ဆော့ဖ်ဝဲ အပ်ဒိတ်တစ်ခုတွင် ပါဝင်နိုင်သည်မှာ၊ သို့သော် ၎င်းတို့ဖြင့် မကန့်သတ်ပါ
သင့်ကိရိယာမှ အကောင်းဆုံးအရာများကို ရယူရန် သင့် ကိရိယာ ကို နောက်ဆုံးထုတ် အဆင့်သို့ မြှင့်ထားပြီး ဆော့ဖ်ဝဲ အပ်ဒိတ်များကို ပုံမှန် စစ်ဆေးပါ။
Galaxy Tab A7 Lite (SM-T220)
တည်ဆောက်နံပါတ် : T220XXSAEYE4
အန်ဒရွိုက်ဒ်ပုံစံ : U(Android 14)
ထုတ်သည့် နေ့စွဲ : 2025-06-04
လုံခြုံရေးကုစားမှု အဆင့် : 2025-05-01
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
ဤအပြောင်းအလဲများသည် မော်ဒယ်လ်၊ နိုင်ငံ သို့မဟုတ် ဖောက်သည် ပတ်ဝန်းကျင်ရှိ ကွန်ရက် အော်ပရေတာအလိုက် ပြောင်းလဲနိုင်သည်။
တည်ဆောက်နံပါတ် : T220XXS9EYA4
အန်ဒရွိုက်ဒ်ပုံစံ : U(Android 14)
ထုတ်သည့် နေ့စွဲ : 2025-02-17
လုံခြုံရေးကုစားမှု အဆင့် : 2025-01-01
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : T220XXU8EXH2
အန်ဒရွိုက်ဒ်ပုံစံ : U(Android 14)
ထုတ်သည့် နေ့စွဲ : 2024-09-05
လုံခြုံရေးကုစားမှု အဆင့် : 2024-07-01
One UI 6.1 အဆင့်မြှင့်မှု
သင့် Galaxy ကို လိုသလို အထူးပြုလုပ်ပါ
နောက်ခံပုံရိပ် တည်းဖြတ်မှု လုပ်ဆောင်ချက်အသစ်များ
သင်၏ နောက်ခံပုံရိပ်ကို သင်နှစ်သက်သလို အလှဆင်ပါ။ ပုံတစ်ပုံကို သင့်နောက်ခံပုံရိပ်အဖြစ် အသုံးပြုရန် သင်ရွေးချယ်သည့်အခါ၊ သင်သည် ဘောင်ကွပ်များနှင့် ပြုလုပ်ချက်များကို ယခု အသုံးပြုနိုင်သည်။
နှိုးစက် သတိပေးချက်များကို စိတ်ကြိုက်လုပ်ပါ
နှိုးစက်တစ်ခုစီအတွက် သင့်ကိုယ်ပိုင် စိတ်ကြိုက် သတိပေးချက် ဖန်သားပြင်များကို ဖန်တီးရန် ပုံ၊ ဗီဒီယို သို့မဟုတ် AR ရုပ်ပြောင်တစ်ခုကို သုံးပါ။ နှိုးစက် အချက်အလက်က ဖန်သားပြင်ပေါ်တွင် ပေါ်လွင်နေသည့် အပြင်အဆင်ကိုပင် သင်ပြောင်းလဲနိုင်သည်။
သင့်ပြက္ခဒိန်ကို ကိုယ်တိုင်စိတ်ကြိုက်လုပ်ရန် နောက်ထပ် စတစ်ကာများ
သင်သည် ယခုအခါ သင့်ပြက္ခဒိန်တွင် ရက်စွဲတစ်ခုစီအတွက် စတစ်ကာ 2 ခုအထိကို ထည့်သွင်းနိုင်သည်။ ဖြစ်ရပ်များအတွက် စတစ်ကာများကို ယခုအခါ လ ပြသချက်ရှိ ဖြစ်ရပ် အမည်ဘေးတွင် ပြသထားပါသည်။
မွမ်းမံပြင်ဆင်ထားသော ပြက္ခဒိန် သတ်မှတ်ချက်များ
ပြက္ခဒိန် သတ်မှတ်ချက်များကို ပို၍ အလိုလိုသိစေရန် ပြန်စီစဉ်ထားသည်။ သင်သည် ဖန်သားပြင်အပြည့် ပြက္ခဒိန် သတိပေးချက်များအတွက် နောက်ခံ အရောင်များနှင့် ပုံများကိုလည်း သတ်မှတ်နိုင်သည်။
အသိပေးချက်ဆိုင်ရာ သတိပေးချက်များကို စိတ်ကြိုက်လုပ်ပါ
သင်၏ အသိပေးချက်တစ်ခုစီအတွက် သင့်တော်သော နောက်ခံကို ဖန်တီးပါ။ သင်သည် ဖန်သားပြင်အပြည့် အသိပေးချက်ဆိုင်ရာ သတိပေးချက်များအတွက် အရောင်များနှင့် နောက်ခံ ပုံများကို ယခု သတ်မှတ်နိုင်သည်။
အသိပေးချက် အမျိုးအစားများဖြင့် ပိုမိုလုပ်ဆောင်ပါ
သင်သည် ယခုအခါ အသိပေးချက် အမျိုးအစားတစ်ခုစီအတွက် ကိုယ်စားပြုသော အိုင်ကွန်တစ်ခုကို ရွေးချယ်နိုင်သည်။ အမျိုးအစား စာရင်း၏ အပေါ်ဆုံးတွင် မကြာခဏ သင်အသုံးပြုသည့် အမျိုးအစားများကိုလည်း သင်ပင်ထိုးနိုင်သည်။
အနေအထားများကို ပင်မ ဖန်သားပြင်မှ ဖွင့် သို့မဟုတ် ပိတ်ပါ
အနေအထားများကို ယခင်ကထက် ပို၍လျင်မြန်စွာ ဖွင့်ပြီး ပိတ်ပါ။ အနေအထား ဝစ်ဂျစ်အသစ်ဖြင့်ဆိုပါက အနေအထားများကို သင့်ပင်မ ဖန်သားပြင်သို့ တိုက်ရိုက် ထည့်နိုင်ပါသည်။
သင့်အနေအထားများကို ပြန်စီစဉ်ပါ
သင်သည် အနေအထားများနှင့် လုပ်ရိုးလုပ်စဉ်များရှိ အနေအထားများ တဘ်တွင် အနေအထားများကို ဖော်ပြထားသည့် အစီအစဉ်ကို ယခု ပြောင်းလဲနိုင်သည်။
လုပ်ရိုးလုပ်စဉ် သတ်မှတ်ချက်အသစ်များ
သင်ရွေးချယ်သည့် နှိုးစက် စမြည်သည့်အခါ သို့မဟုတ် Smart View က ချိတ်ဆက်သည့်အခါ သို့မဟုတ် ပြုတ်သွားသည့်အခါ လုပ်ရိုးလုပ်စဉ်တစ်ခုကို ယခု စတင်နိုင်သည်။
ချိတ်ဆက်ပြီး မျှဝေပါ
နောက်ထပ် ကိရိယာများဖြင့် မျှဝေပါ
အမြန် မျှဝေပါကို Google ၏ အနီးအနား မျှဝေမှုဖြင့် ပေါင်းစပ်ထားသည်။ သင်သည် ယခုအခါ အင်တာနက် ချိတ်ဆက်မှု မရှိလျှင်ပင် Galaxy ကိရိယာများအပြင် အခြား အန်းဒရွိုက် ကိရိယာများနှင့် မျှဝေနိုင်ပါသည်။
အင်တာနက် တဘ် အုပ်စုများကို အခြား ကိရိယာများဖြင့် ဆင့်ခ်လုပ်ပါ
မည်သည့် ကိရိယာဖြင့် သင်အသုံးပြုနေခဲ့ပါစေ သင်နောက်ဆုံး လျှောက်ကြည့်ချိန်အတွင်း သင်ထွက်သွားသည့်နေရာမှ အလွယ်တကူ ပြန်စနိုင်သည်။ ကိရိယာတစ်ခုတွင် သင်ဖန်တီးသည့် တဘ်အုပ်စုများသည် သင်၏ Samsung account သို့ သင် အကောင့်ဝင်ထားသည့် အခြား Galaxy ကိရိယာများရှိ Samsung Internet တွင် ပေါ်လာပါမည်။
ပို၍ပင်မြင့်မားသော တိုးတက်မှုများ
မိုးလေဝသ ဝစ်ဂျစ်ရှိ နောက်ထပ် အချက်အလက်များ
သင်၏ အရပ်ဒေသ ဧရိယာအတွင်း ပြင်းထန်သော မိုးသက်မုန်တိုင်းများ၊ နှင်းကျမှု သို့မဟုတ် အခြား မိုးရွာသွန်းမှုကို ခန့်မှန်းထားပါက မိုးလေဝသ ဝစ်ဂျစ်သည် သင့်အား အသိပေးပါမည်။
ကီးဘုတ်မှထွက်စရာမလိုဘဲ အသံထည့်သွင်းခြင်း
ယခုအခါ ကီးဘုတ်ကို အသံထည့်သွင်းခြင်း သုံးနေစဉ်တွင် ဆက်လက်၍ မြင်တွေ့နိုင်သည်ဖြစ်၍ သင်လိုအပ်သည့်အခါတိုင်း စာရိုက်ခြင်းသို့ အလွယ်တကူ ပြန်သွားနိုင်သည်။ ကီးဘုတ်သုံးနေစဉ် အချိန်မရွေး သင့်အသံကို အသုံးပြု၍ စာသား ထည့်သွင်ရန် ဖန်သားပြင်၏ အောက်ခြေရှိ မိုက် ခလုတ်ကို နှိပ်ပါ။
ချုံ့ထားသော အက်ပ်အားလုံးကို တစ်ချိန်တည်းတွင် ဖွင့်ပါ။
ခလုတ်သစ်တစ်ခုဖြင့် သင်သည် သင့်တွင် ပေါ့-အပ် ဝင်းဒိုးတစ်ခုထက်ပို၍ ချုံ့ထားသည့်အခါ ချုံ့ထားသော အက်ပ်အားလုံးကို တစ်ချိန်တည်းတွင် ပြန်ဖွင့်နိုင်သည်။
Finder ရှိ Google ရှာဖွေမှု အကြံပြုချက်များ
Finder ကို အသုံးပြု၍ သင်ရှာဖွေသောအခါ၊ သင်သည် Google မှ အကြံပြုထားသော ဝဘ် ရှာဖွေမှုများကိုလည်း ရရှိပါမည်။
သင့်ဘက်ထရီကို ကာကွယ်ရန် နောက်ထပ် နည်းလမ်းများ
သင့် ဘက်ထရီ၏ သက်တမ်း တိုးအောင်လုပ်ရန် မတူညီသော ကာကွယ်မှု နည်းလမ်း 3 မျိုးအနက်မှ ရွေးချယ်လိုက်ပါ။ အခြေခံ ကာကွယ်မှုသည် သင်၏ အားကို 95% နှင့် 100% တွင် ရှိစေသည်။ အလိုက်သင့် ကာကွယ်မှုသည် သင်အိပ်ပျော်နေစဉ် အားသွင်းခြင်းကို ခဏရပ်ပေးပြီး သင်နိုးမလာခင်လေးတွင်ပင် အားသွင်းခြင်းကို အပြီးသတ်ပေးသည်။ သင်သည် အမြင့်မားဆုံး ကာကွယ်မှုအတွက် အများဆုံး အားကို 80% သို့ ကန့်သတ်ရန်လည်း ရွေးချယ်နိုင်သည်။
ပိုကောင်းအောင်လုပ်ထားသော ပြခန်း ရှာဖွေမှု
ရှာဖွေမှု ဖန်သားပြင်ကို သုံးရလွယ်အောင်လုပ်ရန် ဒီဇိုင်းပြန်ဆွဲထားသည်။ ရလဒ်များကို လူပုဂ္ဂိုလ်များ၊ နေရာများ၊ အယ်လ်ဘမ်များ သို့မဟုတ် အကြောင်းအရာများကဲ့သို့ အမျိုးအစားအလိုက် ယခု အမျိုးအစားခွဲထားသည်။
တည်ဆောက်နံပါတ် : T220XXS7DXF9
အန်ဒရွိုက်ဒ်ပုံစံ : U(Android 14)
ထုတ်သည့် နေ့စွဲ : 2024-07-02
လုံခြုံရေးကုစားမှု အဆင့် : 2024-04-01
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : T220XXU6DWLB
အန်ဒရွိုက်ဒ်ပုံစံ : U(Android 14)
ထုတ်သည့် နေ့စွဲ : 2024-01-30
လုံခြုံရေးကုစားမှု အဆင့် : 2023-12-01
One UI 6.0 အဆင့်မြှင့်ခြင်း (Android 14)
အမြန် ပန်နယ်
ခလုတ် အပြင်အဆင် အသစ်
အမြန် ထိန်းညှိပန်နယ်တွင် သင်အသုံးအများဆုံးသော အင်္ဂါရပ်များကို ဝင်သုံးရန် ပိုမိုလွယ်ကူအောင်လုပ်ပေးသည့် အပြင်အဆင် အသစ်တစ်ခု ပါရှိပါသည်။ ယခုအခါ Wi-Fi နှင့် ဘလူးတုသ်တို့တွင် စခရင်၏အပေါ်ဆုံး၌ ၎င်းတို့၏ ကိုယ်ပိုင်သတ်မှတ် ခလုတ်များ ရှိနေပြီး၊ အမှောင်မုဒ်နှင့် မျက်လုံး သက်သာမှု အကာအကွယ်ကဲ့သို့သော အမြင်ပိုင်းဆိုင်ရာ အင်္ဂါရပ်များကို အောက်ခြေသို့ ရွှေ့ပြောင်းထားပါသည်။ အခြားသော အမြန် သတ်မှတ်ချက်များ ခလုတ်များသည် အလယ်ရှိ စိတ်ကြိုက်လုပ်ဆောင်နိုင်သော ဧရိယာတွင် ပေါ်နေပါသည်။
အမြန် ထိန်းညှိပန်နယ် အပြည့်ထံ ချက်ခြင်း ဝင်သုံးခွင့်
မူရင်းပါပုံစံအရ၊ သင်က စခရင်၏အပေါ်ဘက်မှ အောက်ဘက်သို့ ပွတ်ဆွဲလိုက်သည့်အခါ အသိပေးချက်များပါရှိသော ကျစ်လစ်သည့် အမြန် ထိန်းညှိပန်နယ် ပေါ်လာပါသည်။ ထပ်မံ၍ အောက်သို့ ပွတ်ဆွဲလိုက်ခြင်းသည် အသိပေးချက်များကို ဝှက်လိုက်မည်ဖစ်ြကာ ထပ်ချဲ့ထားသော အမြန် ထိန်းညှိပန်နယ်ကို ပြသပါသည်။ သင်က အမြန် သတ်မှတ်ချက်များ ချက်ခြင်း ဝင်သုံးခွင့်ကို ဖွင့်ထားပါက၊ သင်သည် စခရင်၏အပေါ်ဆုံး ညာဘက်ခြမ်းမှ တစ်ကြိမ်ပွတ်ဆွဲလိုက်ခြင်းဖြင့် ထပ်ချဲ့ထားသော အမြန် ထိန်းညှိပန်နယ်ကို တွေ့မြင်နိုင်ပါသည်။ ဘယ်ဘက်ခြမ်းမှ ပွတ်ဆွဲချလိုက်ခြင်းသည် အသိပေးချက်များကို ပြသပါသည်။
