ဆော့ဖ်ဝဲ အပ်ဒိတ်တစ်ခုတွင် ပါဝင်နိုင်သည်မှာ၊ သို့သော် ၎င်းတို့ဖြင့် မကန့်သတ်ပါ
သင့်ကိရိယာမှ အကောင်းဆုံးအရာများကို ရယူရန် သင့် ကိရိယာ ကို နောက်ဆုံးထုတ် အဆင့်သို့ မြှင့်ထားပြီး ဆော့ဖ်ဝဲ အပ်ဒိတ်များကို ပုံမှန် စစ်ဆေးပါ။
Galaxy S23 (SM-S911B)
တည်ဆောက်နံပါတ် : S911BXXU3BWJM
အန်ဒရွိုက်ဒ်ပုံစံ : U(Android 14)
ထုတ်သည့် နေ့စွဲ : 2023-11-28
လုံခြုံရေးကုစားမှု အဆင့် : 2023-10-01
One UI 6.0 အဆင့်မြှင့်ခြင်း
အမြန် ပန်နယ်
ခလုတ် အပြင်အဆင် အသစ်
အမြန် ထိန်းညှိပန်နယ်တွင် သင်အသုံးအများဆုံးသော အင်္ဂါရပ်များကို ဝင်သုံးရန် ပိုမိုလွယ်ကူအောင်လုပ်ပေးသည့် အပြင်အဆင် အသစ်တစ်ခု ပါရှိပါသည်။ ယခုအခါ Wi-Fi နှင့် ဘလူးတုသ်တို့တွင် စခရင်၏အပေါ်ဆုံး၌ ၎င်းတို့၏ ကိုယ်ပိုင်သတ်မှတ် ခလုတ်များ ရှိနေပြီး၊ အမှောင်မုဒ်နှင့် မျက်လုံး သက်သာမှု အကာအကွယ်ကဲ့သို့သော အမြင်ပိုင်းဆိုင်ရာ အင်္ဂါရပ်များကို အောက်ခြေသို့ ရွှေ့ပြောင်းထားပါသည်။ အခြားသော အမြန် သတ်မှတ်ချက်များ ခလုတ်များသည် အလယ်ရှိ စိတ်ကြိုက်လုပ်ဆောင်နိုင်သော ဧရိယာတွင် ပေါ်နေပါသည်။
အမြန် ထိန်းညှိပန်နယ် အပြည့်ထံ ချက်ခြင်း ဝင်သုံးခွင့်
မူရင်းပါပုံစံအရ၊ သင်က စခရင်၏အပေါ်ဘက်မှ အောက်ဘက်သို့ ပွတ်ဆွဲလိုက်သည့်အခါ အသိပေးချက်များပါရှိသော ကျစ်လစ်သည့် အမြန် ထိန်းညှိပန်နယ် ပေါ်လာပါသည်။ ထပ်မံ၍ အောက်သို့ ပွတ်ဆွဲလိုက်ခြင်းသည် အသိပေးချက်များကို ဝှက်လိုက်မည်ဖစ်ြကာ ထပ်ချဲ့ထားသော အမြန် ထိန်းညှိပန်နယ်ကို ပြသပါသည်။ သင်က အမြန် သတ်မှတ်ချက်များ ချက်ခြင်း ဝင်သုံးခွင့်ကို ဖွင့်ထားပါက၊ သင်သည် စခရင်၏အပေါ်ဆုံး ညာဘက်ခြမ်းမှ တစ်ကြိမ်ပွတ်ဆွဲလိုက်ခြင်းဖြင့် ထပ်ချဲ့ထားသော အမြန် ထိန်းညှိပန်နယ်ကို တွေ့မြင်နိုင်ပါသည်။ ဘယ်ဘက်ခြမ်းမှ ပွတ်ဆွဲချလိုက်ခြင်းသည် အသိပေးချက်များကို ပြသပါသည်။
အမြန်ဝင်သုံးနိုင်သော အလင်းအမှောင် ထိန်းချုပ်မှု
ယခုအခါ သင်က ပို၍ မြန်ဆန်လျင်မြန်သော အလင်းအမှောင် ချိန်ညှိမှုအတွက် စခရင်၏ထိပ်ဆုံးမှ တစ်ကြိမ် ပွတ်ဆွဲလိုက်သည့်အခါ ကျစ်လစ်သော အမြန် ထိန်းညှိပန်နယ်တွင် အလင်းအမှောင် ထိန်းချုပ်ဘားက မူရင်းပါပုံစံအတိုင်း ပေါ်လာပါသည်။
တိုးတက်လာသော အယ်လ်ဘမ် လက်ရာ ပြသမှု
ဂီတ သို့မဟုတ် ဗီဒီယိုများ ဖွင့်ထားစဉ်တွင်၊ ဂီတ သို့မဟုတ် ဗီဒီယိုများ ဖွင့်ထားသော အက်ပ်က အယ်လ်ဘမ် လက်ရာကို ထောက်ကူပေးပါက အသိပေးချက် ပန်နယ်တွင် မီဒီယာ အထိန်းတစ်ခုလုံးကို လွှမ်းခြုံထားပါလိမ့်မည်။
အသိပေးချက်များအတွက် ပိုကောင်းအောင်လုပ်ထားသော အပြင်အဆင်
ယခုအခါ အသိပေးချက် တစ်ခုချင်းစီသည် အသိပေးချက် တစ်ခုချင်းစီကို မှတ်ထားခြင်းကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးသည့် သီးခြားကတ်အဖြစ် မြင်ရပါသည်။
ပို၍ ထင်ရှားသော အသိပေးချက် သင်္ကေတများ
သင်သည် ပင်မနှင့် အက်ပ်များ စခရင်တို့တွင် အက်ပ်တစ်ခုချင်းစီအတွက် အသုံးပြုထားသော တူညီသည့် အရောင်အပြည့် သင်္ကေတများကို အသုံးပြုနိုင်ပါသည်။ သင်သည် ၎င်းကို သတ်မှတ်ချက်များတွင် ဖွင့်နိုင်ပါသည်။
အသိပေးချက်များကို အချိန်အလိုက် စဉ်ပါ
ယခုအခါ သင်သည် သင်၏ အသိပေးချက် သတ်မှတ်ချက်များကို ဦးစားပေးမှုအစား အချိန်အလိုက် စဉ်ရန် ပြောင်းလဲနိုင်ပြီဖြစ်သောကြောင့် သင်၏ နောက်ဆုံးရောက်ထားသည့် အသိပေးချက်များက အမြဲတမ်း ထိပ်ဆုံးတွင် ရှိနေပါသည်။
သော့ပိတ် ဖန်သားပြင်
သင့်နာရီကို နေရာပြန်ချခြင်း
ယခုအခါ သင်သည် သော့ပိတ် ဖန်သားပြင်တွင် သင်ရွေးချယ်သောနေရာထံ သင်၏ နာရီကို ရွှေ့ထားရန် ပို၍လွတ်လပ်ခွင့်ရှိသွားပြီ ဖြစ်ပါသည်။
