လမ်းကြောင်းနှင့် အခြားအရာများကို တိုင်းတာသည့် သင့်ကိုယ်ပိုင်စိတ်ကြိုက် လေ့ကျင့်ခန်းကို ယခု သင်ဖန်တီးနိုင်ပါသည်။
အရန်သိမ်းခြင်းနှင့် နဂိုအတိုင်း ပြန်ထားခြင်း
• သင့်နာရီဒေတာကို ဘေးကင်းစွာ ထားပါ
သင့်ဖုန်းကို သင့်နာရီနှင့် ချိတ်ဆက်ထားသည့်အခါ သင့်နာရီမှ ဖိုင်များနှင့် ဒေတာများကို သင့်ဖုန်းတွင် အခါအားလျော်စွာ အရန်သိမ်းပါသည်။ သင်သည် အရန်သိမ်းမှုများကို Samsung Cloud တွင်လည်း သိမ်းဆည်းနိုင်ပါသည်။ သင့်ဖုန်းသည် ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် Smart Switch အက်ပ်၏ နောက်ဆုံးဗားရှင်းကို လိုအပ်ပါသည်။
• သင့်နာရီကို ဖုန်းအသစ်တစ်လုံးသို့ လွှဲပြောင်းပါ
ဖုန်းတစ်လုံးမှ နောက်တစ်လုံးသို့ ကူးပြောင်းရန်မှာ ယခင်ကထက် ပိုလွယ်ကူပါသည်။ သင့်တွင် လွှဲပြောင်းပြီးနောက် သင့်နာရီ ဒိုင်ခွက်များနှင့် အက်ပ်များ ရှိနေပါဦးမည်။
သင့်ဖုန်းကို ထိန်းချုပ်ပါ
• နောက်ထပ် ခေါ်ဆိုမှု အထိန်းများ
သင့်ဖုန်းကို ထိကိုင်စရာမလိုဘဲ ဖုန်းခေါ်ဆိုမှုများကို ထိန်းချုပ်မှု ယခုပိုရရှိပါသည်။ သင်သည် ဖုန်းခေါ်ဆိုမှု အသံအတိုးအကျယ်ကို ချိန်ညှိခြင်း၊ အသံဖျောက်ခြင်းအပြင် ကီးပတ်ပေါ်ရှိ ခလုတ်များကို နှိပ်ခြင်းတို့ကို သင့်နာရီမှနေ၍ပင် လုပ်ဆောင်နိုင်ပါသည်။
• သင့်နာရီမှ ရုပ်ပုံများ ရိုက်ပါ
ကင်မရာသည် သင့်Galaxy Z Flip5 သို့မဟုတ် Fold5 ပေါ်တွင် ပြောင်းလွယ်ပြင်လွယ် အနေအထား သို့မဟုတ် အရှင်အနေအထားဖြင့် ရှိနေပါစေ ကင်မရာအိုင်ကွန်သည် သင့်နာရီဒိုင်ခွက်၏ အောက်ခြေတွင် ပေါ်လာပါမည်။ သင့်နာရီပေါ်ရှိ ကင်မရာ ထိန်းချုပ်မှုများကို အမြန်ဝင်ကြည့်ရန် အိုင်ကွန်ကို တို့ထိပါ။
နောက်ထပ်ပြောင်းလဲမှုများ
• ပင်မခလုတ်ဖြင့် စာသားကို သတ်ပုံခေါ်ပါ
ဆမ်ဆောင်း ကီးဘုတ်ဖြင့် စာသား ထည့်သွင်းနေချိန်တိုင်းတွင် အသံရေးသွင်းချက်သို့ ချက်ချင်း ကူးပြောင်းရန် ပင်မခလုတ်ကို အချိန်မရွေး ဖိ၍နှိပ်ထားပါ။
• Bixby ကို သင့်အသိပေးချက်များ ဖတ်ပြခိုင်းပါ
သင့်တွင် သင့်နာရီနှင့် ချိတ်ဆက်ထားသည့် နားကြပ်များရှိပါက Bixby သည် သင့်အသိပေးချက်များကို ဖတ်ပြပေးနိုင်ပါသည်။ အသိပေးချက်ကို ဖတ်ပြခြင်း ပြီးဆုံးသည့်နောက် လုပ်ရမည့်အရာကို Bixby အား သင်ပြောပြပေးနိုင်ပါသည်။ ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် Bixby အား သင့်နာရီအတွက် ပုံသေ Voice Assistant အဖြစ် သတ်မှတ်ရန် လိုအပ်ပါသည်။