အမြန်ဝင်သုံးနိုင်သော အလင်းအမှောင် ထိန်းချုပ်မှု
ယခုအခါ သင်က ပို၍ မြန်ဆန်လျင်မြန်သော အလင်းအမှောင် ချိန်ညှိမှုအတွက် စခရင်၏ထိပ်ဆုံးမှ တစ်ကြိမ် ပွတ်ဆွဲလိုက်သည့်အခါ ကျစ်လစ်သော အမြန် ထိန်းညှိပန်နယ်တွင် အလင်းအမှောင် ထိန်းချုပ်ဘားက မူရင်းပါပုံစံအတိုင်း ပေါ်လာပါသည်။
တိုးတက်လာသော အယ်လ်ဘမ် လက်ရာ ပြသမှု
ဂီတ သို့မဟုတ် ဗီဒီယိုများ ဖွင့်ထားစဉ်တွင်၊ ဂီတ သို့မဟုတ် ဗီဒီယိုများ ဖွင့်ထားသော အက်ပ်က အယ်လ်ဘမ် လက်ရာကို ထောက်ကူပေးပါက အသိပေးချက် ပန်နယ်တွင် မီဒီယာ အထိန်းတစ်ခုလုံးကို လွှမ်းခြုံထားပါလိမ့်မည်။
အသိပေးချက်များအတွက် ပိုကောင်းအောင်လုပ်ထားသော အပြင်အဆင်
ယခုအခါ အသိပေးချက် တစ်ခုချင်းစီသည် အသိပေးချက် တစ်ခုချင်းစီကို မှတ်ထားခြင်းကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးသည့် သီးခြားကတ်အဖြစ် မြင်ရပါသည်။
ပို၍ ထင်ရှားသော အသိပေးချက် သင်္ကေတများ
သင်သည် ပင်မနှင့် အက်ပ်များ စခရင်တို့တွင် အက်ပ်တစ်ခုချင်းစီအတွက် အသုံးပြုထားသော တူညီသည့် အရောင်အပြည့် သင်္ကေတများကို အသုံးပြုနိုင်ပါသည်။ သင်သည် ၎င်းကို သတ်မှတ်ချက်များတွင် ဖွင့်နိုင်ပါသည်။
အသိပေးချက်များကို အချိန်အလိုက် စဉ်ပါ
ယခုအခါ သင်သည် သင်၏ အသိပေးချက် သတ်မှတ်ချက်များကို ဦးစားပေးမှုအစား အချိန်အလိုက် စဉ်ရန် ပြောင်းလဲနိုင်ပြီဖြစ်သောကြောင့် သင်၏ နောက်ဆုံးရောက်ထားသည့် အသိပေးချက်များက အမြဲတမ်း ထိပ်ဆုံးတွင် ရှိနေပါသည်။
သော့ပိတ် ဖန်သားပြင်
သင့်နာရီကို နေရာပြန်ချခြင်း
ယခုအခါ သင်သည် သော့ပိတ် ဖန်သားပြင်တွင် သင်ရွေးချယ်သောနေရာထံ သင်၏ နာရီကို ရွှေ့ထားရန် ပို၍လွတ်လပ်ခွင့်ရှိသွားပြီ ဖြစ်ပါသည်။
ပင်မဖန်သားပြင်
ပို၍ရိုးရှင်းအောင်လုပ်ထားသော သင်္ကေတ အညွှန်းများ
ယခုအခါ ပို၍ရှင်းလင်းရိုးရှင်းသော အသွင်အပြင်အတွက် အက်ပ် သင်္ကေတ အညွှန်းများကို လိုင်းတစ်လိုင်းတည်းတွင် ကန့်သတ်ထားပြီ ဖြစ်ပါသည်။ "Galaxy" နှင့် "Samsung" တို့ကို ရှာဖွေရန် ပို၍တိုသွားပြီး ပို၍လွယ်ကူသွားစေရန် အက်ပ် အမည်အချို့ထံမှ ဖယ်ရှားထားပါသည်။
လက် 2 ဖက်ဖြင့် ပွတ်ဆွဲပြီးချပါ
သင့် ပင်မ ဖန်သားပြင်ပေါ်ရှိ အက်ပ် သင်္ကေတများ သို့မဟုတ် ဝစ်ဂျစ်များကို လက်တစ်ဖက်ဖြင့် ဆွဲရွှေ့ခြင်းဖြင့် စတင်လိုက်ပြီးနောက် ၎င်းတို့ကို ချထားလိုသော ဖန်သားပြင်နေရာထံ လမ်းညွှန်ရန် သင်၏ အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
အလုပ်အများအပြား လုပ်ကိုင်ခြင်း
ပေါ့-အပ် ဝင်းဒိုးများကို ဆက်ဖွင့်ထားပါ
သင်က လတ်တလောများ ဖန်သားပြင်ထံ သွားသည့်အခါ ပေါ့-အပ် ဝင်းဒိုးများကို ချုံ့လိုက်မည့်အစား၊ သင်က လတ်တလောများ ဖန်သားပြင်မှ ထွက်သွားပြီးနောက် သင်လုပ်ဆောင်နေသောအရာကို ဆက်လုပ်နိုင်စေရန် ယခုအခါ ပေါ့-အပ်များသည် ဆက်ပွင့်နေပါလိမ့်မည်။
Windows သို့ လင့်ခ်
တက်ဘလက်များတွင် ယခု ရနိုင်သည်
အသိပေးချက်များကို စစ်ဆေးရန်နှင့် သင်၏ တဘလက်မှ အက်ပ်များကို သင်၏ PC ပေါ်တွင် အသုံးပြုရန် သင်၏ တက်ဘလက်ကို သင်၏ Windows PC ချိတ်ဆက်ပါ၊ သင့်ကိရိယာများကြား ဖိုင်များ မျှဝေပါ၊ ထို့အပြင် အခြားအရာများ ပြုလုပ်ပါ။
Samsung Keyboard
ရုပ်ပြောင်ပုံ ဒီဇိုင်းအသစ်
သင့် မက်ဆေ့ခ်ျများ၊ လူမှုမီဒီယာ ပို့စ်များ၊ နှင့် သင့်တက်ဘလက်၏ အခြားနေရာများတွင် ပေါ်လာသည့် ရုပ်ပြောင်ပုံများကို သစ်လွင်လန်းဆန်းသော ဒီဇိုင်းအသစ်ဖြင့် အပ်ဒိတ်လုပ်ထားပါသည်။
ပါဝင်မှု မျှဝေခြင်း
ရုပ်ပုံ အကြိုကြည့်ရှုမှုများ
သင်က မည်သည့်အက်ပ်ထံမှမဆို ရုပ်ပုံများကို မျှဝေသည့်အခါ၊ ၎င်းတို့ကို မျှဝေခြင်းမပြုမီ ရုပ်ပုံများကို ပြန်သုံးသပ်နိုင်သည့် နောက်ထပ်အခွင့်အရေးတစ်ရပ်ကို ပေးစွမ်းရန် ရုပ်ပုံများ အစမ်းကြည့်ရှုမှုသည် မျှဝေမှု ပန်နယ် ထိပ်ဆုံးတွင် ပေါ်လာပါလိမ့်မည်။
မိုးလေဝသ
မိုးလေဝသ ဝဒ်ဂျက် အသစ်
မိုးလေဝသ သတင်း ဝဒ်ဂျက်သည် သင်၏ ဒေသတွင်း မိုးလေဝသ အခြေအနေများနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ဖော်ပြပေးပါသည်။ ပြင်းထန်သော မိုးသက်မုန်တိုင်းများ၊ နှင်းကျခြင်း၊ မိုးရွာခြင်း၊ နှင့် အခြားသော ဖြစ်ရပ်များက ကြိုတင်ခန့်မှန်းချက်တွင် ရှိနေသည့်အခါ သင်က တွေ့မြင်နိုင်ပါသည်။
မိုးလေဝသ အက်ပ်နှင့်ဆိုင်သည့် နောက်ထပ် သတင်းအချက်အလက်
ယခုအခါ နှင်းကျခြင်း၊ လအခြေအနေနှင့် အချိန်များ၊ လေထုဖိအား၊ မြင်နိုင်သော အကွာအဝေး၊ နှင်းရည်အမှတ်၊ နှင့် လေလမ်းကြောင်းတို့နှင့် ပတ်သက်သော သတင်းအချက်အလက်ကို မိုးလေဝသ အက်ပ်တွင် တွေ့နိုင်ပါသည်။
တုံ့ပြန်လုပ်ဆောင်သော မြေပုံ မြင်ကွင်း
မြေပုံအနှံ့တွင် ရွှေ့ရန် ပွတ်ဆွဲကာ ဒေသတွင်း မိုးလေဝသ အခြေအနေများကို ကြည့်ရှုရန် တည်နေရာကို တို့ထိပါ။ မြေပုံသည် မြို့၏ အမည်ကို သင်မသိလျှင်ပင် မိုးလေဝသ သတင်းအချက်အလက်များ ရှာဖွေနိုင်ရန် ကူညီပေးနိုင်သည်။
တိုးမြှင့်ထားသော သရုပ်ဖော်ပြချက်များ
လက်ရှိ မိုးလေဝသ အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်သော သတင်းအချက်အလက်များ ပေးအပ်ရန် မိုးလေဝသ ဝဒ်ဂျက်နှင့် အက်ပ်ရှိ သရုပ်ဖော်ပြချက်များကို တိုးမြှင့်ထားပါသည်။ တစ်နေ့တာ၏ အချိန်ပေါ်မူတည်၍ နောက်ခံ အရောင်များကလည်း ပြောင်းလဲပါသည်။
ကင်မရာ
ရိုးရှင်းပြီး အလိုလိုသိသော ဒီဇိုင်း
ကင်မရာ အက်ပ်၏ အလုံးစုံ အပြင်အဆင်ကို ရိုးရှင်းအောင်ပြုလုပ်ထားသည်။ ကြိုတင်ကြည့် ဖန်သားပြင်ပေါ်ရှိ အမြန် သတ်မှတ်ချက်များ ခလုတ်များကို နားလည်ရလွယ်ကူစေရန် ဒီဇိုင်ပြန်ထွင်ထားသည်။
ရေစာများအတွက် နောက်ထပ် ချိန်ညှိမှု ရွေးစရာများ
သင့်ရေစာကို သင့်ဓာတ်ပုံများ၏ အပေါ် သို့မဟုတ် အောက်တွင် ပေါ်လာစေရန် ယခု သင်ရွေးချယ်နိုင်ပါသည်။
ပိုလွယ်ကူသော ဗီဒီယို အရွယ်အစား ရွေးစရာများ
ဗီဒီယို အရွယ်အစား ခလုတ်ကို သင်တို့ထိလိုက်သည့်အခါ ပေါ့-အပ်တစ်ခု ယခုပေါ်လာပြီး ရွေးစရာအားလုံးကို မြင်တွေ့ပြီး မှန်ကန်သော ရွေးချယ်မှုများကို အလွယ်တကူ ပြုလုပ်နိုင်စေပါသည်။
ကင်မရာများ ပြောင်းရန် အပေါ်/အောက် ပွတ်ဆွဲပါကို ပိတ်ပါ
ယခုအခါ ရှေ့နှင့် နောက် ကင်မရာများကြား ကူးပြောင်းရန် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲခြင်းက ရွေးစရာတစ်ခု ဖြစ်လာပါပြီ။ မတော်ဆဆ ပွတ်ဆွဲမှုများနှင့် ပတ်သက်ပြီး သင်စိုးရိမ်ပါက ၎င်းကို သတ်မှတ်ချက်များတွင် သင်ပိတ်နိုင်ပါသည်။
အထူးပြုလုပ်ချက်များကို ပို၍ လွယ်ကူစွာ အသုံးချပါ
စစ်ထုတ်ချက်နှင့် မျက်နှာ အထူးပြုလုပ်ချက်များသည် ဆလိုက်ဒါအစား ယခုအခါ ဒိုင်ခွက်ကို အသုံးပြုနိုင်သောကြောင့် လက်တစ်ဖက်တည်းဖြင့် တိကျသော ချိန်ညှိမှုများ ပြုလုပ်ရန် ပိုလွယ်ကူစေပါသည်။
ပြခန်း
လက် 2 ဖက်ဖြင့် ပွတ်ဆွဲပြီးချပါ
ရုပ်ပုံများနှင့် ဗီဒီယိုများကို လက်တစ်ဖက်တည်းဖြင့် ထိနှိပ်ထားပါ၊ ထို့နောက် အယ်လ်ဘမ်ကို သင်ပစ်ချနိုင်သည့်နေရာသို့ ရွှေ့ပြောင်းရန် သင်၏အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
ပိုကောင်းသော အကြောင်းအရာ ပြသမှု
အကြောင်းအရာတစ်ခုကို ကြည့်နေစဉ် စခရင်၏ အောက်ခြေမှ သင်ပွတ်ဆွဲတင်လိုက်သည့်အခါ ပုံကြမ်းငယ် ပြသမှု ပေါ်လာပါသည်။ ပုံကြမ်းငယ် ပြသမှုတွင် သင့်အကြောင်းအရာမှ ရုပ်ပုံများနှင့် ဗီဒီယိုများကို သင်ထည့်နိုင်သည် သို့မဟုတ် ဖယ်ရှားနိုင်သည်။
ဓာတ်ပုံ တည်းဖြတ်သူ
ပိုကောင်းသော အပြင်အဆင်
တန်ဆာပလာ မီနူးအသစ်သည် သင်လိုအပ်သည့် တည်းဖြတ်မှု အင်္ဂါရပ်များကို အလွယ်တကူ ရှာတွေ့နိုင်စေပါသည်။ ရိုးစင်းပြီး ပကတိရုပ်လုံးပေါ်သော ရွေးစရာများကို အသွင်ပြောင်း မီနူးတွင် ပေါင်းစပ်ထားသည်။
အလှဆင်မှုများကို သိမ်းဆည်းပြီးနောက် ချိန်ညှိပါ
ယခုအခါ သိမ်းဆည်းပြီးနောက်တွင်ပင် ဓါတ်ပုံတစ်ပုံတွင် သင်ထည့်ထားသည့် ပုံများ၊ စတစ်ကာများနှင့် စာသားတွင် အပြောင်းအလဲများ ပြုလုပ်နိုင်ပါသည်။
မလုပ်ရန်နှင့် ပြန်လုပ်ရန်