ပင်မဖန်သားပြင်
ပို၍ရိုးရှင်းအောင်လုပ်ထားသော သင်္ကေတ အညွှန်းများ
ယခုအခါ ပို၍ရှင်းလင်းရိုးရှင်းသော အသွင်အပြင်အတွက် အက်ပ် သင်္ကေတ အညွှန်းများကို လိုင်းတစ်လိုင်းတည်းတွင် ကန့်သတ်ထားပြီ ဖြစ်ပါသည်။ "Galaxy" နှင့် "Samsung" တို့ကို ရှာဖွေရန် ပို၍တိုသွားပြီး ပို၍လွယ်ကူသွားစေရန် အက်ပ် အမည်အချို့ထံမှ ဖယ်ရှားထားပါသည်။
လက် 2 ဖက်ဖြင့် ပွတ်ဆွဲပြီးချပါ
သင့် ပင်မ ဖန်သားပြင်ပေါ်ရှိ အက်ပ် သင်္ကေတများ သို့မဟုတ် ဝစ်ဂျစ်များကို လက်တစ်ဖက်ဖြင့် ဆွဲရွှေ့ခြင်းဖြင့် စတင်လိုက်ပြီးနောက် ၎င်းတို့ကို ချထားလိုသော ဖန်သားပြင်နေရာထံ လမ်းညွှန်ရန် သင်၏ အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
အလုပ်အများအပြား လုပ်ကိုင်ခြင်း
ပေါ့-အပ် ဝင်းဒိုးများကို ဆက်ဖွင့်ထားပါ
သင်က လတ်တလောများ ဖန်သားပြင်ထံ သွားသည့်အခါ ပေါ့-အပ် ဝင်းဒိုးများကို ချုံ့လိုက်မည့်အစား၊ သင်က လတ်တလောများ ဖန်သားပြင်မှ ထွက်သွားပြီးနောက် သင်လုပ်ဆောင်နေသောအရာကို ဆက်လုပ်နိုင်စေရန် ယခုအခါ ပေါ့-အပ်များသည် ဆက်ပွင့်နေပါလိမ့်မည်။
Samsung Keyboard
ရုပ်ပြောင်ပုံ ဒီဇိုင်းအသစ်
သင့် မက်ဆေ့ခ်ျများ၊ လူမှုမီဒီယာ ပို့စ်များ၊ နှင့် သင့်ဖုန်း၏ အခြားနေရာများတွင် ပေါ်လာသည့် ရုပ်ပြောင်ပုံများကို သစ်လွင်လန်းဆန်းသော ဒီဇိုင်းအသစ်ဖြင့် အပ်ဒိတ်လုပ်ထားပါသည်။
ပါဝင်မှု မျှဝေခြင်း
ရုပ်ပုံ အကြိုကြည့်ရှုမှုများ
သင်က မည်သည့်အက်ပ်ထံမှမဆို ရုပ်ပုံများကို မျှဝေသည့်အခါ၊ ၎င်းတို့ကို မျှဝေခြင်းမပြုမီ ရုပ်ပုံများကို ပြန်သုံးသပ်နိုင်သည့် နောက်ထပ်အခွင့်အရေးတစ်ရပ်ကို ပေးစွမ်းရန် ရုပ်ပုံများ အစမ်းကြည့်ရှုမှုသည် မျှဝေမှု ပန်နယ် ထိပ်ဆုံးတွင် ပေါ်လာပါလိမ့်မည်။
မိုးလေဝသ
မိုးလေဝသ ဝဒ်ဂျက် အသစ်
မိုးလေဝသ သတင်း ဝဒ်ဂျက်သည် သင်၏ ဒေသတွင်း မိုးလေဝသ အခြေအနေများနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ဖော်ပြပေးပါသည်။ ပြင်းထန်သော မိုးသက်မုန်တိုင်းများ၊ နှင်းကျခြင်း၊ မိုးရွာခြင်း၊ နှင့် အခြားသော ဖြစ်ရပ်များက ကြိုတင်ခန့်မှန်းချက်တွင် ရှိနေသည့်အခါ သင်က တွေ့မြင်နိုင်ပါသည်။
မိုးလေဝသ အက်ပ်နှင့်ဆိုင်သည့် နောက်ထပ် သတင်းအချက်အလက်
ယခုအခါ နှင်းကျခြင်း၊ လအခြေအနေနှင့် အချိန်များ၊ လေထုဖိအား၊ မြင်နိုင်သော အကွာအဝေး၊ နှင်းရည်အမှတ်၊ နှင့် လေလမ်းကြောင်းတို့နှင့် ပတ်သက်သော သတင်းအချက်အလက်ကို မိုးလေဝသ အက်ပ်တွင် တွေ့နိုင်ပါသည်။
တုံ့ပြန်လုပ်ဆောင်သော မြေပုံ မြင်ကွင်း
မြေပုံအနှံ့တွင် ရွှေ့ရန် ပွတ်ဆွဲကာ ဒေသတွင်း မိုးလေဝသ အခြေအနေများကို ကြည့်ရှုရန် တည်နေရာကို တို့ထိပါ။ မြေပုံသည် မြို့၏ အမည်ကို သင်မသိလျှင်ပင် မိုးလေဝသ သတင်းအချက်အလက်များ ရှာဖွေနိုင်ရန် ကူညီပေးနိုင်သည်။
တိုးမြှင့်ထားသော သရုပ်ဖော်ပြချက်များ
လက်ရှိ မိုးလေဝသ အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်သော သတင်းအချက်အလက်များ ပေးအပ်ရန် မိုးလေဝသ ဝဒ်ဂျက်နှင့် အက်ပ်ရှိ သရုပ်ဖော်ပြချက်များကို တိုးမြှင့်ထားပါသည်။ တစ်နေ့တာ၏ အချိန်ပေါ်မူတည်၍ နောက်ခံ အရောင်များကလည်း ပြောင်းလဲပါသည်။
ကင်မရာ
ရိုးရှင်းပြီး အလိုလိုသိသော ဒီဇိုင်း
ကင်မရာ အက်ပ်၏ အလုံးစုံ အပြင်အဆင်ကို ရိုးရှင်းအောင်ပြုလုပ်ထားသည်။ ကြိုတင်ကြည့် ဖန်သားပြင်ပေါ်ရှိ အမြန် သတ်မှတ်ချက်များ ခလုတ်များကို နားလည်ရလွယ်ကူစေရန် ဒီဇိုင်ပြန်ထွင်ထားသည်။
စိတ်ကြိုက် ကင်မရာ ဝစ်ဂျစ်များ