• ကြာချိန်မှတ်စက်များစွာကို တစ်ချိန်တည်း အသုံးပြုပါ
သင့်လုပ်ငန်းအားလုံးကို ခြေရာခံနိုင်စေရန် ယခုအခါ တစ်ချိန်တည်းတွင် ကြာချိန်မှတ်စက် အခု 20 အထိကို သင်ဖွင့်ထားနိုင်ပါသည်။
• သင်၏ ဆေးဘက်ဆိုင်ရာအချက်အလက်ကို အရေးပေါ်ဖြစ်ရပ်တွင် မျှဝေပါ
ခပ်ပြင်းပြင်း ပြုတ်ကျမှုကို တွေ့ရှိသည့်အခါ သို့မဟုတ် သင်သည် အရေးပေါ် SOS လုပ်ဆောင်ချက်ကို စတင်ရန် ပင်မခလုတ်ကို 5 ကြိမ် နှိပ်လိုက်သည့်အခါ သင်၏ ဆေးဘက်ဆိုင်ရာ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန် ခလုတ်တစ်ခုသည် အလိုအလျောက် ပေါ်လာပါမည်။
• ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု
သင့်နာရီ၏ ဘက်ထရီ၊ သိုလှောင်ခန်းနှင့် မှတ်ဉာဏ်တို့၏ အခြေအနေကို စစ်ဆေးပြီး ဘက်ထရီသက်တမ်းကို တိုးချဲ့ရန်နှင့် သင့်နာရီချောမွေ့စွာ လုပ်ဆောင်နေစေရန် ပြဿနာများကို ချက်ချင်း ဖြေရှင်းပါ။
• သင့်နာရီကို မထိကိုင်ဘဲ ထိန်းချုပ်ပါ
ကမ္ဘာလုံး လက်ဟန်များဖြင့် စခရင်ကို မတို့ထိဘဲ သို့မဟုတ် ခလုတ်ကို မနှိပ်ဘဲ သင့်နာရီကို သင်ထိန်းချုပ်နိုင်ပါသည်။ သင်သည် သင့်လက်ကောက်ဝတ်လှုပ်ခါခြင်း၊ လက်သီးဆုပ်ခြင်း သို့မဟုတ် သင့်လက်ချောင်းများကို ညှစ်ခြင်းကဲ့သို့ လက်ဟန်များတွင် လုပ်ဆောင်ချက်များစွာကို သတ်မှတ်နိုင်ပါသည်။
• အက်ပ်များကို ဖိုင်တွဲများတွင် စုစည်းပါ
သင်လိုအပ်သော အက်ပ်များကို ဆွဲရွှေ့မှုအနည်းငယ်ဖြင့် အမြန် ရှာတွေ့ရန်အလို့ငှာ သင့်အက်ပ်များကို စုစည်းထားရန် ဖိုင်တွဲများကို ဖန်တီးပါ။
• သင့်နာရီကို ဘေးကင်းစွာ ထားပါ
သင်သည် PIN သို့မဟုတ် ပက်တန်တစ်ခုကို သင့်နာရီတွင် သတ်မှတ်လိုက်ပါက စက်ရုံထုတ်အတိုင်း ပြန်သတ်မှတ်မှုလုပ်ပြီးနောက် သင့်နာရီကို ပြန်မသတ်မှတ်နိုင်ခင် PIN သို့မဟုတ် ပက်တန်တစ်ခုကို ထည့်သွင်းရပါမည်။ ထိုသို့လုပ်ခြင်းက သင့်နာရီ ပျောက်ဆုံး သို့မဟုတ် အခိုးခံရပါက တစ်စုံတစ်ယောက် အသုံးပြုခြင်းမှ ကြိုတင်ကာကွယ်ပေးပါသည်။
သင့်နာရီကို အဆင့်မြှင့်ပြီးနောက် အက်ပ်အချို့ကို သီးခြား အပ်ဒိတ်လုပ်ရန် လိုအပ်ပါမည်။
တည်ဆောက်နံပါတ် : R890XXU1GWD6
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 4)
ထုတ်သည့် နေ့စွဲ : 2023-04-28
လုံခြုံရေးကုစားမှု အဆင့် : 2023-04-01
• Samsung Health
ဤအပလီကေးရှင်းကို နောက်ဆုံး ဗားရှင်းသို့ အပ်ဒိတ်လုပ်သွားပါမည်။