အမှားများ လုပ်မိမည်ကို မစိုးရိမ်ပါနှင့်။ ယခုအခါ အသွင်ပြောင်းမှုများ၊ စစ်ထုတ်ချက်များနှင့် အသံများကို အလွယ်တကူ မလုပ်နိုင်သည် သို့မဟုတ် ပြန်လုပ်နိုင်သည်။
စာသား နောက်ခံနှင့် စတိုင် အသစ်များ
ဓာတ်ပုံတစ်ပုံတွင် စာသား ပေါင်းထည့်သည့်အခါ ပြီးပြည့်စုံသော အသွင်အပြင် ရရှိနိုင်စေရန် နောက်ခံနှင့် စတိုင်အသစ်များစွာမှ သင်ရွေးချယ်နိုင်သည်။
ဗီဒီယိုဖွင့်စက်
ပိုကောင်းသော အပြင်အဆင်
ဗီဒီယို ဖွင့်စက် ထိန်းချုပ်မှုများသည် ယခုအခါ ယခင်ကထက် ပိုလွယ်ကူပါသည်။ လုပ်ဆောင်ချက်တူသော ခလုတ်များကို အတူတကွ ပေါင်းစည်းထားပြီး ဖွင့်ရန် ခလုတ်ကို စခရင်၏ အလယ်သို့ ရွှေ့ထားသည်။
ပြက္ခဒိန်
တစ်ချက်ကြည့်၍လုပ်နိုင်သည့် သင့်လုပ်ငန်းအစီအစဉ်
လုပ်ငန်းအစီအစဉ် ပြသမှုအသစ်သည် သင်၏ လာမည့် အထူးအခါသမယများ၊ အလုပ်များနှင့် သတိပေးချက်များကို နှစ်ကာလအလိုက် အစီအစဉ်ဖြင့် အတူတကွ ဖော်ပြပေးပါသည်။
သင့်သတိပေးချက်များကို ပြက္ခဒိန်တွင် ကြည့်ပါ
သင်သည် ယခုအခါ သတိပေးချက် အက်ပ်ကို မဖွင့်ကြည့်ဘဲ ပြက္ခဒိန်အက်ပ်ကို ကြည့်နိုင်သည့်အပြင် သတိပေးချက်များကို ထည့်နိုင်သည်။
ဖြစ်ရပ်များကို လက် 2 ဖက်ဖြင့် ရွှေ့ပါ
နေ့ သို့မဟုတ် ရက်သတ္တပတ် ပြသမှုဖြင့် သင်ရွှေ့လိုသော ဖြစ်ရပ်ကို ထိနှိပ်ထားပြီးနောက် သင်ရွှေ့လိုသည့် နေ့သို့ ပြောင်းရွှေ့ရန် သင်၏အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
Samsung Internet
နောက်ခံတွင် ဗီဒီယိုများ ဖွင့်ပါ
လက်ရှိ တဘ်မှ သင်ထွက်သွားလျှင်ပင် သို့မဟုတ် အင်တာနက်အက်ပ်မှ ထွက်သွားလျှင်ပင် ဗီဒီယိုအသံကို ဆက်ဖွင့်ထားပါ။
စခရင်ကြီးများအတွက် တိုးမြှင့်ထားသော တဘ်စာရင်း ပြသမှု
ရှုခင်း မြင်ကွင်းဖြင့် သို့မဟုတ် Samsung DeX ဖြင့် တက်ဘလက်တစ်ခုကဲ့သို့ စခရင်ကြီးတစ်ခုတွင် အင်တာနက် အသုံးပြုသည့်အခါ စခရင်ပေါ်တွင် နောက်ထပ် အချက်အလက်များကို တစ်ပြိုင်တည်း မြင်တွေ့နိုင်စေရန် တဘ် စာရင်း ပြသမှုကို ကော်လံ 2 ခုဖြင့် ပြသပါမည်။
လက် 2 ဖက်ဖြင့် ပိုများသော စာညှပ်များနှင့် တဘ်များကို ရွှေ့ပါ
လက်တစ်ဖက်ဖြင့် သင်ရွှေ့လိုသည့် စာညှပ် သို့မဟုတ် တဘ်ကို ထိနှိပ်ထားပါ၊ ထို့နောက် ၎င်းကို သင်ရွှေ့လိုသည့် စာညှပ် ဖိုင်တွဲ သို့မဟုတ် တဘ်အုပ်စုသို့ နေရာရွှေ့ရန် သင်၏ အခြားလက်တစ်ဖက်ကို အသုံးပြုပါ။
စမတ်ကျသော ရွေးချယ်မှု
ချုံ့ချဲ့ထားသော ပြသမှု
စခရင်၏ ဧရိယာတစ်ခုကို ရွေးချယ်သည့်အခါ ပြီးပြည့်စုံသော နေရာတွင် သင်၏ ရွေးချယ်မှုကို စတင်ရန်နှင့် အဆုံးသတ်ရန်အလို့ငှာ ချုံ့ချဲ့ထားသော ပြသမှု ပေါ်လာပါမည်။
အနေအထားများနှင့် လုပ်ရိုးလုပ်စဉ်များ
သင်၏ သော့ပိတ် ဖန်သားပြင်၏ ပုံပန်းသွင်ပြင်ကို ပြောင်းလဲပါ
သင်ကားမောင်းချိန်၊ အလုပ်လုပ်ချိန်၊ လေ့ကျင့်ချိန်နှင့် အခြားအရာများလုပ်ချိန်အတွက် အခြားသော သော့ပိတ် ဖန်သားပြင်များကို ၎င်းတို့၏ ကိုယ်ပိုင် နောက်ခံပုံရိပ်နှင့် နာရီပုံစံတို့ဖြင့် စီစဉ်သတ်မှတ်ပါ။ အိပ်စက် အနေအထားအတွက် အမှောင် နောက်ခံပုံရိပ် သို့မဟုတ် အပန်းဖြေ အနေအထားအတွက် အငြိမ် နောက်ခံပုံရိပ်တစ်ခုကို စမ်းသုံးကြည့်ပါ။ အနေအထားတစ်ခုအတွက် သော့ပိတ် ဖန်သားပြင်ကို သင်တည်းဖြတ်သည့်အခါ ထိုအနေအထားကို ဖွင့်ထားချိန်တိုင်းတွင် အဆိုပါ နောက်ခံပုံရိပ်ကို သင်မြင်တွေ့ရပါမည်။
သတ်မှတ်ချက်အသစ်များ
ယခုအခါ အက်ပ်တစ်ခုက မီဒီယာတစ်ခုကို ဖွင့်နေချိန်တွင် လုပ်ရိုးလုပ်စဉ်တစ်ခုကို သင်စတင်နိုင်သည်။
လုပ်ဆောင်ချက်အသစ်များ
သင်၏ လုပ်ရိုးလုပ်စဉ်များသည် ယခုအခါ သင်၏ Samsung Keyboard သတ်မှတ်ချက်များကို ပြောင်းလဲခြင်းကဲ့သို့ အရင်ကထက်ပိုပြီး ပြုလုပ်နိုင်ပါသည်။
Finder
အက်ပ်များအတွက် အမြန်လုပ်ဆောင်ချက်များ
အက်ပ်တစ်ခုက သင်၏ ရှာဖွေမှု ရလဒ်များတွင် ပေါ်လာသည့်အခါ အက်ပ်ကို အသုံးပြု၍ သင်လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များသို့ အမြန်ဝင်ခွင့်ကို ရရှိရန် အက်ပ်ကို ထိနှိပ်ထားနိုင်ပါသည်။ ဥပမာ၊ ပြက္ခဒိန် အက်ပ်ကို သင်ရှာဖွေသည့်အခါ ဖြစ်ရပ်တစ်ခု ထည့်ခြင်း သို့မဟုတ် သင်၏ ပြက္ခဒိန်ကို ရှာဖွေခြင်းအတွက် ခလုတ်များ ပေါ်လာပါမည်။ သင်သည် အက်ပ်အစား လုပ်ဆောင်ချက်၏အမည်ကို သင်ရှာဖွေပါက အက်ပ် လုပ်ဆောင်ချက်များသည်လည်း သင်၏ ရှာဖွေမှု ရလဒ်များတွင် ၎င်းတို့ဘာသာ ပေါ်လာပါမည်။
ကျွန်ုပ်၏ ဖိုင်များ
သိုလှောင်ခန်း နေရာလွတ်ကို ရှင်းလင်းပါ
သိုလှောင်ခန်း နေရာလွတ် ရှင်းလင်းနိုင်စေရန် အကြံပြုချက် ကတ်များ ပေါ်လာပါမည်။ ကျွန်ုပ်၏ ဖိုင်များသည် မလိုအပ်သော ဖိုင်များ ဖျက်ခြင်းကို အကြံပြုပါမည်၊ ကလောက် သိုလှောင်ခန်း စီစဉ်သတ်မှတ်ခြင်းအတွက် အကြံပေးချက်များ ပေးအပ်ါမည်၊ ထို့ပြင် သင့်တက်ဘလက်ပေါ်ရှိ မည်သည့်အက်ပ်များက သိုလှောင်ခန်း နေရာလွတ်ကို အများဆုံး အသုံးပြုနေသည်ကိုလည်း အသိပေးပါမည်။
ပြခန်းနှင့် အသံဖမ်းဖိုင်များဖြင့် ပေါင်းစည်းထားသော အမှိုက်
ကျွန်ုပ်၏ ဖိုင်များ၊ ပြခန်းနှင့် အသံဖမ်းစက် အမှိုက် လုပ်ဆောင်ချက်များကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းထားသည်။ ကျွန်ုပ်၏ ဖိုင်များတွင် အမှိုက်ကို သင်ဖွင့်လိုက်သည့်အခါ သင်ဖျက်ထားသည့် ဖိုင်များ၊ ရုပ်ပုံများ၊ ဗီဒီယိုများနှင့် အသံဖမ်းဖိုင်များကို နဂိုအတိုင်း ပြန်ထားရန် သို့မဟုတ် အပြီးတိုင် ဖျက်ပစ်ရန် ရွေးစရာများနှင့်အတူ အတူတကွ သင်မြင်တွေ့ရပါမည်။
လက် 2 ဖက်ဖြင့် ဖိုင်များကို ကူးပါ
သင်ကူးလိုသည့် ဖိုင်ကို လက်တစ်ဖက်ဖြင့် ထိနှိပ်ထားပါ၊ ထို့နောက် သင်ကူးထည့်လိုသည့် ဖိုင်တွဲသို့ နေရာညွှန်ရန် သင်၏အခြားလက်ကို အသုံးပြုပါ။
သတ်မှတ်ချက်များ
ပိုစမတ်ကျသော လေယာဉ်ပျံ အနေအထား
လေယာဉ်ပျံ အနေအထား ပွင့်နေချိန်တွင် Wi-Fi သို့မဟုတ် ဘလူးတုသ်ကို ဖွင့်လိုက်ပါက သင့်တက်ဘလက်က မှတ်ထားပါမည်။ နောက်တစ်ကြိမ် လေယာဉ်ပျံ အနေအထားကို အသုံးပြုသည့်အခါ Wi-Fi သို့မဟုတ် ဘလူးတုသ်သည် ပိတ်နေမည့်အစား ဆက်၍ ပွင့်နေပါမည်။
ဘက်ထရီ သတ်မှတ်ချက်များအတွက် ပိုလွယ်သော သုံးခွင့်ရမှု
ယခုအခါ ဘက်ထရီ သတ်မှတ်ချက်များတွင် ၎င်းတို့၏ကိုယ်ပိုင် ထိပ်တန်းအဆင့် သတ်မှတ်ချက်များ မီနူး ပါရှိသည်ဖြစ်၍ အလွယ်တကူပင် သင်၏ ဘက်ထရီသုံးစွဲမှုကို စစ်ဆေးနိုင်ပြီး ဘက်ထရီ သတ်မှတ်ချက်များကို စီမံခန့်ခွဲနိုင်သည်။
သုံးခွင့်ရမှု
ရှာရပိုလွယ်ကူသည့် အမြင်ပိုင်း အဆင့်မြှင့်မှုများ
စကားပြော အကူအညီနှင့် မြင်နိုင်စွမ်း ပိုကောင်းအောင် လုပ်ဆောင်မှုများ မီနူးများကို ပိုမြန်ဆန် လွယ်ကူသော သုံးခွင့်ရမှုအတွက် မြင်နိုင်စွမ်း ပိုကောင်းအောင် လုပ်ဆောင်မှုများ မီနူးတစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းထားသည်။
မြင်ကွင်းချဲ့ခြင်း ရွေးစရာအသစ်များ
သင်၏ မြင်ကွင်းချဲ့ခြင်း ဝင်းဒိုး ပေါ်လွင်ပုံကို လိုသလို အထူးပြုလုပ်ပေးသည်။ သင်သည် စခရင်အပြည့်၊ တစ်စိတ်တစ်ပိုင်း စခရင်ကို ရွေးချယ်နိုင်သည် သို့မဟုတ် ထိုနှစ်ခုကြား ကူးပြောင်းခြင်းကို ခွင့်ပြုနိုင်သည်။
ကာဆာ အထူကို လိုသလို အထူးပြုလုပ်ပါ
ယခုအခါ သင်သည် စာသားကို တည်းဖြတ်နေစဉ် ပေါ်နေသည့် ကာဆာကို ပို၍လွယ်ကူစွာ မြင်ရစေရန် ၎င်း၏ အထူကို တိုးမြှင့်နိုင်သည်။
သုံးခွင့်ရမှုအကြောင်း ပိုမိုလေ့လာပါ
သုံးခွင့်ရမှု အင်္ဂါရပ်များအပြင် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူတိုင်း မြင်နိုင်အောင် ပြုလုပ်ပေးရန် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီး ပိုမိုလေ့လာနိုင်စေရန်အလို့ငှာ Samsung သုံးခွင့်ရမှု ဝဘ်စာမျက်နှာသို့ လင့်ခ်တစ်ခုကို သုံးခွင့်ရမှု သတ်မှတ်ချက်များသို့ ပေါင်းထည့်ထားသည်။
ဒစ်ဂျစ်တယ် ကျန်းမာရေး
ပိုကောင်းသော အပြင်အဆင်
ဒစ်ဂျစ်တယ် ကျန်းမာရေး၏ ပင်မဖန်သားပြင်ကို ဒီဇိုင်းပြန်ဆွဲထားသောကြောင့် သင်လိုအပ်သော အချက်အလက်များကို ပို၍လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။
သင်၏ အပတ်စဉ် အစီရင်ခံစာပါ နောက်ထပ် အကြောင်းအရာ
သင်၏ အပတ်စဉ် အစီရင်ခံစာသည် ယခုအခါ သင့်အား မူမမှန်သော သုံးစွဲမှု ပက်တန်များ၊ သင်၏ အမြင့်ဆုံး အသုံးပြုချိန်များအပြင် သင်၏ ဖုန်းသုံးစွဲချိန်ကို သင်ဟန်ချက်ချိန်ပုံတို့နှင့် ပတ်သက်ပြီး သင့်အား အသိပေးပါသည်။