သင်၏ ပင်မ ဖန်သားပြင်ပေါ်တွင် စိတ်ကြိုက် ကင်မရာ ဝဒ်ဂျက်များကို သင်ထည့်နိုင်ပါသည်။ သီးခြား ရိုက်ကူးမုဒ်ဖြင့် စတင်ရန် ဝစ်ဂျစ်တစ်ခုစီကို သင်သတ်မှတ်နိုင်ပြီး သင်ရွေးချယ်သည့် အယ်လ်ဘမ်တစ်ခုထဲတွင် ရုပ်ပုံများကို သိမ်းနိုင်သည်။
ရေစာများအတွက် နောက်ထပ် ချိန်ညှိမှု ရွေးစရာများ
သင့်ရေစာကို သင့်ဓာတ်ပုံများ၏ အပေါ် သို့မဟုတ် အောက်တွင် ပေါ်လာစေရန် ယခု သင်ရွေးချယ်နိုင်ပါသည်။
စာရွက်စာတမ်းများကို အလွယ်တကူ စကန်ဖတ်ပါ
ရှုခင်း အသင့်တော်ဆုံးချိန်ညှိကိရိယာကို ပိတ်ထားလျှင်ပင် စာရွက်စာတမ်းကို စကန်ဖတ်နိုင်စေရန် စာရွက်စာတမ်း စကန်ဖတ် အင်္ဂါရပ်ကို ရှုခင်း အသင့်တော်ဆုံးချိန်ညှိကိရိယာမှ သီးခြားခွဲထုတ်ထားသည်။ အော်တိုစကန်အသစ်သည် စာရွက်စာတမ်းတစ်ခုကို ရုပ်ပုံရိုက်ကူးသည့်အခါတိုင်း စာရွက်စာတမ်းများကို အလိုအလျောက် စကန်ဖတ်ခွင့်ပြုပါသည်။ စာရွက်စာတမ်းတစ်ခုကို စကန်ဖတ်ပြီးနောက် သင့်စာရွက်စာတမ်းကို သင်အလိုရှိရာလမ်းကြောင်းသို့ သင်လှည့်နိုင်သည့် ဖန်သားပြင် တည်းဖြတ်မည်သို့ သင့်ကို ခေါ်သွားပါမည်။
ပုံရိပ်ပြတ်သားမှု သတ်မှတ်ချက်များသို့ အမြန်ဝင်ခွင့်
သင်ရိုက်ကူးသည့် ဓါတ်ပုံများ၏ ပုံရိပ်ပြတ်သားမှုကို လျင်မြန်စွာ ပြောင်းလဲနိုင်စေရန်အလို့ငှာ ဓါတ်ပုံနှင့် ပရိုမုဒ်များရှိ စခရင်၏ အပေါ်ဆုံးရှိ အမြန် သတ်မှတ်ချက်များတွင် ပုံရိပ်ပြတ်သားမှု ခလုတ်ကို ယခု ရနိုင်ပါသည်။
ပိုလွယ်ကူသော ဗီဒီယို အရွယ်အစား ရွေးစရာများ
ဗီဒီယို အရွယ်အစား ခလုတ်ကို သင်တို့ထိလိုက်သည့်အခါ ပေါ့-အပ်တစ်ခု ယခုပေါ်လာပြီး ရွေးစရာအားလုံးကို မြင်တွေ့ပြီး မှန်ကန်သော ရွေးချယ်မှုများကို အလွယ်တကူ ပြုလုပ်နိုင်စေပါသည်။
သင့်ရုပ်ပုံများကို ညီညာစွာထားပါ
ကင်မရာ သတ်မှတ်ချက်များတွင် အကွက်ချ မျဉ်းများကို ဖွင့်ထားသည့်အခါ ရှုခင်းကျယ်မှလွဲ၍ အနေအထားအားလုံးတွင် အနောက်ကင်မရာကို အသုံးပြုချိန်၌ စခရင်အလယ်တွင် ရေပြင်ညီမျဉ်းတစ်ကြောင်း ယခု ပေါ်လာပါမည်။ ထိုမျဉ်းသည် သင့်ရုပ်ပုံက မြေပြင်နှင့် ညီညာနေခြင်း ရှိ၊ မရှိ ပြသရန် ရွေ့လာပါမည်။
အရည်အသွေး အသင့်တော်ဆုံးပြုလုပ်ခြင်း
သင်ရိုက်ကူးသည့် ရုပ်ပုံများအတွက် အရည်အသွေး အသင့်တော်ဆုံး ပြုလုပ်ခြင်း အဆင့် 3 ဆင့်ကြားတွင် သင်ရွေးချယ်နိုင်ပါသည်။ အရည်အသွေး အမြင့်ဆုံး ရုပ်ပုံများကို ရရှိရန် အမြင့်ဆုံးကို ရွေးပါ။ ရုပ်ပုံများကို တတ်နိုင်သမျှ အမြန်ဆုံး ရိုက်ကူးရန် အနိမ့်ဆုံးကို ရွေးပါ။ အမြန်နှုန်းနှင့် အရည်အသွေး၏ အကောင်းဆုံး ဟန်ချက်ကို ရရှိရန် အလယ်အလတ်ကိုလည်း သင်ရွေးချယ်နိုင်ပါသည်။
ဗီဒီယိုများအတွက် အလိုအလျောက် FPS သတ်မှတ်ချက်အသစ်များ
အော်တို FPS သည် အလင်းနည်းသော အခြေအနေများတွင် ပိုတောက်ပသော ဗီဒီယိုများကို မှတ်တမ်းတင်နိုင်စေပါသည်။ ယခုအခါ အော်တို FPS တွင် ရွေးစရာ 3 ခု ရှိပါသည်။ ၎င်းကို သင်ပိတ်နိုင်သည်၊ 30 fps ဗီဒီယိုများအတွက်သာ အသုံးပြုနိုင်သည် သို့မဟုတ် 30 fps နှင့် 60 fps ဗီဒီယိုနှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်သည်။
ကင်မရာများ ပြောင်းရန် အပေါ်/အောက် ပွတ်ဆွဲပါကို ပိတ်ပါ
ယခုအခါ ရှေ့နှင့် နောက် ကင်မရာများကြား ကူးပြောင်းရန် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲခြင်းက ရွေးစရာတစ်ခု ဖြစ်လာပါပြီ။ မတော်ဆဆ ပွတ်ဆွဲမှုများနှင့် ပတ်သက်ပြီး သင်စိုးရိမ်ပါက ၎င်းကို သတ်မှတ်ချက်များတွင် သင်ပိတ်နိုင်ပါသည်။
အထူးပြုလုပ်ချက်များကို ပို၍ လွယ်ကူစွာ အသုံးချပါ
စစ်ထုတ်ချက်နှင့် မျက်နှာ အထူးပြုလုပ်ချက်များသည် ဆလိုက်ဒါအစား ယခုအခါ ဒိုင်ခွက်ကို အသုံးပြုနိုင်သောကြောင့် လက်တစ်ဖက်တည်းဖြင့် တိကျသော ချိန်ညှိမှုများ ပြုလုပ်ရန် ပိုလွယ်ကူစေပါသည်။