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
တည်ဆောက်နံပါတ် : R890XXU1GWB1
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2023-02-13
လုံခြုံရေးကုစားမှု အဆင့် : 2023-01-01
• ကင်မရာ ထိန်းချုပ်မှု လုပ်ဆောင်ချက်အသစ် ထည့်ထားသည်
စခရင်ပေါ်တွင် သင့်လက်ကို ညှစ်ခြင်း သို့မဟုတ် ချဲ့ခြင်း သို့မဟုတ် ဘီဇယ်ကွင်းကို လှည့်ခြင်းဖြင့် သင့်ဖုန်း၏ ကင်မရာ ချုံ့ချဲ့ခြင်းကို အဝေးမှ ထိန်းချုပ်ပါ။
※ ဤလုပ်ဆောင်ချက်သည် One UI 5.1 သို့မဟုတ် နောက်ပိုင်း ဗားရှင်းပါသည့် Samsung Galaxy S20 နှင့် Z Flip ထွက်ပြီးနောက် ဖြန့်ချိသည့် အထင်ကရ မော်ဒယ်များကိုသာ ထောက်ပံ့ပါသည်။
• Samsung အဖွဲ့ဝင်များ
ချိတ်ဆက်ထားသည့် ဖုန်းတွင် Galaxy Watch ၏ ဘက်ထရီ အခြေအနေ၊ တို့ထိ စခရင် လုပ်ဆောင်ချက်၊ အစရှိသည်တို့ကို စစ်ဆေးရန် "ချိတ်ဆက်ထားသော ကိရိယာ ချို့ယွင်းချက်ရှာဖွေမှု" ရွေးချယ်စရာအသစ်တစ်ခုကို ထည့်သွင်းထားသည်။
※ ချိတ်ဆက်ထားသော ကိရိယာ ချို့ယွင်းချက်ရှာဖွေမှု' လုပ်ဆောင်ချက်ကို အသုံးပြုခြင်းအတွက် Samsung Members နှင့် Galaxy Wearable အက်ပ်ကို နောက်ဆုံး ဗားရှင်းများသို့ အပ်ဒိတ်လုပ်ပါ။
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
တည်ဆောက်နံပါတ် : R890XXU1GVK7
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-12-13
လုံခြုံရေးကုစားမှု အဆင့် : 2022-11-01
• နာရီ ဒိုင်ခွက်
အသစ်စက်စက် ဒီဇိုင်းဆွဲထားသော ဘောလုံးပုံ နာရီမျက်နှာပြင်ပုံစံများကို ပေါင်းထည့်ထားသည်။
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
အသိပေးချက်များနှင့် ကိရိယာ အပြုအမူ တိုးမြှင့်ရန် တည်ငြိမ်မှု ကုဒ်များကို အသုံးပြုထားသည်။
တည်ဆောက်နံပါတ် : R890XXU1GVK4
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-11-14
လုံခြုံရေးကုစားမှု အဆင့် : 2022-11-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ငြိမ်ကုဒ်နှင့် သက်ဆိုင်သည့် ပါဝါ လုပ်ဆောင်ချက်တစ်ခုအား အသုံးပြုထားပါသည်။
※ အပ်ဒိတ် လုပ်ဆောင်နေစဉ်အတွင်း အမှားများ ဖြစ်တတ်သဖြင့် မလုပ်ဆောင်မီ သင့်အရေးကြီး ဒေတာများကို အရန်သိမ်းထားပါ။
* အရန်သိမ်းနည်း : Galaxy Wearable - နာရီ သတ်မှတ်ချက်များ - အကောင့်နှင့် အရန်သိမ်းမှု - ဒေတာ အရန်သိမ်းပါ
တည်ဆောက်နံပါတ် : R890XXU1GVI3