တည်ဆောက်နံပါတ် : T220XXS6CWL2
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2024-01-05
လုံခြုံရေးကုစားမှု အဆင့် : 2023-12-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXS5CWK1
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-12-11
လုံခြုံရေးကုစားမှု အဆင့် : 2023-11-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU4CWI2
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-10-30
လုံခြုံရေးကုစားမှု အဆင့် : 2023-08-01
One UI Core 5.1.1 အပ်ဒိတ်
အလုပ်အများအပြား လုပ်ကိုင်ခြင်း
လတ်တလောများ စခရင်ပေါ်ရှိ ပိုကောင်းသော အက်ပ် အစမ်းကြည့်မှုများ
လတ်တလောများ စခရင်သည် အက်ပ်ကို သင်ဖွင့်ပြီးနောက် ပေါ်လာမည့်အတိုင်းပင် အက်ပ်များကို ယခု ပြသပါသည်။ အက်ပ်ကို ပိုင်းခြား မျက်နှာပြင်၊ မျက်နှာပြင် အပြည့်တွင် ဖွင့်ထားသလား သို့မဟုတ် ပေါ့-အပ်အဖြစ် ဖွင့်ထားသလားကို သင်လွယ်ကူစွာ ကြည့်နိုင်ပါသည်။
ပေါ့-အပ် မြင်ကွင်းမှ ပိုင်းခြား မျက်နှာပြင်သို့ အလွယ်တကူ ကူးပြောင်းပါ
ပေါ့-အပ် ဝင်းဒိုး၏ အပေါ်ဆုံးရှိ လက်ကိုင်ကို ဖိ၍နှိပ်ထားပြီးနောက် အက်ပ်ကို သင်ပြသစေလိုသည့် စခရင်၏ ဘေးဘက်သို့ ဆွဲရွှေ့ပါ။
စခရင်၏ အစွန်းသို့ ဆွဲယူလာသည့် ပေါ့-အပ်များကို နဂိုအတိုင်း ပြန်ထားပါ
အက်ပ်ကို အနားစွန်းသို့ ဆွဲရန် စခရင်၏ အစွန်းသို့ ပေါ့-အပ် ပြသမှုဖြင့် အက်ပ်ကို ဆွဲလာပြီး လမ်းကြောင်းအပြင်တွင် ထားပါ။ ထပ်မံလိုအပ်သည့်အခါ ၎င်းကို ယခင်တည်နေရာသို့ ပြန်ယူလာရန် ပေါ့-အပ်ပေါ်ရှိ တစ်နေရာရာကို နှိပ်ပါ။
အလုပ်ဘား
နောက်ထပ် လတ်တလော အက်ပ်များ
အလုပ်ဘားပေါ်တွင် မကြာမီက သုံးထားသော အက်ပ်များ မည်မျှကို (4 ခုအထိ) ပြသမည်ကို ယခု သင်ရွေးချယ်နိုင်သည်။
အမြန် မျှဝေပါ
အဆက်အသွယ်များနှင့် မျှဝေပါ
ယခုအခါ သင့်အဆက်အသွယ်များက သင့်အနီးတွင် မရှိလျှင်တောင်မှ ၎င်းတို့ထံ ဖိုင်များကို အချိန်မရွေး သင်ပို့နိုင်ပါသည်။
ဖိုင်များကို သီးသန့်မျှဝေပါ
၎င်းတို့ကို သင်မျှဝေချိန်တွင် ပုဂ္ဂလိက အကြောင်းအရာကို ကာကွယ်ပါ။ သင်ပေးပို့သည် ဖိုင်များအတွက် သက်တမ်းကုန်ဆုံးရက်များကို သင်သတ်မှတ်နိုင်သည်၊ မျှဝေမှုကို အချိန်မရွေး ပယ်ဖျက်နိုင်သည့်အပြင် လက်ခံမည့်သူများအား သိမ်းဆည်းခြင်း သို့မဟုတ် ပြန်မျှဝေခြင်းမှလည်း တားဆီးနိုင်ပါသည်။
ကင်မရာနှင့် ပြခန်း
အထူးပြုလုပ်ချက်များကို ပို၍ လွယ်ကူစွာ အသုံးချပါ
ပြခန်းရှိ စစ်ထုတ်ချက်နှင့် အသံအထူးပြုလုပ်ချက်များသည် ဆလိုက်ဒါအစား ယခုအခါ ဒိုင်ခွက်ကို အသုံးပြုနိုင်သောကြောင့် လက်တစ်ဖက်တည်းဖြင့် တိကျသော ချိန်ညှိမှုများ ပြုလုပ်ရန် ပိုလွယ်ကူစေပါသည်။
အထူးပြုလုပ်ချက်များကို ကူးပြီး ထည့်ပါ
သင်သည် ယခုအခါ သင်တည်းဖြတ်ထားသည့် ပုံတစ်ခုမှ နောက်တစ်ပုံသို့ စစ်ထုတ်ချက်များနှင့် အသံကို ကူးပြီး ပုံတူပွားနိုင်သည်။
နောက်ထပ်ပြောင်းလဲမှုများ
လက်နှစ်ဖက်ဖြင့် ပွတ်ဆွဲပြီးချပါ
ဖိုင်များ၊ အက်ပ် အိုင်ကွန်များ သို့မဟုတ် အခြား သင်္ကေတများကို လက်တစ်ဖက် ဖြင့် ဆွဲရွှေ့ပြီးနောက် သင်ထည့်သွင်းလိုသည့် ဖိုင်တွဲ သို့မဟုတ် တည်နေရာသို့ နေရာညွှန်းရန် အခြားလက်တစ်ဖက်ကို သုံးပါ။ ကျွန်ုပ်၏ ဖိုင်များနှင့် ပင်မ ဖန်သားပြင်တွင် ပံ့ပိုးထားသည်။
သိုလှောင်ခန်း နေရာလွတ်ကို ရရှိအောင်လုပ်ပါ
သင့်စက်တွင်း သိုလှောင်ခန်းတွင် နေရာလွတ် နည်းနေပါက ကျွန်ုပ်၏ ဖိုင်များတွင် သိုလှောင်ခန်းကို စိစစ်သောအခါ အက်ပ် ယာယီမှတ်ဥာဏ် သတင်းအချက်အလက်ကို ပြသပါမည်။ အက်ပ် ယာယီမှတ်ဥာဏ်များကို ရှင်းလင်းခြင်းသည် ဖိုင်များ သို့မဟုတ် အက်ပ်များကို မဖျက်ဘဲ နေရာလွတ်ကို ရှင်းလင်းနိုင်စေရန် ကူညီပေးနိုင်ပါသည်။
သင့်အနေအထားကို သော့ပိတ် ဖန်သားပြင်မှ ပြောင်းလဲပါ
အိပ်စက် အနေအထား၊ မောင်းနှင် အနေအထားနှင့် အခြားအနေအထားများကြားတွင် သော့ပိတ် ဖန်သားပြင်မှနေ၍ တိုက်ရိုက် ပြောင်းလဲပါ။
သင်၏ အပြင်အဆင်ကို Samsung Internet တွင် လိုသလို အထူးပြုလုပ်ပါ
ယခုအခါ အလုပ်ဘားကို စခရင်၏ အောက်ခြေတွင် ပေါ်လာအောင် သင်ပြုလုပ်နိုင်ပါသည်။ သင်ဤသို့ လုပ်ဆောင်သည့်အခါ တဘ် ဘားနှင့် စာညှပ်ဘားတို့ကိုလည်း အောက်ခြေတွင် ပြသပါမည်။
တည်ဆောက်နံပါတ် : T220XXS4CWG4
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-08-14
လုံခြုံရေးကုစားမှု အဆင့် : 2023-06-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXS4CWF4
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-07-25
လုံခြုံရေးကုစားမှု အဆင့် : 2023-06-01
• လုံခြုံရေး
ကိရိယာကို တိုးမြှင့်ထားသည့် လုံခြုံရေးဖြင့် ကာကွယ်ထားပါသည်။
တည်ဆောက်နံပါတ် : T220XXS3CWD1
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-04-20
လုံခြုံရေးကုစားမှု အဆင့် : 2023-04-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU2CWB3
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-04-05
လုံခြုံရေးကုစားမှု အဆင့် : 2023-02-01
One UI Core 5.1 အပ်ဒိတ်
One UI Core 5.1 သည် ပြခန်း အင်္ဂါရပ်အသစ်များအပြင် ထုတ်လုပ်နိုင်စွမ်းနှင့် ကိုယ်တိုင်စိတ်ကြိုက်လုပ်ခြင်း မြှင့်တင်မှုများဖြင့် သင့်တက်ဘလက်ကို အဆင့်အတန်း ထပ်မြင့်ပေးပါသည်။
ကင်မရာနှင့် ပြခန်း
ဆယ်လ်ဖီများအတွက် အရောင်အသွေးကို အမြန်ပြောင်းပါ
စခရင်၏ ဘေးဘက်ရှိ အထူးပြုလုပ်ချက်များ ခလုတ်ကို အသုံးပြု၍ သင့် ဆယ်လ်ဖီများ၏ အရောင်အသွေးကို ပြောင်းလဲရန် ပိုမိုလွယ်ကူသည်။
ပြန်လည်မွမ်းမံထားသော အချက်အလက် မျက်နှာပြင်
သင့် ပြခန်း တွင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို ကြည့်ရှုနေစဉ် အပေါ်သို့ ပွတ်ဆွဲလိုက်သည့်အခါ၊ ရုပ်ပုံရိုက်ယူခံရသည့် အချိန်နှင့် နေရာ၊ မည်သည့်စက်ကိရိယာက ဓာတ်ပုံရိုက်ယူသည်၊ ဓာတ်ပုံကို သိမ်းဆည်းထားသည့်နေရာနှင့် အခြားအရာများကို မြင်တွေ့နိုင်သည်။ ယခု ပိုမိုရိုးရှင်းသော အပြင်အဆင် တစ်ခုပါသည်။
အလုပ်အများအပြား လုပ်ကိုင်ခြင်း
လွယ်ကူစွာ စခရင် ချုံ့ပါ သို့မဟုတ် အပြည့်ချဲ့ပါ
ရွေးစရာ မီနူးသို့ မသွားဘဲ အက်ပ် windowတစ်ခုကို ယခု အနည်းဆုံးချုံ့နိုင်သည် သို့မဟုတ် ချဲ့နိုင်သည်။ ထောင့်တစ်ဖက်သို့ ဆွဲချလိုက်ပါ။
ပိုင်းခြား မျက်နှာပြင်တွင် သင့်အသုံးအများဆုံးအက်ပ်များကို အသုံးပြုပါ
ဖန်သားပြင်ခွဲထုတ် မြင်ကွင်းကို စတင်သည့်အခါ သင် လိုအပ်သောအက်ပ်များကို မြန်ဆန်စွာ ရှာတွေ့နိုင်ရန် သင်အသုံးပြုလေ့အများဆုံးရှိသည့် အက်ပ်များကို သင်၏ လတ်တလော အသုံးပြုထားသည့် အက်ပ်များအောက်တွင် ပြသသွားမည်။
အနေအထားများနှင့် လုပ်ရိုးလုပ်စဉ်များ
သင်၏ အနေအထား ပေါ်အခြေခံ၍ နောက်ခံပုံရိပ်များပြောင်းပါ
သင့်လက်ရှိ လုပ်ဆောင်ချက်အပေါ်အခြေခံပြီး မတူညီသော နောက်ခံပုံရိပ်တစ်ခုကို သတ်မှတ်ပါ။ အလုပ်အတွက် နောက်ခံပုံရိပ် တစ်ခု၊ လေ့ကျင့်ခန်းလုပ်ခြင်းအတွက် တစ်ခုနှင့် နောက်ထပ်အရာများကို ရွေးချယ်ပါ။
လုပ်ရိုးလုပ်စဉ်များအတွက် နောက်ထပ် လုပ်ဆောင်ချက်များ
လုပ်ဆောင်ချက်အသစ်များသည် သင့်အား အမြန် မျှဝေမှုနှင့် ထိတွေ့မှုအာရုံခံနိုင်စွမ်းတို့ကို ထိန်းချုပ်ခြင်း သို့မဟုတ် သင့်ဖောင့် စတိုင်ကို ပြောင်းလဲခြင်း ပြုလုပ်ခွင့်ပြုပါသည်။
မိုးလေဝသ
အသုံးဝင်သော အချက်အလက်သို့ အမြန်ဝင်ခွင့်
မိုးလေဝသ အက်ပ်၏ထိပ်ရှိ ပြင်းထန်သော မိုးလေဝသသတိပေးချက်များ၊ နေ့စဉ် မိုးလေဝသ အကျဉ်းချုပ်နှင့် နေထွက်ချိန်/ နေဝင်ချိန်များကို စစ်ဆေးပါ။ ယခုအခါ အပူချိန် ဂရပ်သည် တစ်နေ့တာလုံး အပူချိန် ပြောင်းလဲပုံကို ပြသရန် အရောင်များကို အသုံးပြုထားသည်။
နာရီအလိုက် မိုးရွာသွန်းမှု ဂရပ်
ယခုအခါ နာရီအလိုက် ဂရပ်တစ်ခုသည် တစ်နေ့တာ၏ မတူညီသောအချိန်များတွင် မည်မျှ မိုးရွာသွန်းမှု ရှိသည်ကို ပြသသည်။
မိုးလေဝသ ဝဒ်ဂျက် အကျဉ်းချုပ်
နေသာ၊ တိမ်ထူ၊ မိုးရွာနေသည် သို့မဟုတ် ဆီးနှင်းများကျနေပါက သင့်အား အသိပေးရန်အတွက် လက်ရှိမိုးလေဝသ အခြေအနေများ၏ အကျဉ်းချုပ်သည် မိုးလေဝသ ဝဒ်ဂျက်တွင် ပေါ်လာပါသည်။
Samsung Internet
အခြား ကိရိယာတွင် ဆက်လက်လျှောက်ကြည့်ခြင်း