ပြခန်း
အသေးစိတ် မြင်ကွင်းရှိ အမြန်တည်းဖြတ်ချက်များ
ရုပ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ကြည့်နေစဉ် အသေးစိတ် ပြသမှုသို့ သွားရန် စခရင်၏ အောက်မှ အပေါ်သို့ ပွတ်ဆွဲတင်ပါ။ ဤစခရင်သည် သင်ချက်ချင်း အသုံးချနိုင်သည့် အထူးပြုလုပ်ချက်များနှင့် တည်းဖြတ် အင်္ဂါရပ်များသို့ အမြန်ဝင်ခွင့် ယခု ပံ့ပိုးပေးပါသည်။
လက် 2 ဖက်ဖြင့် ပွတ်ဆွဲပြီးချပါ
ရုပ်ပုံများနှင့် ဗီဒီယိုများကို လက်တစ်ဖက်တည်းဖြင့် ထိနှိပ်ထားပါ၊ ထို့နောက် အယ်လ်ဘမ်ကို သင်ပစ်ချနိုင်သည့်နေရာသို့ ရွှေ့ပြောင်းရန် သင်၏အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
ဖြတ်ညှပ်ပုံများကို စတက်ကာများအဖြစ် သိမ်းပါ
ပုံတစ်ပုံမှ တစ်စုံတစ်ရာကို သင်ဖြတ်ညှပ်သည့်အခါ ထိုပုံကို နောက်ပိုင်း၌ ရုပ်ပုံများ သို့မဟုတ်ဗီဒီယိုများ တည်းဖြတ်ချိန်တွင် သင်အသုံးပြုနိုင်သည့် စတက်ကာပုံတစ်ပုံအဖြစ် အလွယ်တကူ သိမ်းနိုင်ပါသည်။
ပိုကောင်းသော အကြောင်းအရာ ပြသမှု
အကြောင်းအရာတစ်ခုကို ကြည့်နေစဉ် စခရင်၏ အောက်ခြေမှ သင်ပွတ်ဆွဲတင်လိုက်သည့်အခါ ပုံကြမ်းငယ် ပြသမှု ပေါ်လာပါသည်။ ပုံကြမ်းငယ် ပြသမှုတွင် သင့်အကြောင်းအရာမှ ရုပ်ပုံများနှင့် ဗီဒီယိုများကို သင်ထည့်နိုင်သည် သို့မဟုတ် ဖယ်ရှားနိုင်သည်။
ဓာတ်ပုံ တည်းဖြတ်သူ
ပိုကောင်းသော အပြင်အဆင်
တန်ဆာပလာ မီနူးအသစ်သည် သင်လိုအပ်သည့် တည်းဖြတ်မှု အင်္ဂါရပ်များကို အလွယ်တကူ ရှာတွေ့နိုင်စေပါသည်။ ရိုးစင်းပြီး ပကတိရုပ်လုံးပေါ်သော ရွေးစရာများကို အသွင်ပြောင်း မီနူးတွင် ပေါင်းစပ်ထားသည်။
အလှဆင်မှုများကို သိမ်းဆည်းပြီးနောက် ချိန်ညှိပါ
ယခုအခါ သိမ်းဆည်းပြီးနောက်တွင်ပင် ဓါတ်ပုံတစ်ပုံတွင် သင်ထည့်ထားသည့် ပုံများ၊ စတစ်ကာများနှင့် စာသားတွင် အပြောင်းအလဲများ ပြုလုပ်နိုင်ပါသည်။
မလုပ်ရန်နှင့် ပြန်လုပ်ရန်
အမှားများ လုပ်မိမည်ကို မစိုးရိမ်ပါနှင့်။ ယခုအခါ အသွင်ပြောင်းမှုများ၊ စစ်ထုတ်ချက်များနှင့် အသံများကို အလွယ်တကူ မလုပ်နိုင်သည် သို့မဟုတ် ပြန်လုပ်နိုင်သည်။
စိတ်ကြိုက် စတက်ကာပုံများတွင် ပုံဆွဲပါ
စိတ်ကြိုက် စတက်ကာပုံများ ဖန်တီးသည့်အခါ သင့်စတစ်ကာများကို ပို၍ပင် ကိုယ်တိုင်စိတ်ကြိုက်ဖြစ်ပြီး ထူးခြားစေရန် ပုံဆွဲ တန်ဆာပလာများကို ယခု အသုံးပြုနိုင်သည်။
စာသား နောက်ခံနှင့် စတိုင် အသစ်များ
ဓာတ်ပုံတစ်ပုံတွင် စာသား ပေါင်းထည့်သည့်အခါ ပြီးပြည့်စုံသော အသွင်အပြင် ရရှိနိုင်စေရန် နောက်ခံနှင့် စတိုင်အသစ်များစွာမှ သင်ရွေးချယ်နိုင်သည်။
စတူဒီယို (ဗီဒီယို တည်းဖြတ်ကိရိယာ)
ပို၍ အားကောင်းသော ဗီဒီယို တည်းဖြတ်ခြင်း
စတူဒီယိုသည် ပရောဂျက် အခြေပြု ဗီဒီယို တည်းဖြတ်ကိရိယာ အသစ်တစ်ခုဖြစ်သောကြောင့် ပို၍ရှုပ်ထွေးပြီး အားကောင်းသော တည်းဖြတ်ခြင်းကို ရရှိစေပါသည်။ ပြခန်းရှိ အံဆွဲ မီနူးမှ စတူဒီယိုကို သင်ဝင်ကြည့်နိုင်သည် သို့မဟုတ် ပို၍မြန်ဆန်သော သုံးခွင့်ရမှုအတွက် သင်၏ ပင်မ ဖန်သားပြင်သို့ သင်္ကေတတစ်ခုကို ထည့်နိုင်သည်။
အချိန်လိုင်း အပြင်အဆင်
စတူဒီယိုသည် သင့်အား ဗီဒီယို ကလစ်များစွာ ပါဝင်သည့် အချိန်လိုင်းတစ်ခုအဖြစ် ပရောဂျက်တစ်ခုလုံးကို ကြည့်ရှုနိုင်စေသည်။ အလွှာများစွာပါသည့် တည်ဆောက်ပုံသည် သင့်အား ကလစ်များ၊ စတစ်ကာများ၊ စာတန်းထိုးများနှင့် အခြား အရာဝတ္ထုများကို ထည့်ခွင့်ပြုသည့်အပြင် ၎င်းတို့၏ အနေအထားနှင့် အရှည်ကို အလွယ်တကူ ချိန်ညှိနိုင်စေပါသည်။
ပရောဂျက်များကို သိမ်းပြီး တည်းဖြတ်ပါ