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-10-12
လုံခြုံရေးကုစားမှု အဆင့် : 2022-08-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
နာရီလုပ်ဆောင်မှုအတွက် တည်ငြိမ်ရေးကုဒ်များကို အသုံးချထားသည်။
တည်ဆောက်နံပါတ် : R890XXU1GVH2
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-09-06
လုံခြုံရေးကုစားမှု အဆင့် : 2022-08-01
• နာရီ ဒိုင်ခွက်
ပြီးပြည့်စုံသော စတိုင်နှင့် စိတ်ကြိုက်လုပ်နိုင်သော ရွေးစရာများဖြင့် အသစ်ဖြစ်ပြီး ပိုကောင်းသည့် နာရီမျက်နှာပြင်ပုံစံများကို ခံစားလိုက်ပါ။
- နာရီမျက်နှာပြင်ပုံစံ အသစ် 6 ခု
(ကျောက်ခဲလေးများ, ပန်းဥယျာဉ်, အချက်အလက်ပြဘုတ်ပြား, ပရို အန်နာလော့ဂ်, ရွေ့လျားကိန်းဂဏန်း, ရောင်ပြေးနံပါတ်)
- လက်ရှိ နာရီမျက်နှာပြင်ပုံစံများအတွက် ပို၍စိတ်ကြိုက်လုပ်နိုင်သော ရွေးစရာများကို ထည့်ထားသည်
(ဖုန်းခေါ်ပါ, ညွှန်းကိန်းများ, ဇာတ်ကောင်, အရောင်, ခက်ခဲစေသောအရာ, နာရီ အမျိုးအစား)
- အသစ်ဖြစ်သည့် ခက်ခဲစေသောအရာများကို ပေါင်းထည့်ထားသည်။
• နာရီ ပင်မ ဖန်သားပြင်
- နာရီမျက်နှာပြင်ပုံစံများကို သင့်အကြိုက်ဆုံးအဖြစ် ထည့်ပါ၊ နာရီမျက်နှာပြင်ပုံစံများကို ပိုမိုလွယ်ကူစွာ ရှာဖွေ ပြောင်းလဲပါ။
- နာရီမျက်နှာပြင်ပုံစံအသစ်များ အပါအဝင် သင့်အကြိုက်ဆုံး နာရီမျက်နှာပြင်ပုံစံ ထည့်ရန် နာရီမျက်နှာပြင်ပုံစံ စာရင်းကို စူးစမ်းလေ့လာပါ။
• ကင်မရာ ထိန်းချုပ်မှု
ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုကြား ပြောင်းရွှေ့နိုင်စေသည့် အင်္ဂါရပ်တစ်ခုကို ပေါင်းထည့်သွားပါမည်။
※ OneUI 4.1.1 သို့မဟုတ် နောက်ပိုင်းဗားရှင်းပါသည့် Galaxy S9 နှင့် Note9 နောက်ပိုင်း Samsung အထင်ကရ မော်ဒယ်များကိုသာ ထောက်ပံ့ပါသည်။
• အက္ခရာများ ထည့်သွင်းခြင်း
- QWERTY ကီးဘုတ်နှင့် လက်ဟန်များကို အသုံးပြု၍ အက္ခရာများကို သင်ထည့်သွင်းနိုင်ပါသည်။ (ဘာသာစကားအချို့ကို မထောက်ပံ့ပါ)
- စာသား အသွင်း လုပ်ဆောင်နေစဉ်အတွင်း (ကီးဘုတ်၊ အသံထည့်သွင်းမှုနှင့် လက်ရေး) စသည့် မတူညီသည့် အဝင် အနေအထားအကြား ပြောင်းလဲနိုင်သည်
• အသိပေးချက်များ
Samsung မက်ဆေ့ခ်ျ အသိပေးချက်များ၏ GIF သရုပ်ဖော်ခြင်း ပြန်ဖွင့်မှုကို ထောက်ပံ့ထားသည်။
• ဖုန်း၊ အဆက်အသွယ်များ
နာရီကို SIM နှစ်ကတ်ဖုန်းနှင့် ချိတ်ဆက်ထားသောအခါ၊