အကယ်၍ သင်သည် Galaxy ဖုန်း သို့မဟုတ် တက်ဘလက်တစ်ခုတွင် ဝဘ်ဆိုက်ကိုကြည့်ရှုပြီး Samsung account တူတစ်ခုဖြင့် ဝင်ရောက်ထားသည့် အခြား Galaxy ကိရိယာတွင် အင်တာနက်အက်ပ်ကို နောက်မှဖွင့်ပါက၊ အခြားကိရိယာပေါ်တွင် သင်ကြည့်ရှုနေသည့် နောက်ဆုံးဝဘ်စာမျက်နှာကို ဖွင့်နိုင်စေမည့် ခလုတ်တစ်ခု ပေါ်လာလိမ့်မည်။
ပိုမိုကောင်းမွန်သော ရှာဖွေမှု
ယခုအခါ သင့်ရှာဖွေမှုများတွင် စာညှပ်ဖိုင်တွဲများနှင့် တက်ဘ်အုပ်စုများ၏ အမည်များ ပါဝင်သည်။ ပိုမိုကောင်းမွန်သော ရှာဖွေမှုလော့ဂျစ်သည် တစ်စုံတစ်ခုမှာ စာလုံးပေါင်းမှန်အောင် မပေါင်းထားစေကာမူ သင်ရှာဖွေနေသည့်အရာကို ရှာတွေ့နိုင်စေပါသည်။
နောက်ထပ်ပြောင်းလဲမှုများ
သင့်ကိရိယာ၏ ဘက်ထရီ အဆင့်ကို စစ်ဆေးပါ
ဘက်ထရီ ဝစ်ဂျစ်အသစ်သည် သင့်အား သင့်စက်၏ ဘက်ထရီပမာဏကို ပင်မ ဖန်သားပြင်မှနေ၍ စစ်ဆေးနိုင်စေပါသည်။ သင့်တက်ဘလက်၊ Galaxy Buds နှင့် အခြား ပံ့ပိုးပေးသော ကိရိယာများတွင် ဘက်ထရီမည်မျှကျန်သည်ကို ကြည့်ရှုနိုင်သည်။
သတ်မှတ်ချက်များအတွက် အကြံပြုချက်များ
သင်၏ Samsung account သို့ ဝင်ရောက်ထားစဉ် သင်၏ Galaxy ကိရိယာအနှံ့အပြားတွင် သင်၏ အတွေ့အကြုံကို မျှဝေရန်၊ ချိတ်ဆက်ရန်နှင့် မြှင့်တင်ပေးရန် ကူညီပေးမည့် သတ်မှတ်ချက်များ စခရင်၏ အပေါ်ဆုံးတွင် အကြံပြုချက်များ ပေါ်လာပါမည်။
စခရင်ရှော့(တ်)များ သိမ်းဆည်းရန်နေရာကို ရွေးပါ
စခရင်ရှော့(တ်)များ သိမ်းဆည်းခဲ့သည့် ဖိုင်တွဲကို သင် ယခု ပြောင်းလဲနိုင်ပါသည်။
တည်ဆောက်နံပါတ် : T220XXS2CWA8
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-02-22
လုံခြုံရေးကုစားမှု အဆင့် : 2023-01-01
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU1CWA2
အန်ဒရွိုက်ဒ်ပုံစံ : T(Android 13)
ထုတ်သည့် နေ့စွဲ : 2023-02-02
လုံခြုံရေးကုစားမှု အဆင့် : 2022-11-01
One UI 5 အဆင့်မြှင့်ခြင်း (အန်းဒရွိုက် 13)
One UI 5 သည် သင့်အား ပိုမိုအားကောင်းသော ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်မှုကို ယူဆောင်လာပြီး သင့် Galaxy ကိရိယာများတွင် အရာများလုပ်ဆောင်ရန် ပိုမိုလွယ်ကူစေသည်။
အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်း
အက်ပ်သင်္ကေတများနှင့် သရုပ်ဖော်ပုံအသစ်များ
ထင်ရှားသည့် အသွင်အပြင်ဖြင့် အိုင်ကွန်သင်္ကေတများသည် ရှာရပိုမိုလွယ်ကူသည်။ သိမ်မွေ့သော နောက်ခံအရောင်ဖျော့ဖျော့များနှင့် ပိုမိုကောင်းမွန်သော ခြားနားမှုများသည် ပိုမိုသစ်လွင်ပြီး သဘာဝကျသော ခံစားချက်ကိုပေးသည်။ အက်ပ်များအားလုံးတွင် တစ်သမတ်တည်းကြည့်ရှုနိုင်ရန် အကူအညီ သရုပ်ဖော်ပုံအသစ်များကို ဖန်တီးထားပါသည်။
အရင်ကထက် ပိုမိုချောမွေ့
သရုပ်ဖော်ခြင်းအသစ်များနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာ အထူးပြုလုပ်ချက်များသည် ဖန်သားပြင်များအကြား ကူးပြောင်းခြင်းကို ပိုမိုသဘာဝကျစေသည်။ ဖန်သားပြင်ကို ထိသောအခါတွင် သရုပ်ဖော်ခြင်းများနှင့် အခြားအမြင်အာရုံတုံ့ပြန်ချက်များ ပေါ်လာပြီး တုံ့ပြန်လုပ်ဆောင်မှုများကို ပိုမိုနားလည်သဘောပေါက်စေသည်။ One UI တစ်လျှောက်တွင် ပွတ်ဆွဲခြင်းကို ပိုမိုချောမွေ့စေမည့် ပွတ်ဆွဲနှုန်းကို မြှင့်တင်ထားပါသည်။
အဆင့်မြှင့်ထားသော မှုန်ဝါးသောသက်ရောက်မှုရလဒ်များနှင့် အရောင်များ
ပင်မ ဖန်သားပြင်၊ အမြန် ထိန်းညှိပန်နယ်ရှိ နေက်ခံ မှုန်ဝါးသည့် သက်ရောက်မှုရလဒ်များ နှင့် One UI တစ်ခုလုံးကို ပိုမိုကြည်လင်၍ ပိုမို တသမတ်တည်းဖြစ်သည့် အတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် ပိုမိုတောက်ပသည့် အရောင်အသွေးများနှင့် တိုးမြှင့်လုပ်ဆောင်ထားသည်။ ရိုးရှင်းသောအက်ပ်အရောင်အစီအစဉ်များသည် သင့်အား စိတ်အနှောင့်အယှက်မဖြစ်စေရန်နှင့် သင့်လက်ရှိလုပ်ငန်းအပေါ်အာရုံစိုက်ရန် ကူညီပေးပါသည်။
စိတ်ကြိုက်ပြုလုပ်ခြင်း
သင်၏သော့ပိတ် ဖန်သားပြင်ကို စိတ်ကြိုက်ပြင်ဆင်ပါ
တည်းဖြတ်ရန် လော့ခ်မျက်နှာပြင်ကို ထိပြီး ဖိထားပါ။ ဘယ်အရာက ပိုရိုးရှင်းနိုင်မလဲ။ သင့်နောက်ခံပုံရိပ်၊ နာရီပုံစံ၊ အသိပေးချက် သတ်မှတ်ချက်များနှင့် အခြားအရာများကို တစ်နေရာတည်းတွင် တိုက်ရိုက်ကြည့်ရှုခြင်းဖြင့် စိတ်ကြိုက်ပြင်ဆင်ပါ။
နောက်ထပ် နောက်ခံပုံရိပ်ရွေးချယ်မှုများ
သင့်ပင်မနှင့် သော့ပိတ် ဖန်သားပြင်များအတွက် ပြီးပြည့်စုံသော နောက်ခံပုံရိပ်ကို ရှာရလွယ်ကူအောင် နောက်ခံပုံရိပ် သတ်မှတ်ချက်များကို ပြန်လည်ဒီဇိုင်းရေးဆွဲထားပါသည်။ ရုပ်ပုံများ၊ ဗီဒီယိုများ၊ အရောင်များနှင့် စစ်ထုတ်မှုများ ယခင်ကထက် ရွေးချယ်ရန် ပိုများပါသည်။
သင့်အရောင်စပ်အကွက် အတွက် နောက်ထပ် ရွေးစရာများ
သင့်အတွက် သင့်လျော်သောအရောင်များကို ရှာဖွေရန် ပိုမိုလွယ်ကူသည်။ သင့်နောက်ခံပုံရိပ်ပေါ် အခြေခံ၍ အရောင် 16 ခုအပြင်အဆင်များအပြင် ကြည့်ကောင်းနေရန် ဒီဇိုင်းထုတ်ထားသည့် ကြိုတင်သတ်မှတ်ထားသော အရောင်အပြင်အဆင်များကို ရွေးချယ်ပါ။
ခေါ်ဆိုနေသူကို အလွယ်တကူ ကြည့်ပါ
အမြန် ခြုံငုံကြည့်ခြင်းဖြင့် ခေါ်ဆိုနေသူကို အလွယ်တကူ မြင်တွေ့နိုင်စေရန် အဆက်အသွယ်တစ်ခုချင်းအတွက် မတူကွဲပြားသော ခေါ်ဆိုမှုနောက်ခံတစ်ခု သတ်မှတ်ပါ။
အနေအထားများနှင့် လုပ်ရိုးလုပ်စဉ်များ
သင့်လုပ်ဆောင်ချက်အပေါ်အခြေခံ၍ အနေအထားများကိုရွေးချယ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်း၊ အလုပ်လုပ်ခြင်း သို့မဟုတ် အပန်းဖြေခြင်းစသည့် သင်လုပ်ဆောင်နေသည့်အရာအပေါ် အခြေခံသည့် အနေအထားကိုရွေးချယ်ပါ၊ ထို့နောက် အခြေအနေတစ်ခုစီတွင် သင့်ဖုန်းကို သင်လုပ်ဆောင်စေလိုသည့်အရာကို ရွေးချယ်ပါ။ ဥပမာအားဖြင့်၊ စိတ်အပန်းဖြေနေချိန်တွင် မနှောင့်ယှက်ရကို ဖွင့်ပါ သို့မဟုတ် သင်ကားမောင်းနေစဉ် သီချင်းဖွင့်ပါ။
အိပ်ရာဝင်ချိန် အနေအထားသည် ယခုအိပ်စက် အနေအထားဖြစ်သည်
အိပ်စက် အနေအထားသည် အိပ်ရာဝင်ချိန်ရောက်သောအခါတွင် သင့်အား အမှောင်မုဒ် ဖွင့်ခြင်းနှင့် အသံ အနေအထားကို ပြောင်းလဲခြင်းကဲ့သို့ နောက်ထပ်လုပ်ဆောင်ချက်များကို အလိုအလျောက်လုပ်ဆောင်နိုင်စေပါသည်။
ကြိုတင်သတ်မှတ်ထားသော လုပ်ရိုးလုပ်စဉ်များကို ရှာဖွေရန် ပိုမိုလွယ်ကူသည်
ရိုးရှင်းသော အပြင်အဆင်သည် သင့်အတွက် အသုံးဝင်သော လုပ်ရိုးလုပ်စဉ်များကို ရှာဖွေရန် ပိုမိုလွယ်ကူစေသည်။
လုပ်ဆောင်နေသော လုပ်ရိုးလုပ်စဉ်များကို အမြန်စစ်ဆေးပါ
လက်ရှိလုပ်ဆောင်နေသော လုပ်ရိုးလုပ်စဉ်များကို ယခုလုပ်ရိုးလုပ်စဉ်များစခရင်၏ထိပ်တွင် ပြသထားပြီး ဖြစ်သည်ကို သင်နားလည်နိုင်ပြီး လိုအပ်ပါက အပြောင်းအလဲများကို ပြုလုပ်နိုင်ပါသည်။
သင့်လုပ်ရိုးလုပ်စဉ်များအတွက် နောက်ထပ်လုပ်ဆောင်ချက်များနှင့် အခြေအနေများ
လေယာဉ်ပျံအနေအထား သို့မဟုတ် မိုဘိုင်းဟော့စပေါ့ကို သင်အသုံးပြုသောအခါ လုပ်ရိုးလုပ်စဉ်များကို အလိုအလျောက်စတင်ပါ။ လုပ်ရိုးလုပ်စဉ်များသည် ယခုအခါ အက်ပ် အတွဲများကိုဖွင့်ပြီး ဘယ်/ညာ အသံချိန်ညှိမှုကို ချိန်ညှိနိုင်ပါပြီ။
ပင်မ ဖန်သားပြင် ဝစ်ဂျစ်များ
သင်၏ ပင်မ ဖန်သားပြင်တွင် ဝစ်ဂျစ်များကို နေရာချပါ
သင့်ပင်မ ဖန်သားပြင်ပေါ်တွင် နေရာလွတ်ချွေတာရန် တစ်ခုတည်းသော ဝစ်ဂျစ်တစ်ခုအဖြစ် အရွယ်အစားတူဝစ်ဂျစ်များစွာကို ပေါင်းစပ်ပါ။ အထပ်တစ်ခုဖန်တီးရန် ဝစ်ဂျစ်တစ်ခုကို အခြားဝစ်ဂျစ်တစ်ခုပေါ်သို့ ဆွဲယူကာ ဝစ်ဂျစ်များကြားပြောင်းရန် ပွတ်ဆွဲပါ။ ဆွဲချပြီး ချခြင်းဖြင့် သင်၏ အထပ်တွင် နောက်ထပ် ဝစ်ဂျစ်များကို အချိန်မရွေး ထည့်နိုင်ပါသည်။
ကင်မရာနှင့် ပြခန်း
သင့်ပုံများတွင် ရေစာထည့်ပါ
ရုပ်ပုံရိုက်သည့်ရက်စွဲနှင့်အချိန်၊ သင့်တက်ဘလက်၏မော်ဒယ်အမည် သို့မဟုတ် အခြားစိတ်ကြိုက်အချက်အလက်များပါရှိသော ရုပ်ပုံတစ်ပုံစီတွင် ရေစာတစ်ခုကို အလိုအလျောက်ထည့်ပါ။
စစ်ထုတ်ချက်များကို ပိုမိုလွယ်ကူစွာ ရွေးချယ်ပါ
စစ်ထုတ်ချက် ရွေးချယ်မှု မီနူးကို ကင်မရာ၊ ဓါတ်ပုံ အယ်ဒီတာနှင့် ဗီဒီယို တည်းဖြတ်တွင် ပြေပြစ်သွက်လက်အောင် လုပ်ဆောင်ထားသည်။ စစ်ထုတ်ချက်အားလုံးကို စာရင်းတစ်ခုတည်းတွင် ရနိုင်သောကြောင့် သင့် ရုပ်ပုံ သို့မဟုတ် ဗီဒီယိုအတွက် ပြီးပြည့်စုံသော စစ်ထုတ်ချက်ကို ရှာဖွေရန် ပိုမိုလွယ်ကူစေပါသည်။