မပြီးသေးသော ရုပ်ရှင် ပရောဂျက်များကို နောက်ပိုင်းမှ ဆက်၍ တည်းဖြတ်ရန်လည်း သင်သိမ်းဆည်းနိုင်ပါသည်။
ဗီဒီယိုဖွင့်စက်
ပိုကောင်းသော အပြင်အဆင်
ဗီဒီယို ဖွင့်စက် ထိန်းချုပ်မှုများသည် ယခုအခါ ယခင်ကထက် ပိုလွယ်ကူပါသည်။ လုပ်ဆောင်ချက်တူသော ခလုတ်များကို အတူတကွ ပေါင်းစည်းထားပြီး ဖွင့်ရန် ခလုတ်ကို စခရင်၏ အလယ်သို့ ရွှေ့ထားသည်။
တိုးမြှင့်ထားသော ပြန်ဖွင့် အမြန်နှုန်း ထိန်းချုပ်မှုများ
ဗီဒီယို ပြန်ဖွင့်မှု အမြန်နှုန်းများစွာကို 0.25x နှင့် 2.0x ကြား ရွေးချယ်ပါ။ ဆလိုက်ဒါအစား သတ်မှတ် ခလုတ်များဖြင့် အမြန်နှုန်း ထိန်းချုပ်မှုများကို ယခုအခါ ပို၍လွယ်ကူစွာ ဝင်ကြည့်နိုင်ပါသည်။
Samsung Health
ပင်မ ဖန်သားပြင်အတွက် အသွင်သစ်
Samsung Health ပင်မ ဖန်သားပြင်ကို အလုံးစုံ ပြန်လည်မွမ်းမံပြင်ဆင်ထားသည်။ အရောင်ထူ ဖောင့်များနှင့် အရောင်များကြောင့် သင်အလိုအပ်ဆုံး အချက်အလက်များကို ပို၍လွယ်ကူစွာ မြင်တွေ့စေနိုင်ပြီး နောက်ထပ် သတင်းအချက်အလက်များကို ပြသထားသည်။ နောက်ဆုံး လေ့ကျင့်ခန်း ရလဒ်ကို ဖန်သားပြင်၏ အပေါ်ဆုံးတွင် ပြသထားပြီး ခြေလှမ်းများ၊ လှုပ်ရှားမှု၊ ရေနှင့် အစားအစာတို့အတွက် သင်၏ အိပ်စက်မှု ရမှတ်အပြင် သင်၏ နေ့စဉ်ပန်းတိုင်များနှင့် ပတ်သက်ပြီး နောက်ထပ် တုံ့ပြန်ချက်ကို ပေးအပ်ထားသည်။
စိတ်ကြိုက် ရေခွက် အရွယ်အစားများ
သင်အများအားဖြင့် သောက်သုံးသည့် ခွက်၏ အရွယ်အစားကို ယှဉ်တွဲရန် Samsung Health ရေခြေရာခံစက်ထဲရှိ ခွက်များ၏ အရွယ်အစားကို ယခုအခါ စိတ်ကြိုက်လုပ်နိုင်ပါသည်။
ပြက္ခဒိန်
တစ်ချက်ကြည့်၍လုပ်နိုင်သည့် သင့်လုပ်ငန်းအစီအစဉ်
လုပ်ငန်းအစီအစဉ် ပြသမှုအသစ်သည် သင်၏ လာမည့် အထူးအခါသမယများ၊ အလုပ်များနှင့် သတိပေးချက်များကို နှစ်ကာလအလိုက် အစီအစဉ်ဖြင့် အတူတကွ ဖော်ပြပေးပါသည်။
သင့်သတိပေးချက်များကို ပြက္ခဒိန်တွင် ကြည့်ပါ
သင်သည် ယခုအခါ သတိပေးချက် အက်ပ်ကို မဖွင့်ကြည့်ဘဲ ပြက္ခဒိန်အက်ပ်ကို ကြည့်နိုင်သည့်အပြင် သတိပေးချက်များကို ထည့်နိုင်သည်။
ဖြစ်ရပ်များကို လက် 2 ဖက်ဖြင့် ရွှေ့ပါ
နေ့ သို့မဟုတ် ရက်သတ္တပတ် ပြသမှုဖြင့် သင်ရွှေ့လိုသော ဖြစ်ရပ်ကို ထိနှိပ်ထားပြီးနောက် သင်ရွှေ့လိုသည့် နေ့သို့ ပြောင်းရွှေ့ရန် သင်၏အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
အသိပေးချက်
ရွေးထုတ်ထားသော သတိပေးချက် စာရင်း ပြသမှု
အဓိက စာရင်း ပြသမှုကို ဒီဇိုင်းပြန်ဆွဲထားသည် စခရင်၏ အပေါ်ဆုံးတွင် အမျိုးအစားများကို စီမံခန့်ခွဲနိုင်ပါသည်။ အမျိုးအစားများအောက်တွင် သင်၏ သတိပေးချက်များကို ရက်စွဲဖြင့် စီစဉ်၍ ပြသပါမည်။ ရုပ်ပုံများနှင့် ဝဘ် လင့်ခ်များ ပါဝင်သည့် သတိပေးချက်များအတွက် အပြင်အဆင်ကိုလည်း ပိုကောင်းအောင်လုပ်ထားသည်။
သတိပေးချက် အမျိုးအစားအသစ်များ
နေရာ အမျိုးအစားတွင် သီးခြားနေရာတစ်ခုတွင် သင်ရှိနေသည့်အခါ သင့်ကို သတိပေးသည့် သတိပေးချက်များ ပါဝင်ပြီး သတိပေးချက် မရှိပါ အမျိုးအစားတွင် သတိပေးချက်တစ်ခုမျှ မဖော်ပြသည့် သတိပေးချက်များ ပါဝင်ပါသည်။
သတိပေးချက်များ ဖန်တီးခြင်းအတွက် နောက်ထပ် ရွေးစရာများ
သတိပေးချက် အက်ပ်သို့ အကြောင်းအရာ မျှဝေသည့်အခါ သင်၏ သတိပေးချက်ကို မဖန်တီးခင် တည်းဖြတ်မှု ရွေးစရာများ အပြည့်အဝကို သင်ရရှိပါမည်။ သတိပေးချက်တစ်ခု ဖန်တီးသည့်အခါ ကင်မရာကို အသုံးပြု၍လည်း ဓာတ်ပုံများ ရိုက်နိုင်ပါသည်။
တစ်နေ့လုံး သတိပေးချက်များကို ဖန်တီးပါ
တစ်နေ့တာလုံးအတွက် သတိပေးချက်များကို ယခု သင်ဖန်တီးနိုင်ပြီး ၎င်းတို့နှင့်ပတ်သက်ပြီး သင်သတိပေးချက် ရယူလိုသည့် အချိန်အခါကို စိတ်ကြိုက်လုပ်နိုင်ပါသည်။