- ဖုန်းတွင် အသုံးပြုသည့် SIM သင်္ကေတကို နာရီတွင်ကဲ့သို့ တစ်ပုံစံတည်း ပြသပါသည်။
- ဖုန်းတွင် ဦးစားပေး SIM သတ်မှတ်မထားပါက နာရီတွင် ဖုန်းခေါ်ဆိုမှု ပြုလုပ်ရန် SIM ကို ရွေးနိုင်သည်။
- ဖုန်းတွင် ဦးစားပေး SIM သတ်မှတ်ထားလျှင်ပင် နာရီတွင် အခြား SIM များမှတစ်ဆင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရန် ၎င်းက ထောက်ပံ့သည်။
• မက်ဆေ့ခ်ျများ
- မက်ဆေ့ခ်ျ အသွားအလာများတွင် စာရေးသားရန် နေရာကို ပေးထားသည်။
- ထည့်သွင်းမှု နေရာတစ်လျှောက်တွင် လတ်တလောသုံးထားသည့် ထည့်သွင်း မုဒ်ကို ထောက်ပံ့ပေးထားသည်။
- စာမူပုံကြမ်း မက်ဆေ့ခ်ျများကို ထည့်သွင်း နေရာလွတ်တွင် သိမ်းဆည်းထားသည်။
• နှိုးစက်
“ရက်စွဲ၊ သတိပေးချက် အမည်၊ ခေတ္တပိတ်ထားပါ” သတ်မှတ်ချက်များ အင်္ဂါရပ်များကို ပေါင်းထည့်ထားသည်။
• အသံဖမ်းဖိုင်များ
နာရီတွင် မှတ်တမ်းတင်ထားသော ဖိုင်များကို ချိတ်ဆက်ထားသော ဖုန်းတွင် လျင်မြန်စွာ သိမ်းဆည်းထားသည်။
• သတ်မှတ်ချက်များ
- ဖောင့် အရွယ် သတ်မှတ်ချက်များအတွက် ပိုကြီးမားသော အရွယ်အစားများကို ထောက်ပံ့သည်။
• ဝင်ရောက်သုံးစွဲနိုင်မှု
- “တိုးမြှင့်ထားသော မြင်နိုင်မှု” အတွက် အပိုဆောင်း အရန်အင်္ဂါရပ်များကို ထောက်ပံ့ပါသည်။
- “အကြားအာရုံ အကူကိရိယာများ” အတွက် “ဘယ်ညာညှိသံ” ထိန်းချုပ် အင်္ဂါရပ်ကို ပေါင်းထည့်ခဲ့သည်။
- “အပြန်အလှန်တုံ့ပြန်မှုနှင့် လက်အသုံးပြုနိုင်မှု အားနည်းသူ” ကို ကူညီရန် “နှောင့်နှေးချိန်ကို ထိ၍ နှိပ်ထားပါ” သတ်မှတ်ချက်များ အင်္ဂါရပ်ကို ပေါင်းထည့်ခဲ့သည်။
• Bixby
ညွှန်ကြားချက်တစ်ခုတည်းဖြင့် လုပ်ဆောင်ချက်များစွာကို စုဝေးပြီး လုပ်ဆောင်သည့် “အမြန်ညွှန်ကြားချက်များ” အင်္ဂါရပ်ကို ထောက်ပံ့ပါသည်။
တည်ဆောက်နံပါတ် : R890XXU1FVD4
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-05-11
လုံခြုံရေးကုစားမှု အဆင့် : 2022-05-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
နာရီလုပ်ဆောင်မှုအတွက် တည်ငြိမ်ရေးကုဒ်များကို အသုံးချထားသည်။
တည်ဆောက်နံပါတ် : R890XXU1FVC8
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-04-13
လုံခြုံရေးကုစားမှု အဆင့် : 2022-03-01
• အဆင့်မြှင့်ထားသော Samsung Health လုပ်ဆောင်ချက်
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ဆောက်နံပါတ် : R890XXU1EVB4
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-03-02