ပြခန်းတွင် အယ်လ်ဘမ်များကို စိတ်ကြိုက်ပြင်ဆင်ပါ
အမည်တူရှိသည့် အယ်လ်ဘမ်များကို ပေါင်းစပ်ပြီး သင်ရွေးချယ်သည့် လူများ၏ ပုံများ ပါဝင်စေရန် အလိုအလျောက် အပ်ဒိပ်လုပ်နိုင်သည့် အယ်လ်ဘမ်များကိုလည်း ဖန်တီးပါ။ သင်၏ မျှဝေထားသော အယ်လ်ဘမ်များသည် သင်၏ အခြား အယ်လ်ဘမ်များနှင့်အတူအတူ ယခု ပေါ်ပေါက်လာပါမည်။
အကြောင်းအရာများအတွက် ပုံစံအသစ်
သင့် ပြခန်းတွင် အလိုအလျောက် ဖန်တီးထားသည့် အကြောင်းအရာများကို အပြန်အလှန် အကျိုးပြုသော ဆလိုက်ရှိုးမြင်ကွင်းဖြင့် ပြန်လည်မွမ်းမံထားပါသည်။ သင့်အကြောင်းအရာရှိ ရုပ်ပုံများနှင့် ဗီဒီယိုများကြား ရွှေ့ရန် နှိပ်ပါ သို့မဟုတ် ပွတ်ဆွဲပါ။
ဓါတ်ပုံနှင့် ဗီဒီယို တည်းဖြတ်
မည်သည့်ပုံမှမဆို စတစ်ကာများကို ဖန်တီးပါ
သင့်ပြခန်းရှိ မည်သည့်ပုံမှမဆို ပြန်သုံးနိုင်သောစတစ်ကာများကို ဖန်တီးပါ။ စတစ်ကာအဖြစ် သင်အသုံးပြုလိုသော ပုံ၏အစိတ်အပိုင်းကို ရွေးပါ၊ ထို့နောက် ကောက်ကြောင်းများ၏ အထူနှင့် အရောင်ကို ချိန်ညှိပါ။
GIF များကို တည်းဖြတ်ရန် နောက်ထပ်နည်းလမ်းများ
၎င်းတို့ကို မှန်ကန်သောအရွယ်အစားဖြစ်စေရန် ကာတွန်းရုပ်ပုံများ အချိုးအစားကို ချုံ့ပြီး ချိန်ညှိနိုင်သည်။ သင့် GIF ကို သင်နှစ်သက်သလို အလှဆင်ရန်အတွက် ရုပ်ငြိမ်ရုပ်ပုံများအတွက် ရနိုင်သော တည်းဖြတ်မှုအင်္ဂါရပ်များကိုလည်း အသုံးပြုနိုင်ပါသည်။
တည်းဖြတ်ပြီးသည့်တိုင် ဒေါင်လိုက် အနေအထား သက်ရောက်မှုရလဒ်များကို သိမ်းဆည်းထားပါ
ဒေါင်လိုက် အနေအထား သက်ရောက်မှုများကို ဖြတ်တောက်ခြင်း သို့မဟုတ် စစ်ထုတ်မှုများကို ပြောင်းလဲပြီးနောက်တွင်ပင် ယခု ထိန်းသိမ်းထားသောကြောင့် နောက်ခံမှုန်ဝါးမှုကို အချိန်မရွေး ချိန်ညှိနိုင်ပါသည်။
ရုပ်ပုံများနှင့် ဗီဒီယိုများပေါ်တွင် ပြီးပြည့်စုံသော ပုံစံများကို ရေးဆွဲပါ
စက်ဝိုင်း၊ တြိဂံ၊ စတုဂံ သို့မဟုတ် နှလုံးသားကဲ့သို့ ပုံသဏ္ဍာန်တစ်ခုဆွဲရန် ဘောပင်တူးလ်ကို အသုံးပြုပါ။ ပုံဆွဲပြီးသောအခါ မျဉ်းဖြောင့်များနှင့် ပြီးပြည့်စုံသောထောင့်များအဖြစ် ချက်ချင်းအသွင်ပြောင်းစေရန် သင့်လက်ချောင်းကို စခရင်ပေါ်တွင် ဖိထားပါ။
ဓာတ်ပုံနှင့် ဗီဒီယိုများအတွက် စတစ်ကာအသစ်များ
သင့်ရုပ်ပုံများနှင့် ဗီဒီယိုများကို အလှဆင်ရန်အတွက် ကြိုဖွင့်ထားသော အီမိုဂျီစတစ်ကာအသစ် 60 ကို ရနိုင်ပါသည်။
ကြေညာအသိပေးချက်များ
သင်ခွင့်ပြုသည့် ကြေညာအသိပေးချက်များကိုသာ ရရှိပါ
ပထမဆုံးအကြိမ် အက်ပ်ကို သင်အသုံးပြုသောအခါ၊ ၎င်းမှ ကြေညာအသိပေးချက်များကို သင်အလိုရှိ၊ မရှိ သင့်အား မေးမြန်းပါမည်။ သင့်အား မနှောင့်ယှက်စေလိုသည့် အက်ပ်များကို လွတ်လပ်စွာ မလိုပါဟု ပြောပါ။
အက်ပ် အသိပေးချက်ထိန်းချုပ်မှုများသို့ ပိုမိုလွယ်ကူစွာဝင်ရောက်ခွင့်
အက်ပ်တစ်ခုသည် သင့်အား အကြောင်းကြားချက်များစွာ ပေးပို့နေပါသလား။ အက်ပ်အသိပေးချက်ထိန်းချုပ်မှုများကို ထိပ်တွင်ထားကာ ပြန်လည်ဖွဲ့စည်းထားသော အသိပေးချက် သတ်မှတ်ချက်များဖြင့် ပိတ်ဆို့ရန် ယခင်ကထက် ပိုမိုလွယ်ကူသည်။ အသိပေးချက် ပန်နယ်အောက်ခြေရှိ ခလုတ်ကို အသုံးပြု၍ အက်ပ်အသိပေးချက် သတ်မှတ်ချက်များသို့လည်း တိုက်ရိုက်သွားနိုင်သည်။
ပေးပို့နိုင်သည့် အသိပေးချက်အက်ပ်အမျိုးအစားများကို ရွေးပါ
ယခု သင်သည် အက်ပ်များက ပေါ့ပ်အပ်အသိပေးချက်များ၊ အက်ပ်အိုင်ကွန်တံဆိပ်များနှင့် သော့ပိတ် ဖန်သားပြင်ပေါ်တွင် အသိပေးချက်များကို ပြသနိုင်ခြင်းရှိမရှိကို သီးခြားထိန်းချုပ်နိုင်ပါပြီ။ အမျိုးအစားအားလုံးကို၊ အချို့၊ သို့မဟုတ် အားလုံးကို ခွင့်ပြုပါ သို့မဟုတ် ခွင့်မပြုပါနှင့်။ သင့်အပေါ်မှာပဲ မူတည်ပါတယ်။
အသိပေးချက်များအတွက် အပြင်အဆင်အသစ်
အက်ပ်အိုင်ကွန်များသည် ပိုကြီးသောကြောင့် မည်သည့်အက်ပ်က အသိပေးချက်ကို ပေးပို့သည်ကို ကြည့်ရလွယ်ကူစေသည်။ အသိပေးချက်များကို ဖတ်ရလွယ်ကူစေရန် စာသားချိန်ညှိမှုကိုလည်း မြှင့်တင်ထားပါသည်။
သတ်မှတ်ချက်များ
အက်ပ်တစ်ခုစီအတွက် ဘာသာစကားတစ်ခုကို သတ်မှတ်ပါ
အချို့သောအက်ပ်များကို ဘာသာစကားတစ်မျိုးနှင့် အခြားအက်ပ်တစ်ခုတွင် အခြားဘာသာအသုံးပြုလိုပါသလား။ သတ်မှတ်ချက်များထဲတွင် အက်ပ်တစ်ခုစီအတွက် မည်သည့်ဘာသာစကားကို အသုံးပြုမည်ကို ယခု သင်ရွေးချယ်နိုင်ပါပြီ။
မနှောင့်ယှက်ရန် ခြွင်းချက်များကို သတ်မှတ်ပါ
ယခု သင်သည် တစ်ဦးချင်းအဆက်အသွယ်များကို မနှောင့်ယှက်ရန် ခြွင်းချက်အဖြစ် သတ်မှတ်နိုင်ပါပြီ။ 'မနှောင့်ယှက်ရ' ကိုဖွင့်ထားသည့်အခါတွင်ပင် သင်ရွေးချယ်သောလူများက ဖုန်းခေါ်ဆိုပြီး မက်ဆေ့ခ်ျများပေးပို့သည့်အခါ သင့်ဖုန်းသည် အသံမြည်လာမည် သို့မဟုတ် တုန်ခါသွားမည်ဖြစ်သည်။ အက်ပ်များကို ခြွင်းချက်အဖြစ် သတ်မှတ်ရန်လည်း လွယ်ကူသောကြောင့် 'မနှောင့်ယှက်ရ' ကို ဖွင့်ထားသော်လည်း ၎င်းတို့ထံမှ အကြောင်းကြားချက် သတိပေးချက်များကို သင်ရရှိမည်ဖြစ်သည်။ ဇယားကွက်အသစ်မှ သင်ခွင့်ပြုလိုသောအက်ပ်များကို ရွေးပါ။
ပိုမိုကောင်းမွန်သော အသံနှင့် တုန်ခါမှု ဆက်တင်များ
သင်လိုအပ်သော အသံနှင့် တုန်ခါမှုရွေးချယ်မှုများကို ရှာဖွေရလွယ်ကူစေရန် မီနူးများကို ပြန်လည်ဖွဲ့စည်းထားပါသည်။ သင့်ဖုန်းမြည်သံကို သတ်မှတ်ပြီး အသံအတိုးအကျယ်နှင့် တုန်ခါမှုသတ်မှတ်ချက်များကို တစ်နေရာတည်းတွင် ပြောင်းလဲပါ။
RAM Plus အတွက် နောက်ထပ် ရွေးစရာများ
RAM Plus အား ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှုတွင် မလိုအပ်ပါက သို့မဟုတ် ၎င်းအား မည်သည့်သိုလှောင်မှုနေရာကိုမျှ အသုံးမပြုလိုပါက ယခုအခါ လုံးဝ ပိတ်နိုင်ပါပြီ။
အလိုအလျောက် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း
ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှုသည် နောက်ခံတွင် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်းဖြင့် သင့်တက်ဘလက်ကို ချောမွေ့စွာလည်ပတ်စေသည်။ သင့်တက်ဘလက်ကို အကောင်းဆုံးအခြေအနေတွင် ထိန်းသိမ်းထားရန် လိုအပ်သည့်အခါတွင် သင့်တက်ဘလက်ကို အလိုအလျောက် ပြန်လည်စတင်ရန် သင်သတ်မှတ်နိုင်သည်။
လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု
သင့်တက်ဘလက်၏ လုံခြုံရေးအခြေအနေကို တစ်ချက်ကြည့်လိုက်ပါ
သတ်မှတ်ချက်များရှိ လုံခြုံရေးဒက်ရှ်ဘုတ်အသစ်သည် သင့်ဖုန်းတွင် လုံခြုံရေးပြဿနာများရှိမရှိကို ပြသပြီး ၎င်းတို့ကို အမြန်ဖြေရှင်းရန် ကူညီပေးသည်။
ကိုယ်ရေးအချက်အလက်များကို မတော်တဆမျှဝေခြင်းကို ကြိုတင်ကာကွယ်ပါ
ခရက်ဒစ်ကတ်များ၊ ID ကတ်များ၊ သို့မဟုတ် နိုင်ငံကူးလက်မှတ်များကဲ့သို့သော အရေးကြီးသောအချက်အလက်များပါရှိသော ဓာတ်ပုံများကို မျှဝေရန်ကြိုးစားသည့်အခါ မျှဝေမှုပန်နယ်မှ သင့်အား အသိပေးမည်ဖြစ်၍ ၎င်းတို့ကို အမှန်တကယ်မျှဝေလိုခြင်းရှိမရှိ ပြန်လည်စဉ်းစားနိုင်ပါသည်။
ဝဘ်ဆိုက်များအတွက် လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်
ဆိုက်တစ်ခု၏ လုံခြုံရေးအခြေအနေကိုပြသရန် Samsung Internet ရှိ လိပ်စာဘားတွင် အိုင်ကွန်တစ်ခု ပေါ်လာလိမ့်မည်။ ဝဘ်ဆိုက်က စုဆောင်းပြီး ခြေရာခံမည့် အချက်အလက်များကို လေ့လာရန် အိုင်ကွန်ကို တို့ပါ။
သုံးခွင့်ရမှု
အမြန် ထိန်းညှိပန်နယ်ရှိ နောက်ထပ်ဝင်ရောက်နိုင်မှုရွေးချယ်စရာများ
မြင့်မားသော ဆန့်ကျင်ဘက်ဖောင့်၊ အရောင်ပြောင်းပြန်လှန်မှု၊ အရောင်ချိန်ညှိမှုနှင့် အရောင်စစ်ထုတ်မှုတို့ကို ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်ရန် အမြန် ထိန်းညှိပန်နယ်သို့ ထည့်နိုင်သည်။
နောက်ထပ် စကားပြောအကူအညီ
မျက်နှာပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သင့်တက်ဘလက်အသုံးပြုရာတွင် အကူအညီရယူရန် အသံတုံ့ပြန်ချက် အမျိုးအစားအမျိုးမျိုးမှ ရွေးချယ်ပါ။ မှန်ကန်သော စာလုံးကို သင်ရိုက်ထည့်ထားကြောင်း သေချာနိုင်စေရန်နှင့် ဗီဒီယို (ထောက်ပံ့ထားသော ဗီဒီယိုများအတွက်သာ) တွင် ဖြစ်ပျက်နေသည့် အရာများကို ရှင်းပြသည့် အသံဖော်ပြချက်ကို ဖွင့်နိုင်စေရန်အလို့ငှာ သင်၏ တက်ဘလက်အား ကီးဘုတ် ထည့်သွင်းမှုကို ဖတ်မှတ်စေနိုင်ပါသည်။
သင်၏ သုံးခွင့်ရမှု ခလုတ်ကို အလွယ်တကူ တည်းဖြတ်ပါ
ခလုတ်ကို အသုံးပြု၍ သင်ဝင်ရောက်နိုင်သော အင်္ဂါရပ်များကို လျင်မြန်စွာ ပြောင်းလဲရန် သုံးခွင့်ရမှု ခလုတ်ကို နှိပ်ပြီး ဖိထားပါ။