Samsung Internet
နောက်ခံတွင် ဗီဒီယိုများ ဖွင့်ပါ
လက်ရှိ တဘ်မှ သင်ထွက်သွားလျှင်ပင် သို့မဟုတ် အင်တာနက်အက်ပ်မှ ထွက်သွားလျှင်ပင် ဗီဒီယိုအသံကို ဆက်ဖွင့်ထားပါ။
စခရင်ကြီးများအတွက် တိုးမြှင့်ထားသော တဘ်စာရင်း ပြသမှု
ရှုခင်း မြင်ကွင်းဖြင့် သို့မဟုတ် Samsung DeX ဖြင့် တက်ဘလက်တစ်ခုကဲ့သို့ စခရင်ကြီးတစ်ခုတွင် အင်တာနက် အသုံးပြုသည့်အခါ စခရင်ပေါ်တွင် နောက်ထပ် အချက်အလက်များကို တစ်ပြိုင်တည်း မြင်တွေ့နိုင်စေရန် တဘ် စာရင်း ပြသမှုကို ကော်လံ 2 ခုဖြင့် ပြသပါမည်။
လက် 2 ဖက်ဖြင့် ပိုများသော စာညှပ်များနှင့် တဘ်များကို ရွှေ့ပါ
လက်တစ်ဖက်ဖြင့် သင်ရွှေ့လိုသည့် စာညှပ် သို့မဟုတ် တဘ်ကို ထိနှိပ်ထားပါ၊ ထို့နောက် ၎င်းကို သင်ရွှေ့လိုသည့် စာညှပ် ဖိုင်တွဲ သို့မဟုတ် တဘ်အုပ်စုသို့ နေရာရွှေ့ရန် သင်၏ အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
စမတ်ကျသော ရွေးချယ်မှု
စာသားကို အရွယ်အစားပြင်ပြီး ပင်ထိုးထားသော အကြောင်းအရာမှ ထုတ်နုတ်ပါ
ပုံတစ်ပုံကို စခရင်သို့ သင်ပင်ထိုးသည့်အခါ ထိုပုံကို အရွယ်အစားပြင်နိုင်သည် သို့မဟုတ် ၎င်းမှ စာသားကို ထုတ်နုတ်နိုင်သည်။
ချုံ့ချဲ့ထားသော ပြသမှု
စခရင်၏ ဧရိယာတစ်ခုကို ရွေးချယ်သည့်အခါ ပြီးပြည့်စုံသော နေရာတွင် သင်၏ ရွေးချယ်မှုကို စတင်ရန်နှင့် အဆုံးသတ်ရန်အလို့ငှာ ချုံ့ချဲ့ထားသော ပြသမှု ပေါ်လာပါမည်။
Bixby text call
ဖုန်းခေါ်ဆိုစဉ်အတွင်း Bixby သို့ ပြောင်းပါ
သင်သည် ခေါ်ဆိုမှု ပြုလုပ်နေဆဲဖြစ်လျှင်ပင် Bixby text call သို့ အချိန်မရွေး ကူးပြောင်းနိုင်ပါသည်။
အနေအထားများနှင့် လုပ်ရိုးလုပ်စဉ်များ
သင်၏ သော့ပိတ် ဖန်သားပြင်၏ ပုံပန်းသွင်ပြင်ကို ပြောင်းလဲပါ
သင်ကားမောင်းချိန်၊ အလုပ်လုပ်ချိန်၊ လေ့ကျင့်ချိန်နှင့် အခြားအရာများလုပ်ချိန်အတွက် အခြားသော သော့ပိတ် ဖန်သားပြင်များကို ၎င်းတို့၏ ကိုယ်ပိုင် နောက်ခံပုံရိပ်နှင့် နာရီပုံစံတို့ဖြင့် စီစဉ်သတ်မှတ်ပါ။ အိပ်စက် အနေအထားအတွက် အမှောင် နောက်ခံပုံရိပ် သို့မဟုတ် အပန်းဖြေ အနေအထားအတွက် အငြိမ် နောက်ခံပုံရိပ်တစ်ခုကို စမ်းသုံးကြည့်ပါ။ အနေအထားတစ်ခုအတွက် သော့ပိတ် ဖန်သားပြင်ကို သင်တည်းဖြတ်သည့်အခါ ထိုအနေအထားကို ဖွင့်ထားချိန်တိုင်းတွင် အဆိုပါ နောက်ခံပုံရိပ်ကို သင်မြင်တွေ့ရပါမည်။
သတ်မှတ်ချက်အသစ်များ
ယခုအခါ အက်ပ်တစ်ခုက မီဒီယာတစ်ခုကို ဖွင့်နေချိန်တွင် လုပ်ရိုးလုပ်စဉ်တစ်ခုကို သင်စတင်နိုင်သည်။
လုပ်ဆောင်ချက်အသစ်များ
သင်၏ လုပ်ရိုးလုပ်စဉ်များသည် ယခုအခါ သင်၏ Samsung Keyboard သတ်မှတ်ချက်များကို ပြောင်းလဲခြင်းကဲ့သို့ အရင်ကထက်ပိုပြီး ပြုလုပ်နိုင်ပါသည်။
စမတ်အကြံပြုချက်များ
အသွင်သစ်နှင့် ခံစားချက်အသစ်
သင်၏ ပင်မ ဖန်သားပြင်ပေါ်ရှိ အခြား သင်္ကေတများနှင့် ပိုကောင်းစွာ ချိန်ညှိထားသည့် အပြင်အဆင်နှင့်အတူ စမတ်အကြံပြုချက်များ ဝဒ်ဂျက်ကို ဒီဇိုင်းပြန်ရေးဆွဲထားသည်။
နောက်ထပ် စိတ်ကြိုက်ပြုလုပ်ခြင်း
သင်သည် ယခုအခါ ပွင့်လင်းမြင်သာမှုကို ချိန်ညှိနိုင်ပြီး အဖြူ သို့မဟုတ် အမည်းနောက်ခံကြား ရွေးချယ်နိုင်သည်။ သင်သည် အက်ပ်များကိုလည်း အကြံပြုချက်များမှ ချန်လှပ်ရန်လည်း သင်သတ်မှတ်နိုင်သည်။
Finder
အက်ပ်များအတွက် အမြန်လုပ်ဆောင်ချက်များ