လုံခြုံရေးကုစားမှု အဆင့် : 2022-01-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ဆောက်နံပါတ် : R890XXU1EVA8
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2022-02-09
လုံခြုံရေးကုစားမှု အဆင့် : 2022-01-01
• Galaxy S22 ၏ နောက်ခံပုံနှင့်အတူ လှုပ်ရှား နောက်ခံပုံ နာရီ မျက်နှာပြင် အပ်ဒိတ်။
• ကြိုးအသစ်များနှင့် လိုက်ဖက်စေရန် နာရီ မျက်နှာပြင်အသစ်များကို ထည့်ထားသည်။
• အရောင်များနှင့် နာရီ ဖောင့်များကဲ့သို့ နောက်ထပ် စိတ်ကြိုက်ဖန်တီးမှု ရွေးစရာများကို လက်ရှိ နာရီ မျက်နှာပြင်များတွင် ထည့်ထားသည်။
• ခန္ဓာကိုယ် ဟန်ချက်ညီမှုနှင့် လေ့ကျင့်ခန်း ထိရောက်မှုရှိရေးအတွက် အိမ်အပြင်ဘက် အပြေး လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေဓာတ် ဆုံးရှုံးမှုနှင့် လိုအပ်သော ရေ သောက်သုံးမှုဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးသည်။
• ပြေးခြင်းနှင့် စက်ဘီးစီးခြင်း လေ့ကျင့်ခန်းများအတွက် အားတင်လိုက်၊ လျှော့လိုက်လေ့ကျင့်မှုကို ထောက်ကူပေးသည်။ Galaxy Watch ဖြင့် နောက်ထပ် စနစ်တကျ လေ့ကျင့်ခန်း အစီအစဉ် ပြုလုပ်ပါ။
• လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ နာရီသည် သင်၏ နှလုံး ခုန်နှုန်း ပြန်ကျခြင်းကို တိုင်းတာပေးသည်။
သင်၏ ခေတ္တနားချိန်အတွင်း သင်၏ နှလုံး ခုန်နှုန်း မှန်ကန်စွာ ပြန်ကျလာခြင်း ရှိ၊ မရှိကို Galaxy Watch ဖြင့်စစ်ကြည့်ပါ။
• ယခုအခါ သင်၏ ကိုယ်ပိုင်စိတ်ကြိုက်လုပ်ထားသော အလုပ်ပမာဏကို ပြေးနေချိန်တွင် သင်ကြည့်နိုင်သည်။ သင်၏ အလုပ်ပမာဏကို အချိန်နှင့်တစ်ပြေးညီ စစ်ပြီး ချိန်ညှိပါ (ဤအချက်ပြမီးက VO2 အများဆုံး တန်ဖိုး၏ % ကို ပြသပေးသည်)။
• ယခုအခါ နာရီပေါ်တွင် တိုင်းတာထားသော နှလုံး ခုန်နှုန်းနှင့် ကယ်လိုရီများကို သင့်ဖုန်းဖန်သားပြင်ပေါ်တွင် သင်မြင်တွေ့နိုင်ပါသည်။ ၎င်းကို ဘေးကင်းသော စက်ဘီးစီးခြင်အတွက် အသုံးပြုပါ။
• သင့်ခန္ဓာကိုယ် ဖွဲ့စည်းမှု ခွဲခြမ်းစိတ်ဖြာချက်အတွက် တစ်ကိုယ်ရေပန်းတိုင်များ ယခု သတ်မှတ်နိုင်ပါပြီ။
သင်၏ တစ်ကိုယ်ရေပန်းတိုင်များကို သတ်မှတ်ပြီး ထိုပန်းတိုင်များ ဖြစ်မြောက်စေရန် အကြံပေးချက်များနှင့် တံဆိပ်များ ရယူပါ။
• နာရီဖြင့် တိုင်းတာသော အိပ်စက်မှု ဒေတာပေါ် အခြေခံ၍ သင့်စိတ်ကြိုက်ပြုလုပ်ပေးထားသည့် အိပ်စက်မှု လမ်းညွှန်ခြင်း အမျိုးအစား 8 ခုကို ပံ့ပိုးပေးသည်။