ထောင့်လုပ်ဆောင်ချက်များအတွက် ရနိုင်သောလုပ်ဆောင်ချက်အသစ်များ
သင်သည် မောက်စ် သို့မဟုတ် ရွှေ့ပြားကို အသုံးပြုနေပါက၊ သင်သည် မောက်စ်ညွှန်တံကို စခရင်၏ ထောင့် 4 ထောင့်မှ တစ်ခုသို့ ရွှေ့သည့်အခါ လုပ်ဆောင်ချက်များ အသစ်များ ရနိုင်သည်။ ယခု သင်သည် နှိပ်ပြီး ဖိထားနိုင်သည်၊ ဆွဲယူ သို့မဟုတ် ဆွဲချနိုင်သည်။
နောက်ထပ်ပြောင်းလဲမှုများ
အချိန်မှတ်စက်များစွာကို တစ်ပြိုင်နက် အသုံးပြုပါ
အခြား အချိန်မှတ်စက်က လုပ်ဆောင်နေသေးပင်လျှင် သင်သည် ယခု အချိန်မှတ်စက်အသစ်ကို Clock အက်ပ်တွင် စတင်နိုင်ပါပြီ။
ပြက္ခဒိန် အထူးအခါသမယ ဖိတ်ကြားသူများအပေါ် ပိုမိုထိန်းချုပ်နိုင်သည်
Samsung Calendar အက်ပ်တွင် သင်၏ Google ပြက္ခဒိန်တွင် အစီအစဉ်တစ်ခုကို သင်ထည့်သွင်းသောအခါ၊ ဖိတ်ကြားသူများသည် ပွဲသို့ ဖိတ်ကြားခံရသူများကို အခြားမည်သူ့ကို ဖိတ်ကြားထားသည်ကို ကြည့်ရှုခွင့်ရှိမရှိကို သင်ရွေးချယ်နိုင်ပြီး အခြားသူများကို ဖိတ်ကြားနိုင်သည်ကိုလည်း ရွေးချယ်နိုင်ပါသည်။
သင့်အထူးအခါသမယများသို့ ဗီဒီယိုကွန်ဖရင့်များ ထည့်ပါ
Samsung Calendar အက်ပ်တွင် Google ပြက္ခဒိန်အထူးအခါသမယတစ်ခု ဖန်တီးသောအခါ၊ ဗီဒီယိုကွန်ဖရင့်တစ်ခုကို သင်တစ်ချိန်တည်းတွင် သတ်မှတ်နိုင်သည်။ သင့်အစီအစဉ်သို့ ဖိတ်ကြားထားသူတိုင်းသည် ဗီဒီယိုကွန်ဖရင့်သို့ လင့်ခ်ကို လက်ခံရရှိပါမည်။
သင့် Google ပြက္ခဒိန်တွင် စတစ်ကာများထည့်ပါ
၎င်းတို့ကို တစ်ချက်ထဲမြင်ရလွယ်ကူစေရန် Samsung Calendar အက်ပ်ရှိ Google ပြက္ခဒိန်အထူးအခါသမယများသို့ စတစ်ကာများထည့်ပါ။ စတစ်ကာများကို ပြက္ခဒိန်နှင့် အစီအစဉ်မြင်ကွင်းနှစ်ခုစလုံးတွင် ပြသထားသည်။
ယနေ့ ကျရောက်မည့် အသိပေးချက်များကို ထိပ်တွင်ထားပါ
ယနေ့ အမျိုးအစားအသစ်သည် ယနေ့အတွက် အသိပေးချက်များကိုသာ ပြသသည်။ အသိပေးချက်အက်ပ်ရှိ ပင်မစခရင်၏ထိပ်တွင် ယနေ့အတွက် အသိပေးချက်များကိုလည်း စစ်ဆေးနိုင်သည်။
ပြီးသွားသော အသိပေးချက်များကို ပြခြင်းနှင့် ဝှက်ခြင်း
သင်သည် မည်သည့်အမျိုးအစားတွင်မဆို ပြီးစီးသွားသောအသိပေးချက်များကို ပြနိုင် သို့မဟုတ် ဝှက်နိုင်သည်။ သင်လုပ်ဆောင်ပြီးသည်များကို ကြည့်ရန် ပြသရန် သို့မဟုတ် သင်ပြီးဆုံးရန် လိုအပ်နေသေးသည့်အရာများကို အာရုံစိုက်နေစေရန် ဝှက်ထားပါ။
ဖိုင်တွဲများကြား စာညှပ်များကို ပွတ်ဆွဲပြီးချပါ
Samsung Internet စာညှပ်များကို ဖိုင်တွဲများကြား ပွတ်ဆွဲပြီးချခြင်းဖြင့် စနစ်တကျထားရှိပါ။
ကျွန်ုပ်၏ ဖိုင်များတွင် ပိုအားကောင်းသော ရှာဖွေမှု
လက်ရှိ ဖိုင်တွဲတွင် ဖိုင်အားလုံး သို့မဟုတ် ဖိုင်အချို့ကိုသာ ရှာဖွေရန် ရွေးချယ်ပါ။ စာရွက်စာတမ်းများရှိ စာသား သို့မဟုတ် ပုံများရှိ တည်နေရာ အချက်အလက်များကဲ့သို့ ဖိုင်များအတွင်းရှိ ဖိုင်အမည်များကိုသာ ရှာဖွေခြင်း သို့မဟုတ် အချက်အလက်များကိုသာ ရှာဖွေခြင်းကြားလည်း သင်ရွေးချယ်နိုင်ပါသည်။ သင်၏ ရှာဖွေမှု ပြီးစီးသောအခါ အမည်၊ ရက်စွဲ၊ အရွယ်အစား သို့မဟုတ် ဖိုင်အရွယ်အစားဖြင့် ရလဒ်များကို သင်ခွဲစီနိုင်ပါသည်။
ဒီဇိုင်းပြန်လုပ်ထားသော ဒစ်ဂျစ်တယ်ကျန်းမာရေး
ဒက်ရှ်ဘုတ်အသစ်သည် ပိုမိုရှင်းလင်းသော အသုံးပြုမှုအသေးစိတ်များကို ပေးဆောင်ပြီး အက်ပ်တိုင်မာများနှင့် ဖုန်းသုံးစွဲချိန် မှတ်တမ်းများကဲ့သို့သော သင်လိုအပ်သည့် အင်္ဂါရပ်များကို ဝင်ရောက်ကြည့်ရှုရန် ပိုမိုလွယ်ကူစေသည်။
အရေးပေါ်အခြေအနေတွင် အကူအညီရယူပါ
သင်စကားမပြောနိုင်လျှင် အရေးပေါ်ဝန်ဆောင်မှုများသို့ ဖုန်းခေါ်ဆိုရန် ဘေးခလုတ်ကို 5 ကြိမ် အမြန်နှိပ်ပါ။
Apps edge အကန့်တွင် အက်ပ် အမည်များကို ပြသပါ
အက်ပ် အမည်များက အက်ပ် အိုင်ကွန်များအောက်တွင် ပေါ်လာစေရန် အက်ပ် အမည်များ ပြသမည်ကို ဖွင့်ပါ။
တည်ဆောက်နံပါတ် : T220XXS1BVJ1
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2022-10-24
လုံခြုံရေးကုစားမှု အဆင့် : 2022-10-01
· သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU1BVGB
အန်ဒရွိုက်ဒ်ပုံစံ : S(Android 12)
ထုတ်သည့် နေ့စွဲ : 2022-08-26
လုံခြုံရေးကုစားမှု အဆင့် : 2022-07-01
One UI 4.1 အဆင့်မြှင့်ခြင်း (အန်းဒရွိုက် 12)
One UI 4.1 သည် သင်၏ Galaxy ကိရိယာများအတွက် အင်္ဂါရပ်အသစ်များနှင့် မြှင့်တင်မှုများကို များပြားသော အခင်းအကျင်းအမျိုးမျိုးဖြင့် သင့်ထံယူဆောင်လာပါသည်။ ယခင်ကထက် အလိုလိုပိုသိတတ်လာသည်၊ ပိုပျော်စရာကောင်းလာသည်၊ ပိုမိုလုံ့ခြုံမှုရှိလာပြီး၊ သုံးရပိုလွယ်ကူလာသည်။
အရောင်စပ်အကွက်
သင့်နောက်ခံပုံပေါ် မူတည်၍ သီးသန့် အရောင်များဖြင့် သင့်တက်ဘလက်ကို စိတ်ကြိုက်ပြုလုပ်ပါ။ သင့်အရောင်များကို သင့်တက်ဘလက်တစ်လျှောက်ရှိ မီနူးများ၊ ခလုတ်များ၊ နောက်ခံများနှင့် အက်ပ်များတွင် အသုံးပြုသွားပါမည်။
ကိုယ်ရေးလုံခြုံမှု
ကြည့်ရမည့် ခွင့်ပြုချက်အချက်အလက်
အက်ပ်တစ်ခုစီက ခွင့်ပြုချက် အသုံးပြုမှုတွင် တည်နေရာ၊ ကင်မရာ သို့မဟုတ် မိုက်ခရိုဖုန်းကဲ့သို့ ထိခိုက်လွယ်သော ခွင့်ပြုချက်များကို သုံးစွဲချိန်ကို ကြည့်လိုက်ပါ။
ဆမ်ဆောင်း ကီးဘုတ်
GIF များ၊ အီမိုဂျီများနှင့် စတစ်ကာများသို့  စတစ်ကာများကို အမြန် ဝင်ရောက်သုံးစွဲခွင့်
သင့်အီမိုဂျီများ၊ GIF များနှင့် စတစ်ကာများကို ခလုတ်တစ်ခုတည်းဖြင့် ကီးဘုတ်မှ တိုက်ရိုက် ရယူပါ။
သရုပ်ဖော်ထားသော အီမိုဂျီ အတွဲများ
အီမိုဂျီနှစ်ခုကို အတူတကွ ပေါင်းစပ်ထားပါ၊ ထို့နောက် သင့်ခံစားချက်များကို အမှန်တကယ် ရရှိဖို့ သရုပ်ဖော်မှုကို ထည့်ပါ။
နောက်ထပ် ကျယ်ပြန့်စွာ ရရှိနိုင်သည့် ကီးဘုတ် ရွေးချယ်စရာများ
ကီးဘုတ် အပြင်အဆင်များ၊ ထည့်သွင်းမှု နည်းလမ်းများနှင့် အထူး ဘာသာစကားများအတွက် လုပ်ဆောင်ချက်များအား ယခု နောက်ထပ် ဒေသများတွင် ရရှိနိုင်ပြီဖြစ်သဖြင့် သင်ဘယ်နေရာရောက်ရောက် အလွယ်တကူ စာရိုက်နိုင်ပါပြီ။ သတ်မှတ်ချက်များတွင် ယခင် ပုံစံများသို့ အမြဲ ပြန်ပြောင်းနိုင်ပါသည်။
ပင်မ ဖန်သားပြင်
ဝဒ်ဂျက် ဒီဇိုင်း အသစ်
တစ်ချက်လေးကြည့်ရုံဖြင့် မြင်နိုင်သည့် အချက်အလက်နှင့် ပို၍ တစ်သတ်မတ်တည်းရှိသည့် စတိုင်ဖြင့် ဝဒ်ဂျက်ကို ယခင်ကထက် ပိုကြည့်ကောင်းလာပါသည်။
ပိုလွယ်ကူသော ဝဒ်ဂျက် ရွေးချယ်မှု
အက်ပ်တစ်ခုစီမှ ရနိုင်သည့် အရာများကို မြင်တွေ့ရန် ဝဒ်ဂျက် စာရင်းမှတဆင့် လှိမ့်ဆွဲနိုင်ပါသည်။ စမ်းကြည့်ရန် အသုံးဝင်သော ဝဒ်ဂျက်များအတွက်လည်း အကြံပြုချက်များ ရရှိပါမည်။
သော့ပိတ် ဖန်သားပြင်
သင်အလိုရှိသည့်နေရာကို နားထောင်ပါ
သော့ပိတ် ဖန်သားပြင်မှ ထွက်ပေါ်လာသော အသံများကို နားကြပ်များမှ သင့်တက်ဘလက်စပီကာများသို့ ကူးပြောင်းပါ။
အသံဖမ်းခြင်း
သင့်တက်ဘလက်ကို သော့ဖွင့်စရာမလိုဘဲ အသံမီမိုကို မှတ်တမ်းတင်ပါ။
ပြက္ခဒိန်နှင့် ချက်ချင်း လုပ်ငန်းအစီအစဉ်
သော့ပိတ် ဖန်သားပြင်ပေါ်ရှိ ကျန်ရှိလအတွက် သင့်ပြက္ခဒိန်နှင့်အတူ ယနေ့ လုပ်ငန်းအစီအစဉ်ကို စစ်ဆေးပါ။
ကင်မရာ
ပိုမိုကြည့်လင်သော ချုံ့ချဲ့ ပမာဏများ
မှန်ဘီလူး သင်္ကေတသည် ပုံကြီးချဲ့ပမာဏကို ပြသသောကြောင့် သင်ဘယ်လောက် ဇူးမ်ချဲ့ထားသလဲကို သင်မြင်နိုင်ပါသည်။
ဗီဒီယိုအမြန် ရိုက်ကူးမှု
ဓာတ်ပုံ အနေအထားတွင်၊ ဗီဒီယိုအမြန် ရိုက်ကူးမှုကို စတင်ရန် ရှတ္တာ ခလုတ်ကို ထိနှိပ်ထားနိုင်ပါသည်၊ ထို့နောက် ရှတ္တာကို ထိနှိပ်ထားစရာမလိုဘဲ ဆက်လက် ရိုက်ကူးရန် သော့ သင်္ကေတဆီသို့ သင့်လက်ချောင်းကို ဆွဲသွားနိုင်ပါသည်။
ပြခန်း
တိုးမြှင့်ထားသော ဇာတ်ကြောင်းများ
အလိုအလျောက်ဖန်တီးထားသော ဟိုက်လိုက် ဗီဒီယိုများကို အကြောင်းအရာ တစ်ခုချင်းစီထိပ်တွင် ပြကွက်ကို နှိပ်ရုံဖြင့် ကြည့်နိုင်သည်။ သင့်ဇာတ်ကြောင်းများတွင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည့်နေရာကို မြေပုံအသစ် ပြသမှုတွင်လည်း သင်လေ့လာကြည့်ရှုနိုင်ပါသည်။
ပိုလွယ်ကူသော အယ်လ်ဘမ်များ
အယ်လ်ဘမ်များကို ၎င်းတို့ ပုံနှင့် ဗီဒီယိုမည်မျှပါသည်အလိုက် စဉ်ပါ။ သင် အယ်လ်ဘမ်တစ်ခုကို ကြည့်သောအခါ စခရင်ထိပ်တွင် ကာဗာ ရုပ်ပုံလည်း ပေါ်နေမည်ဖြစ်သည်။
အချက်အလက်များအပေါ် ပိုများသော ထိန်းချုပ်မှု