အက်ပ်တစ်ခုက သင်၏ ရှာဖွေမှု ရလဒ်များတွင် ပေါ်လာသည့်အခါ အက်ပ်ကို အသုံးပြု၍ သင်လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များသို့ အမြန်ဝင်ခွင့်ကို ရရှိရန် အက်ပ်ကို ထိနှိပ်ထားနိုင်ပါသည်။ ဥပမာ၊ ပြက္ခဒိန် အက်ပ်ကို သင်ရှာဖွေသည့်အခါ ဖြစ်ရပ်တစ်ခု ထည့်ခြင်း သို့မဟုတ် သင်၏ ပြက္ခဒိန်ကို ရှာဖွေခြင်းအတွက် ခလုတ်များ ပေါ်လာပါမည်။ သင်သည် အက်ပ်အစား လုပ်ဆောင်ချက်၏အမည်ကို သင်ရှာဖွေပါက အက်ပ် လုပ်ဆောင်ချက်များသည်လည်း သင်၏ ရှာဖွေမှု ရလဒ်များတွင် ၎င်းတို့ဘာသာ ပေါ်လာပါမည်။
ကျွန်ုပ်၏ ဖိုင်များ
သိုလှောင်ခန်း နေရာလွတ်ကို ရှင်းလင်းပါ
သိုလှောင်ခန်း နေရာလွတ် ရှင်းလင်းနိုင်စေရန် အကြံပြုချက် ကတ်များ ပေါ်လာပါမည်။ ကျွန်ုပ်၏ ဖိုင်များသည် မလိုအပ်သော ဖိုင်များ ဖျက်ခြင်းကို အကြံပြုပါမည်၊ ကလောက် သိုလှောင်ခန်း စီစဉ်သတ်မှတ်ခြင်းအတွက် အကြံပေးချက်များ ပေးအပ်ါမည်၊ ထို့ပြင် သင့်ဖုန်းပေါ်ရှိ မည်သည့်အက်ပ်များက သိုလှောင်ခန်း နေရာလွတ်ကို အများဆုံး အသုံးပြုနေသည်ကိုလည်း အသိပေးပါမည်။
ပြခန်းနှင့် အသံဖမ်းဖိုင်များဖြင့် ပေါင်းစည်းထားသော အမှိုက်
ကျွန်ုပ်၏ ဖိုင်များ၊ ပြခန်းနှင့် အသံဖမ်းစက် အမှိုက် လုပ်ဆောင်ချက်များကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းထားသည်။ ကျွန်ုပ်၏ ဖိုင်များတွင် အမှိုက်ကို သင်ဖွင့်လိုက်သည့်အခါ သင်ဖျက်ထားသည့် ဖိုင်များ၊ ရုပ်ပုံများ၊ ဗီဒီယိုများနှင့် အသံဖမ်းဖိုင်များကို နဂိုအတိုင်း ပြန်ထားရန် သို့မဟုတ် အပြီးတိုင် ဖျက်ပစ်ရန် ရွေးစရာများနှင့်အတူ အတူတကွ သင်မြင်တွေ့ရပါမည်။
လက် 2 ဖက်ဖြင့် ဖိုင်များကို ကူးပါ
သင်ကူးလိုသည့် ဖိုင်ကို လက်တစ်ဖက်ဖြင့် ထိနှိပ်ထားပါ၊ ထို့နောက် သင်ကူးထည့်လိုသည့် ဖိုင်တွဲသို့ နေရာညွှန်ရန် သင်၏အခြားလက်ကို အသုံးပြုပါ။
Samsung Pass
စကားဝှက်ကီးများဖြင့် ပိုဘေးကင်းသော ဝင်ရောက်မှုများ
ထောက်ပံ့ထားသော အက်ပ်များနှင့် ဝဘ်ဆိုက်များသို့ ဝင်ရောက်ရန် စကားဝှက်ကီးများကို အသုံးပြုပါ။ စကားဝှက်များနှင့်မတူဘဲ သင်၏ စကားဝှက်ကီးကို သင့်ဖုန်းတွင်သာ သိမ်းဆည်းထား၍ ဝဘ်ဆိုက် လုံခြုံရေး ကျိုးပေါက်မှုမှတစ်ဆင့် မပေါက်ကြားနိုင်ပါ။ စကားဝှက်ကီးများသည် ၎င်းတို့ကို စာရင်းသွင်းခဲ့သည့် ဝဘ်ဆိုက် သို့မဟုတ် အက်ပ်တွင်သာ အလုပ်လုပ်သောကြောင့် သင့်အား မျှားယူတိုက်ခိုက်မှုများမှလည်း ကာကွယ်ပေးပါသည်။
သတ်မှတ်ချက်များ
ပိုစမတ်ကျသော လေယာဉ်ပျံ အနေအထား
လေယာဉ်ပျံ အနေအထား ပွင့်နေချိန်တွင် Wi-Fi သို့မဟုတ် ဘလူးတုသ်ကို ဖွင့်လိုက်ပါက သင့်ဖုန်းက မှတ်ထားပါမည်။ နောက်တစ်ကြိမ် လေယာဉ်ပျံ အနေအထားကို အသုံးပြုသည့်အခါ Wi-Fi သို့မဟုတ် ဘလူးတုသ်သည် ပိတ်နေမည့်အစား ဆက်၍ ပွင့်နေပါမည်။
ဘက်ထရီ သတ်မှတ်ချက်များအတွက် ပိုလွယ်သော သုံးခွင့်ရမှု
ယခုအခါ ဘက်ထရီ သတ်မှတ်ချက်များတွင် ၎င်းတို့၏ကိုယ်ပိုင် ထိပ်တန်းအဆင့် သတ်မှတ်ချက်များ မီနူး ပါရှိသည်ဖြစ်၍ အလွယ်တကူပင် သင်၏ ဘက်ထရီသုံးစွဲမှုကို စစ်ဆေးနိုင်ပြီး ဘက်ထရီ သတ်မှတ်ချက်များကို စီမံခန့်ခွဲနိုင်သည်။
လုံခြုံရေး ခြိမ်းခြောက်မှုအန္တရာယ်များကို ပိတ်ဆို့ပါ
သင့်အက်ပ်များနှင့် ဒေတာများအတွက် ကာကွယ်မှုအပိုအဆင့်တစ်ခု ရယူပါ။ အလိုအလျောက် ပိတ်ပင်စနစ်သည် မသိသော အက်ပ်များ ထည့်သွင်းခြင်းမှ တားပေးသည်၊ မဲလ်ဝဲကို စစ်ဆေးပေးသည့်အပြင် USB ကြိုးကို အသုံးပြု၍ တမင်ဒုက္ခပေးသော ညွှန်ကြားချက်များ သင့်ဖုန်းသို့ ပေးပို့ခြင်းကို တားမြစ်ပေးပါသည်
သုံးခွင့်ရမှု
ရှာရပိုလွယ်ကူသည့် အမြင်ပိုင်း အဆင့်မြှင့်မှုများ
စကားပြော အကူအညီနှင့် မြင်နိုင်စွမ်း ပိုကောင်းအောင် လုပ်ဆောင်မှုများ မီနူးများကို ပိုမြန်ဆန် လွယ်ကူသော သုံးခွင့်ရမှုအတွက် မြင်နိုင်စွမ်း ပိုကောင်းအောင် လုပ်ဆောင်မှုများ မီနူးတစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းထားသည်။