• သင်၏ အိပ်စက်မှု ပုံစံများနှင့် ကိုက်ညီစေရန် လမ်းညွန်ပေးသည့် ၄ ပတ်မှ ၅ ပတ်အတွင်း ပိုကောင်းသော အိပ်စက်မှု အလေ့အထများကို ဖန်တီးပါ။
※ အထွေထွေ ကျန်းမာကြံ့ခိုင်ရေး ရည်ရွယ်ချက်များအတွက်သာ ရည်ရွယ်ပါသည်။ သင်၏ ကိုယ်ပိုင် အကိုးအကားအတွက်သာ အိပ်စက်ခြင်း လမ်းညွှန်မှု ပေးသည်။ ဆေးဘက်ဆိုင်ရာ အခြေအနေ သို့မဟုတ် အိပ်စက်မှု မူမမှန်ခြင်းများကို ရှာဖွေသိရှိ၊ ရောဂါစစ်ဆေး သို့မဟုတ် ကုသမှုတွင် အသုံးပြုရန်အတွက် မရည်ရွယ်ပါ။ အကြံဉာဏ်ရယူရန်အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
• အသုံးပြုသူ အိပ်ပျော်နေသည်ကို ရှာဖွေသိရှိသောအခါ SmartThings သည် ကောင်းမွန်သော အိပ်စက်မှု ပတ်ဝန်းကျင်ကို ဖန်တီးရန် စမတ် ကိရိယာများအတွက် လုပ်ဆောင်ချက်များ သတ်မှတ်နိုင်ပါသည်။
• Galaxy တဘ်တွင် နာရီနှင့်အတူ ခန္ဓာကိုယ် ကြံ့ခိုင်ရေး အစီအစဉ်များကို ပံ့ပိုးပေးသည်။
နာရီဖြင့် တိုင်းတာသော လေ့ကျင့်ခန်း အချက်အလက် (HR / ကယ်လိုရီ လောင်ကျွမ်းမှု) ကို Galaxy Tab ဖန်သားပြင်တွင် အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးပါသည်။
• ဝတ်ဆင်လိုသော လက်ကောက်ဝတ်ပေါ်တွင် စိတ်ကြိုက် ဦးတည်ရာအတိုင်း နာရီ ဝတ်ဆင်နိုင်စေရန် အနေအထားဆက်စပ်မှု သတ်မှတ်ချက်များကို ပေါင်းထည့်ထားသည်။ နာရီနှင့် Galaxy Wearable အက်ပ်မှတစ်ဆင့် သင့်နာရီကို ဝတ်ဆင်ရသည့် ဦးတည်ရာကို စိတ်ကြိုက် ပြောင်းလဲနိုင်ပါသည်။
• ပိုမိုများပြားစုံလင်သော Bixby အသံ ကွန်မန်းများကို ပံ့ပိုးပေးသည်။
သင့် Bixby အသံ ကွန်မန်းသည် အသိပေးချက်များ ဖတ်ခြင်း၊ စာပြန်ခြင်းနှင့် မီဒီယာ ထိန်းချုပ်မှုများ ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
• သင့်ဖုန်းနှင့် နာရီကို ပထမဆုံးအကြိမ် သင်ချိတ်ဆက်သောအခါ သင့်လက်ရှိ ဖုန်းနှင့် အခြား အန်းဒရွိုက် ကိရိယာများတွင် သင်အသုံးပြုလေ့ရှိသည့် အက်ပ်များကို သင့်နာရီတွင် အလိုအလျောက် ထည့်သွင်းပါသည် (ရွေးချယ်ထားသော အက်ပ်က နာရီအတွက် ရှိနေမှသာ)။
※ အသုံးပြုသူ၏ Google account ဖြင့် ထည့်သွင်းထားသည့် အက်ပ်စာရင်းပေါ် အခြေခံ၍ မကြာခဏ အသုံးပြုသော အက်ပ်စာရင်းကို ဖော်ပြပါသည်။
• Galaxy Wearable အက်ပ်ရှိ Play Store တွင် လူကြိုက်များသော အက်ပ်မျိုးစုံကို ပိုမိုလွယ်ကူလျင်မြန်စွာ သိရှိလိုက်ပါ။