သင့်ရုပ်ပုံများ၏ ရက်စွဲ၊ အချိန်နှင့် တည်နေရာကို အမှန်ပြင်ရန် ၎င်းတို့ကို ပြောင်းလဲပါ သို့မဟုတ် ဖယ်ရှားပါ သို့မဟုတ် သီးသန့် သိမ်းထားပါ။
ဓါတ်ပုံနှင့် ဗီဒီယို တည်းဖြတ်
အီမိုဂျီများနှင့် စတစ်ကာများ
ရှက်တတ်သော သူငယ်ချင်း၏ မျက်နှာကို ဖုံးအုပ်ရန် အီမိုဂျီတစ်ခုကို သုံးပါ သို့မဟုတ် ပျော်စရာ ဓါတ်ပုံများနှင့် ဗီဒီယိုများ ဖန်တီးရန် စတစ်ကာများ ထည့်ပါ။
ဗီဒီယို ဖြတ်ညှပ်ကပ်မှုများ
ရုပ်ပုံများ၊ ဗီဒီယိုများ သို့မဟုတ် နှစ်မျိုးစလုံးပါသည့် ပြောင်းလဲနေသော ဖြတ်ညှပ်ကပ်များ ပြုလုပ်ပါ။
အလင်းထိန်းချုပ်မှု
အလင်းချိန်ညှိခြင်း အင်္ဂါရပ်အသစ်က အမိုက်စား သွင်ပြင်ဖြစ်စေရန် အသေးစိတ်အားလုံးကို ဆွဲထုတ်ယူနိုင်အောင် ကူညီပေးပါသည်။
မူရင်းကို ဘယ်တော့မှ မဆုံးရှုံးတော့ပါ
သင့်ရုပ်ပုံများနှင့် ဗီဒီယိုများကို သိမ်းဆည်းပြီးနောက် ၎င်းတို့၏ မူလဗားရှင်းများသို့ ယခု ပြန်ပြောင်းနိုင်ပါသည် သို့မဟုတ် မူရင်းနှင့် တည်းဖြတ်ထားသော ဗားရှင်းနှစ်ခုလုံးကို သိမ်းဆည်းရန် ၎င်းတို့ကို မိတ္တူများအဖြစ် သိမ်းဆည်းနိုင်ပါသည်။
မျှဝေခြင်း
နောက်ထပ် စိတ်ကြိုက်ပြုလုပ်ခြင်း
ရှုပ်ပွနေခြင်း မဖြစ်စေရန်နှင့် သင်ပုံမှန်အသုံးပြုသည့် အက်ပ်များပေါ်သာ အာရုံစိုက်နိုင်စေရန် ပါဝင်သည့်အရာကို သင်မျှဝေသောအခါ ပေါ်လာသည့် အက်ပ်များ၏ စာရင်းကို သင်စိတ်ကြိုက်လုပ်ပါ။
ပိုလွယ်ကူသော ခရီးလမ်းညွှန်
သင်မျှဝေသောအခါ အက်ပ်များနှင့် အဆက်အသွယ်များမှတဆင့် ဆွဲရွှေ့ရန် ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။
ပြက္ခဒိန်
အမြန်ထည့် အထူးအခါသမယများ
သင့်ပြက္ခဒိန်တွင်းသို့ တစ်စုံတစ်ခုကို အမြန် ထည့်သွင်းရန် လိုအပ်ပါသလား။ ခေါင်းစဉ်တစ်ခု ထည့်ပြီးနောက် သင်ပြီးသွားပါပြီ။
အခြားအရာများဖြင့် မျှဝေပါ
သင့်ပြက္ခဒိန်များကို အခြား Galaxy အသုံးပြုသူများနှင့် မျှဝေရန် ယခု ပိုလွယ်ကူလာပါသည်။
ဖျက်ပစ်ထားသော အထူးအခါသမယများကို ပြန်လည်ရယူပါ
သင်ဖျက်ပစ်လိုက်သော အထူးအခါသမယများသည် အမှိုက်တွင် ရက် ၃၀ ရှိနေမည်ဖြစ်သည်။
Samsung Internet
ပင်မ ဖန်သားပြင်မှ ရှာဖွေပါ
ရှာဖွေမှု ဝဒ်ဂျက် အသစ်က ပင်မ ဖန်သားပြင်မှနေ၍ သင်ရှာဖွေနေသည့်အရာများကို ရှာဖွေနိုင်စေရန် ကူညီပေးပါသည်။
လျှို့ဝှက် အနေအထားဖြင့် စတင်ပါ
သင်၏ နောက်ဆုံး ဝင်ရောက်ရှာဖွေမှု အပိုင်းအတွင်း လျှို့ဝှက် အနေအထားကို သင်အသုံးပြုနေခဲ့ပါက Samsung Internet သည် လျှို့ဝှက် အနေအထားတွင် အလိုအလျောက် စတင်ပါမည်။
ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု
ဘက်ထရီနှင့် လုံခြုံရေးကို တစ်ချက်ကြည့်လိုက်ပါ
ဘက်ထရီနှင့် လုံခြုံရေး ကိစ္စရပ်များသည် ပင်မစခရင်ပေါ်တွင် ပေါ်လာမည်ဖြစ်၍ ပြဿနာများကို သင်မြန်ဆန်စွာ ဖြေရှင်းနိုင်ပါသည်။
သင့်တက်ဘလက်၏ အလုံးစုံ အခြေအနေကို နားလည်ပါ
သင့်တက်ဘလက်၏ အလုံးစုံ အခြေအနေကို အီမိုဂျီအဖြစ် ပြသ၍ ချက်ချင်း သင်နားလည်နိုင်ပါသည်။
ချွတ်ယွင်းချက်ရှာခြင်း စစ်ဆေးမှုများ
ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှုမှ Samsung Members ချွတ်ယွင်းချက်ရှာခြင်းများသို့ တန်းသွားနိုင်ပါပြီ။ သင့်တက်ဘလက်တွင် တစ်ခုခုမှားနေသည်ဟု ထင်ရပါက၊ ပြဿနာက ဘာလဲဆိုတာကို ရှာသိရန် ချွတ်ယွင်းချက်ရှာဖွေရေး စစ်ဆေးမှုများ ပြုလုပ်ကြည့်ပြီး ဖြေရှင်းရန်အတွက် အကြံပြုချက်များ ရယူပါ။
သုံးခွင့်ရမှု
သင်လိုအပ်ချိန်တွင် အမြဲတမ်း အသင့်ရှိနေပါသည်
အမြဲတမ်း ရှိနေသည့် လွင့်မျောခလုတ်ဖြင့် သုံးခွင့်ရမှု အင်္ဂါရပ်များကို ပို၍ လျင်မြန်စွာ အသုံးပြုပါ။
မောက်စ် လက်ဟန်ခြေဟန်များ
စခရင်၏ ထောင့် 4 ဘက်မှ တစ်ဖက်သို့ သင့်မောက်စ် ပွိုင်တာကို ရွှေ့ခြင်းဖြင့် လုပ်ဆောင်ချက်များကို ပို၍ လျင်မြန်စွာ ပြုလုပ်ပါ။
သင့်စခရင်ကို ချက်ချင်း ချိန်ညှိပါ
စိတ်ကြိုက် ပြသချက် မုဒ် (ပိုပြတ်သားသော သို့မဟုတ် ပိုကြီးမားသော ပြသချက်) ဖြင့် တစ်ချိန်တည်းတွင် မြင်သာမှုနှင့် အရွယ်အစားကို ချိန်ညှိပါ။
မျက်လုံးသက်သာမှု
သင့်မျက်လုံး သက်သာစေရန် ပြတ်သားစွာမြင်နိုင်မှုကိုလျော့ချခြင်း သို့မဟုတ် ဝါးခြင်းပြုလုပ်နိုင်သည်။
အထူး မှိန်သော ဖန်သားပြင်
အမှောင်ထဲတွင် စာဖတ်ခြင်းပိုမိုသက်သာစေရန် အထူးအမှိန်ကို ဖွင့်ပါ။
နောက်ထပ် အင်္ဂါရပ်များနှင့် တိုးမြှင့်မှုများ
တိုးမြှင့်ထားသော အမှောင်မုဒ်
အမှောင်မုဒ်သည် ယခု နောက်ခံပုံရိပ်များနှင့် သင်္ကေတများကို အလိုအလျောက် မှိန်စေသည်။ Samsung apps တွင် ဖော်ပြချက်များသည် ယခုအခါ အမှောင်မုဒ်ဗားရှင်းဖြင့် ပိုမှောင်သောအရောင်များရှိသည်။
ဘေးကင်းစိတ်ချရမှုနှင့် အရေးပေါ် မီနူး
သတ်မှတ်ချက်များရှိ ဘေးကင်းစိတ်ချရမှုနှင့် အရေးပေါ် မီနူးအသစ်သည် သင်၏ အရေးပေါ် အဆက်အသွယ်များနှင့် ဘေးကင်းစိတ်ချရမှု အချက်အလက်အားလုံးကို တစ်နေရာတည်းတွင် စီမံခန့်ခွဲနိုင်စေပါသည်။
သင့်မျက်လုံးများကို လမ်းပေါ်တွင်ထားပါ
သင်၏ ဒစ်ဂျစ်တယ် ကျန်းမာရေးရှိ ယာဉ်မောင်း မော်နီတာအသစ်က ယာဉ်မောင်းနေစဉ် သင့်ဖုန်းကို သင်အသုံးပြုသောအခါ ခြေရာခံနိုင်စေပါသည်။ သင့်တက်ဘလက်ကို သင်ဘယ်လောက်များများ အသုံးပြုကြောင်းနှင့် သင်အသုံးပြုသည့်အက်ပ်များနှင့် ပတ်သက်ပြီး သတင်းပေးပို့ချက်များ ရရှိပါမည်။
တစ်ကြိမ်တည်းဖြင့် သတိပေးချက်တစ်ခုကို ကျော်ရန်
အဖြစ်အပျက်တစ်ကြိမ်တည်းအတွက် သတိပေးချက်ကို ယခု သင်ပိတ်နိုင်ပါသည်။ ၎င်းကိုကျော်ပြီးသည်နှင့် အလိုအလျောက် ပြန်ပွင့်လာပါလိမ့်မည်။
စာသားများမှ ဖုန်းခေါ်ဆိုမှုများသို့ ပြောင်းပါ
လူအများ၏ အချက်အလက် အသေးစိတ်ကို ကြည့်ရန် သို့မဟုတ် အသံ သို့မဟုတ် ဗီဒီယို ခေါ်ဆိုမှုကို စတင်ရန် စကားစမြည်၏ အပေါ်ဆုံးရှိ လူတစ်ဦး၏ အမည်ကို တို့ပါ။
ဂိမ်းကို ပိုကောင်းအောင်လုပ်ထားသည့် ဝန်ဆောင်မှု
ဂိမ်းကစားခြင်း၏ အစောပိုင်း အခြေအနေများအတွင်း CPU/ GPU စွမ်းဆောင်ရည်များကို ကန့်သတ်မထားပါ။ (ကိရိယာ အပူချိန်ပေါ်မူတည်၍ စွမ်းဆောင်ရည် စီမံခန့်ခွဲမှုတစ်ခုအား ထိန်းသိမ်းထားပါလိမ့်မည်။) Game Booster တွင် “ဂိမ်းစွမ်းဆောင်မှု စီမံခန့်ခွဲရေးကို အစားထိုးပါ အနေအထား” ကို ပေးအပ်ပါလိမ့်မည်။
အချို့ အက်ပ်များသည် One UI 4.1 အဆင့်မြှင့်ပြီးမှ သီးခြား အပ်ဒိတ် ပြုလုပ်ရန်လိုအပ်ပါမည်။
တည်ဆောက်နံပါတ် : T220XXU1AVE1
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2022-05-30
လုံခြုံရေးကုစားမှု အဆင့် : 2022-05-01
• လုပ်ဆောင်ချက်များ၏ စုစုပေါင်း တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• ကိရိယာအားလုံးလုပ်ဆောင်ချက်များ တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU1AVB2
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2022-03-17
လုံခြုံရေးကုစားမှု အဆင့် : 2022-02-01
• လုပ်ဆောင်ချက်များ၏ စုစုပေါင်း တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• ကိရိယာအားလုံးလုပ်ဆောင်ချက်များ တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU1AUL2
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2022-01-01
လုံခြုံရေးကုစားမှု အဆင့် : 2021-12-01
• လုပ်ဆောင်ချက်များ၏ စုစုပေါင်း တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• ကိရိယာအားလုံးလုပ်ဆောင်ချက်များ တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU1AUJ1
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-11-07
လုံခြုံရေးကုစားမှု အဆင့် : 2021-08-01
• လုပ်ဆောင်ချက်များ၏ စုစုပေါင်း တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• ကိရိယာအားလုံးလုပ်ဆောင်ချက်များ တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။
တည်ဆောက်နံပါတ် : T220XXU1AUI3
အန်ဒရွိုက်ဒ်ပုံစံ : R(Android 11)
ထုတ်သည့် နေ့စွဲ : 2021-10-07
လုံခြုံရေးကုစားမှု အဆင့် : 2021-08-01
• လုပ်ဆောင်ချက်များ၏ စုစုပေါင်း တည်ငြိမ်မှုကို တိုးမြှင့်ထားသည်။
• ကိရိယာအားလုံးလုပ်ဆောင်ချက်များ တိုးမြှင့်ထားသည်။
• သင့်ကိရိယာ၏ လုံခြုံရေးကို ကောင်းမွန်အောင် မွမ်းမံပြီးပြီ။