မြင်ကွင်းချဲ့ခြင်း ရွေးစရာအသစ်များ
သင်၏ မြင်ကွင်းချဲ့ခြင်း ဝင်းဒိုး ပေါ်လွင်ပုံကို လိုသလို အထူးပြုလုပ်ပေးသည်။ သင်သည် စခရင်အပြည့်၊ တစ်စိတ်တစ်ပိုင်း စခရင်ကို ရွေးချယ်နိုင်သည် သို့မဟုတ် ထိုနှစ်ခုကြား ကူးပြောင်းခြင်းကို ခွင့်ပြုနိုင်သည်။
ကာဆာ အထူကို လိုသလို အထူးပြုလုပ်ပါ
ယခုအခါ သင်သည် စာသားကို တည်းဖြတ်နေစဉ် ပေါ်နေသည့် ကာဆာကို ပို၍လွယ်ကူစွာ မြင်ရစေရန် ၎င်း၏ အထူကို တိုးမြှင့်နိုင်သည်။
သုံးခွင့်ရမှုအကြောင်း ပိုမိုလေ့လာပါ
သုံးခွင့်ရမှု အင်္ဂါရပ်များအပြင် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူတိုင်း မြင်နိုင်အောင် ပြုလုပ်ပေးရန် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီး ပိုမိုလေ့လာနိုင်စေရန်အလို့ငှာ Samsung သုံးခွင့်ရမှု ဝဘ်စာမျက်နှာသို့ လင့်ခ်တစ်ခုကို သုံးခွင့်ရမှု သတ်မှတ်ချက်များသို့ ပေါင်းထည့်ထားသည်။
ဒစ်ဂျစ်တယ် ကျန်းမာရေး
ပိုကောင်းသော အပြင်အဆင်
ဒစ်ဂျစ်တယ် ကျန်းမာရေး၏ ပင်မဖန်သားပြင်ကို ဒီဇိုင်းပြန်ဆွဲထားသောကြောင့် သင်လိုအပ်သော အချက်အလက်များကို ပို၍လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။
သင်၏ အပတ်စဉ် အစီရင်ခံစာပါ နောက်ထပ် အကြောင်းအရာ
သင်၏ အပတ်စဉ် အစီရင်ခံစာသည် ယခုအခါ သင့်အား မူမမှန်သော သုံးစွဲမှု ပက်တန်များ၊ သင်၏ အမြင့်ဆုံး အသုံးပြုချိန်များအပြင် သင်၏ ဖုန်းသုံးစွဲချိန်ကို သင်ဟန်ချက်ချိန်ပုံတို့နှင့် ပတ်သက်ပြီး သင့်အား အသိပေးပါသည်။
တည်ဆောက်နံပါတ် : S911BXXS3AWIF
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-10-18
လုံခြုံရေးကုစားမှု အဆင့် : 2023-10-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : S911BXXS3AWHR
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-09-21
လုံခြုံရေးကုစားမှု အဆင့် : 2023-09-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : S911BXXU3AWGJ
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-08-17
လုံခြုံရေးကုစားမှု အဆင့် : 2023-08-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
ကိရိယာ အပြုအမူကို တိုးမြှင့်ထားပါသည်။
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : S911BXXS3AWF7
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-07-28
လုံခြုံရေးကုစားမှု အဆင့် : 2023-07-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : S911BXXU2AWF1
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-06-26
လုံခြုံရေးကုစားမှု အဆင့် : 2023-06-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
ကိရိယာ အပြုအမူကို တိုးမြှင့်ထားပါသည်။
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : S911BXXU1AWC8
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-04-11
လုံခြုံရေးကုစားမှု အဆင့် : 2023-04-01
• တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု
ကိရိယာ အပြုအမူကို တိုးမြှင့်ထားပါသည်။
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : S911BXXU1AWBD
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-03-06
လုံခြုံရေးကုစားမှု အဆင့် : 2023-02-01
• လုပ်ဆောင်ချက်များ၏ စုစုပေါင်း တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။