တည်ဆောက်နံပါတ် : R890XXU1DUK1
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2021-11-18
လုံခြုံရေးကုစားမှု အဆင့် : 2021-11-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ဆောက်နံပါတ် : R890XXU1DUJA
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2021-10-28
လုံခြုံရေးကုစားမှု အဆင့် : 2021-11-01
• နာရီ မျက်နှာပြင်များ
- နာရီ မျက်နှာပြင် အသစ် ၄ မျိုးကို ထောက်ပံ့သည်
- အတူတကွ၊ AR ရုပ်ပြောင်ပုံ၊ Bitmoji၊ နာရီ မျက်နှာပြင်- အသုံးပြုနိုင်မှုကို တိုးမြှင့်ထားသည်။
- ကျွန်ုပ်၏ ဓါတ်ပုံ နာရီ မျက်နှာပြင်- GIF ဖိုင်များကို ထောက်ပံ့သည်။
- တိရစ္ဆာန်၊ ချစ်စရာ ဇာတ်ကောင်၊ နာရီ မျက်နှာပြင်- စိတ်ကြိုက်လုပ် အင်္ဂါရပ်ကို တိုးမြှင့်ထားသည်။
- နာရီ မျက်နှာပြင်များ၏ အစီအစဉ်ကို အရန်သိမ်းခြင်းနှင့် နဂိုအတိုင်း ပြန်ထားခြင်းအပြင် ကြိုတင်ဖွင့်ထားသော နာရီ မျက်နှာပြင်များ၏ ပြောင်းလဲထားသော သတ်မှတ်ချက်များကို ထောက်ပံ့သည်။
• Samsung Health
- တိုးမြှင့်ထားသော HR တိုင်းတာမှု တိကျရေး အယ်လ်ဂိုရီသမ်ကို ပေါင်းထည့်ထားသည်။
- လဲကျကြောင်း တွေ့ရှိမှု အင်္ဂါရပ်တွင် တုံ့ပြန်နိုင်မှု ရွေးချယ်စရာကို ပေါင်းထည့်ထားသည်။
• လက်ဟန်ခြေဟန်
- အက်ပ်များ သို့မဟုတ် အင်္ဂါရပ်များကို ချက်ချင်း ပေါင်းထည့်နိုင်စေသည့် လက်ဟန်ခြေဟန် အသစ်တစ်ခုကို ပေါင်းထည့်ထားသည်။
• ဖုန်းခေါ်ပါ
- ဖုန်းဖြင့် စကားပြောနေစဉ် အသံပိတ်ပါ အခြေအနေပြ (သင်္ကေတနှင့် အသံပိတ်ပါ/အသံပိတ်ထားခြင်းကို ပြန်ဖွင့်ပါ အခြေအနေပြ) ကို ထောက်ပံ့သည်။
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ဆောက်နံပါတ် : R890XXU1CUJ2
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2021-10-18
လုံခြုံရေးကုစားမှု အဆင့် : 2021-08-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ဆောက်နံပါတ် : R890XXU1BUI5
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2021-09-22
လုံခြုံရေးကုစားမှု အဆင့် : 2021-08-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်
တည်ဆောက်နံပါတ် : R890XXU1BUH9
အန်ဒရွိုက်ဒ်ပုံစံ : R(AndroidWear 11)
ထုတ်သည့် နေ့စွဲ : 2021-08-26
လုံခြုံရေးကုစားမှု အဆင့် : 2021-08-01
• စနစ် တည်ငြိမ်မှုနှင့် စိတ်ချမှု ပိုကောင်းစေရန် လုပ်ဆောင်ထားသည်